သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆီးရီးယားမွာ တာဝန္ယူခဲ့တဲ့ ႐ုရွားဗိုလ္ခ်ဳပ္ႀကီး ယူကရိန္းေရာက္ ႐ုရွားတပ္မ်ားကို ကြပ္ကဲမည္


႐ုရွားသမၼတ Vladimir Putin နဲ႔ အတူေတြ႔ရတဲ့ ဗုိလ္ခ်ဳပ္ႀကီး Alexander Dvornikov (ယာ)။ (မတ္ ၁၇၊ ၂၀၁၆)

(Zawgyi / Unicode)

ယူကရိန္းကို အျမန္သိမ္းပိုက္မယ့္ ႐ုရွားရဲ႕ အစီအစဥ္ အထမေျမာက္ဘဲ ျဖစ္ေနတဲ့အတြက္ ယူကရိန္းအေရွ႕ပိုင္းကို ဆက္ၿပီးတိုက္ခိုက္ဖို႔ တပ္မွဴးသစ္တေယာက္ကို ႐ုရွားက ခန္႔အပ္ဖို႔ ျပင္ေနပါတယ္။

အသစ္ခန္႔အပ္ဖို႔ လ်ာထားသူဟာ ဆီးရီးယားနဲ႔ တျခား စစ္မက္ျဖစ္ပြားတဲ့ ေဒသေတြမွာ အရပ္သားေတြအေပၚ ရက္ရက္စက္စက္ ႏွိမ္နင္းသူလို႔ သတ္မွတ္ခံရတဲ့ အသက္ ၆၀ အရြယ္ ဝါရင့္ ႐ုရွားဗိုလ္ခ်ဳပ္ႀကီး Alexander Dvornikov ျဖစ္ေၾကာင္း အေမရိကန္ အရာရွိေတြက တနဂၤေႏြေန႔မွာ ေျပာပါတယ္။

သူဟာ ဆီးရီးယားသမၼတ Bashar al-Assad ရဲ႕ တပ္ေတြကို ပံ့ပိုးေပးဖို႔ ၂၀၁၅ မွာ ဆီးရီးယားကို ေစလႊတ္တာ ခံခဲ့ရၿပီး အဲဒီမွာရွိတဲ့ ႐ုရွားတပ္ေတြကို တႏွစ္ၾကာ ဦးေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ဆီးရီးယားမွာ သူတာဝန္ထမ္းေဆာင္မႈအတြက္ ႐ုရွားသူရဲေကာင္းအျဖစ္ သတ္မွတ္တာ ခံခဲ့ရသလို လက္ရွိမွာေတာ့ ႐ုရွားေတာင္ပိုင္း စစ္ေဒသ တပ္မွဴးအျဖစ္ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္ပါတယ္။

ဆီးရီးယားမွာ သူတာဝန္ထမ္းေဆာင္ ကြပ္ကဲေနခ်ိန္မွာ ဆီးရီးယားသမၼတကို ျဖဳတ္ခ်ဖို႔ ႀကိဳးစားသူေတြကို ဟန္႔တားဖို႔ အရပ္သားေတြ ေနထိုင္ရာ ေနရာနဲ႔ ေဆး႐ုံေတြကို ႐ုရွားတပ္ေတြက ဗံုးႀကဲတိုက္ခိုက္တယ္လို႔ စြပ္စြဲမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။

ၿဗိတိန္အေျခစိုက္ ဆီးရီးယား လူ႔အခြင့္အေရး ေစာင့္ၾကည့္အဖြဲ႔ အႀကီးအကဲ Rami Abdulrahman ကေတာ့ ဆီးရီးယားမွာ အရပ္သားေတြ သတ္ျဖတ္ခံရမႈအတြက္ တာဝန္ရွိသူဟာ Bashar al-Assad တေယာက္တည္းမဟုတ္ဘဲ ႐ုရွားဗိုလ္ခ်ဳပ္ႀကီးကိုပါ ထည့္သြင္းသင့္တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ဆီးရီးယားမှာ တာဝန်ယူခဲ့တဲ့ ရုရှားဗိုလ်ချုပ်ကြီး ယူကရိန်းရောက် ရုရှားတပ်များကို ကွပ်ကဲမည်

ယူကရိန်းကို အမြန်သိမ်းပိုက်မယ့် ရုရှားရဲ့ အစီအစဉ် အထမမြောက်ဘဲ ဖြစ်နေတဲ့အတွက် ယူကရိန်းအရှေ့ပိုင်းကို ဆက်ပြီးတိုက်ခိုက်ဖို့ တပ်မှူးသစ်တယောက်ကို ရုရှားက ခန့်အပ်ဖို့ ပြင်နေပါတယ်။

အသစ်ခန့်အပ်ဖို့ လျာထားသူဟာ ဆီးရီးယားနဲ့ တခြား စစ်မက်ဖြစ်ပွားတဲ့ ဒေသတွေမှာ အရပ်သားတွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းသူလို့ သတ်မှတ်ခံရတဲ့ အသက် ၆၀ အရွယ် ဝါရင့် ရုရှားဗိုလ်ချုပ်ကြီး Alexander Dvornikov ဖြစ်ကြောင်း အမေရိကန် အရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

သူဟာ ဆီးရီးယားသမ္မတ Bashar al-Assad ရဲ့ တပ်တွေကို ပံ့ပိုးပေးဖို့ ၂၀၁၅ မှာ ဆီးရီးယားကို စေလွှတ်တာ ခံခဲ့ရပြီး အဲဒီမှာရှိတဲ့ ရုရှားတပ်တွေကို တနှစ်ကြာ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားမှာ သူတာဝန်ထမ်းဆောင်မှုအတွက် ရုရှားသူရဲကောင်းအဖြစ် သတ်မှတ်တာ ခံခဲ့ရသလို လက်ရှိမှာတော့ ရုရှားတောင်ပိုင်း စစ်ဒေသ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

ဆီးရီးယားမှာ သူတာဝန်ထမ်းဆောင် ကွပ်ကဲနေချိန်မှာ ဆီးရီးယားသမ္မတကို ဖြုတ်ချဖို့ ကြိုးစားသူတွေကို ဟန့်တားဖို့ အရပ်သားတွေ နေထိုင်ရာ နေရာနဲ့ ဆေးရုံတွေကို ရုရှားတပ်တွေက ဗုံးကြဲတိုက်ခိုက်တယ်လို့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အကြီးအကဲ Rami Abdulrahman ကတော့ ဆီးရီးယားမှာ အရပ်သားတွေ သတ်ဖြတ်ခံရမှုအတွက် တာဝန်ရှိသူဟာ Bashar al-Assad တယောက်တည်းမဟုတ်ဘဲ ရုရှားဗိုလ်ချုပ်ကြီးကိုပါ ထည့်သွင်းသင့်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG