သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကန္ ထုတ္ျပန္တဲ႔ ႏိုင္ငံတကာ လူ႔အခြင္႔အေရး အစီရင္ခံစာထဲက ျမန္မာအေျခအေန


(Zawgyi / Unicode)

ကန္ ထုတ္ျပန္တဲ႔ ႏိုင္ငံတကာ လူ႔အခြင္႔အေရးအစီရင္ခံစာထဲက ျမန္မာအေျခအေန
အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ အလုပ္သမားေရးရာ ဌာနက ၂၀၂၁ ခုႏွစ္ အတြက္ ႏိုင္ငံအလိုက္ လူ႔အခြင့္အေရး ဆိုင္ရာ အစီရင္ခံစာကို ဧၿပီလ ၁၂ ရက္ေန႔က ထုတ္ျပန္တာမွာ ျမန္မာႏိုင္ငံတြင္း ဆိုးရြားလွတဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကိုလည္း ေဖာ္ျပထားပါတယ္။ ရက္စက္ၾကမ္းၾကဳတ္မႈ ဆိုင္ရာ သက္ေသေတြကို ေကာက္ယူ စုေဆာင္း သံုးသပ္ၿပီး ဒီအခ်က္အလက္ေတြကို သက္ဆိုင္ရာ အဖြဲ႔အစည္းေတြ ရရွိႏိုင္ေအာင္ ေဆာင္ရြက္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Antony Blinken က အစီရင္ခံစာ ထုတ္ျပန္တဲ႔ သတင္းစာ ရွင္းလင္းပြဲမွာ အဂၤါေန႔က ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။

လူ႔အခြင့္အေရး အဖြဲ႔ေတြ အပါအ၀င္ လြတ္လပ္ၿပီး သမာသမတ္က်တဲ႔ အရင္းအျမစ္ေတြရဲ႕ အစီရင္ခံခ်က္ေတြ၊ က်ေနာ္တို႔ ကိုယ္ပိုင္ အခ်က္အလက္ ရွာေဖြမႈေတြ ပါ၀င္တဲ႔ ဌာနရဲ႕ တိက်တဲ႔ မွတ္တမ္းျပဳစုမႈ ျဖစ္ေၾကာင္း၊ ၿပီးခဲ႔တဲ႔ လ အတြင္း ျမန္မာ စစ္တပ္ဟာ ႐ိုဟင္ဂ်ာေတြ အေပၚ လူမ်ိဳးတုန္း သတ္ျဖတ္မႈနဲ႔ လူသားမ်ိဳးႏြယ္ အေပၚ ဆန္႔က်င္ က်ဴးလြန္တဲ႔ ရာဇ၀တ္မႈ က်ဴးလြန္ေၾကာင္း သူ႔ရဲ႕ ဆံုးျဖတ္ခ်က္ အတြက္လည္း ဒီမွတ္တမ္းျပဳစုမႈက အေျခခံ တခု ျဖစ္ခဲ႔ေၾကာင္း ႏိုင္ငံျခားေရး ၀န္ႀကီး Blinken က သတင္းစာ ရွင္းလင္းပြဲမွာ ထည့္သြင္း ေျပာဆိုခဲ႔ပါတယ္။

စစ္ေကာင္စီရဲ႕ လံုျခံဳေရး တပ္ဖြဲ႔ေတြက အရပ္သားေတြ၊ အက်ဥ္းသားေတြနဲ႔ တျခားသူေတြကို အာဏာသံုးၿပီး တရားဥပေဒမဲ႔ ဖမ္းဆီးမႈ သတ္ျဖတ္မႈ ဆိုင္ရာ အစီရင္ခံခ်က္ေတြ အမ်ားအျပား ရွိေၾကာင္းကို လံုျခံဳေရး တပ္ဖြဲ႔ေတြ လက္ခ်က္နဲ႔ ေသဆံုးခဲ႔ရသူမ်ား အေထာက္အထားေတြနဲ႔ တကြ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ တခ်ိဳ႕ေသာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းေတြ၊ ျပည္သူ႔ကာကြယ္ေရးတပ္ PDF အဖြဲ႔ေတြ ဒါမွမဟုတ္လည္း အဖြဲ႔၀င္ေတြဟာလည္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို က်ဴးလြန္ခဲ႔ေၾကာင္းကိုလည္း အေထာက္အထားေတြနဲ႔ အတူ အေမရိကန္ ႏိုင္ငံျခားေရး ဌာန အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကန် ထုတ်ပြန်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအစီရင်ခံစာထဲက မြန်မာအခြေအနေ


အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ဌာနက ၂၀၂၁ ခုနှစ် အတွက် နိုင်ငံအလိုက် လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာကို ဧပြီလ ၁၂ ရက်နေ့က ထုတ်ပြန်တာမှာ မြန်မာနိုင်ငံတွင်း ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ဖော်ပြထားပါတယ်။ ရက်စက်ကြမ်းကြုတ်မှု ဆိုင်ရာ သက်သေတွေကို ကောက်ယူ စုဆောင်း သုံးသပ်ပြီး ဒီအချက်အလက်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ရရှိနိုင်အောင် ဆောင်ရွက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အင်္ဂါနေ့က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေ အပါအဝင် လွတ်လပ်ပြီး သမာသမတ်ကျတဲ့ အရင်းအမြစ်တွေရဲ့ အစီရင်ခံချက်တွေ၊ ကျနော်တို့ ကိုယ်ပိုင် အချက်အလက် ရှာဖွေမှုတွေ ပါဝင်တဲ့ ဌာနရဲ့ တိကျတဲ့ မှတ်တမ်းပြုစုမှု ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ လ အတွင်း မြန်မာ စစ်တပ်ဟာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ် အပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်ကြောင်း သူ့ရဲ့ ဆုံးဖြတ်ချက် အတွက်လည်း ဒီမှတ်တမ်းပြုစုမှုက အခြေခံ တခု ဖြစ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး Blinken က သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လုံခြုံရေး တပ်ဖွဲ့တွေက အရပ်သားတွေ၊ အကျဉ်းသားတွေနဲ့ တခြားသူတွေကို အာဏာသုံးပြီး တရားဥပဒေမဲ့ ဖမ်းဆီးမှု သတ်ဖြတ်မှု ဆိုင်ရာ အစီရင်ခံချက်တွေ အများအပြား ရှိကြောင်းကို လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးခဲ့ရသူများ အထောက်အထားတွေနဲ့ တကွ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တွေ ဒါမှမဟုတ်လည်း အဖွဲ့ဝင်တွေဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ကြောင်းကိုလည်း အထောက်အထားတွေနဲ့ အတူ အမေရိကန် နိုင်ငံခြားရေး ဌာန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG