သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအေရွ႕ပိုင္း အရပ္ဘက္ အေဆာက္အဦေတြ ႐ုရွားတိုက္ခိုက္


႐ုရွားတပ္ေတြ တုိက္ခုိက္မႈေၾကာင့္ ယူကရိန္းေတာင္ပုိင္း Dnipro ၿမိဳ႕ ေလဆိပ္ မီးေလာင္ေနတဲ့ျမင္ကြင္း။ (ဧၿပီ ၁၀၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားတပ္ေတြ ဝင္တိုက္ေနတဲ့ ယူကရိန္းအေရွ႕ပိုင္း Luhansk ေဒသကေန အခ်ိန္မေႏွာင္းခင္ ေဘးလြတ္ရာ ထြက္သြားၾကဖို႔ ေဒသခံအရာရွိေတြ ပန္ၾကားေနခ်ိန္မွာပဲ ႐ုရွားတပ္ေတြက တနဂၤေႏြေန႔မွာ အဲဒီေဒသက စာသင္ေက်ာင္းတေက်ာင္းနဲ႔ လူေနအေဆာက္အဦးေတြကို ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။

Severodonetsk က လူေနတိုက္ခန္းတြဲ ၃ ခု မီးေလာင္ပ်က္စီးခဲ့ရသလို အဲဒီက သက္ႀကီးေဂဟာ ၂ ခုမွာ ေနထိုင္သူေတြကိုေတာ့ ေဘးလြတ္ရာ ကယ္ထုတ္ႏိုင္ခဲ့ေၾကာင္းနဲ႔ ေသဆံုးထိခိုက္မႈေတာ့ မရွိခဲ့ဘူးလို႔ Luhansk အုပ္ခ်ဳပ္ေရးမွဴး Serihy Haidai က ေျပာပါတယ္။

ယူကရိန္းေတာင္ပိုင္းက Dnipro ၿမိဳ႕ အုပ္ခ်ဳပ္ေရးမွဴး Valentyn Reznichenko ကလည္း ႐ုရွားတပ္ေတြဟာ သူတို႔ေဒသတလႊား ပစ္မွတ္ထား တိုက္ခိုက္ေနေၾကာင္းနဲ႔ တဦး ဒဏ္ရာရခဲ့တယ္လို႔ ေျပာပါတယ္။

ေဒသခံေတြ ေဘးလြတ္ရာ ေရွာင္ေျပးႏိုင္မယ့္ လမ္းေၾကာင္းသစ္ေတြကို ယူကရိန္းအစိုးရ အရာရွိေတြနဲ႔ ရထားပို႔ေဆာင္ေရးဌာနက ေၾကညာခဲ့ပါတယ္။ ဒါေပမဲ့ အေရွ႕ပိုင္းက Kramatorsk ဘူတာမွာ ေသာၾကာေန႔က လူ ၅၂ ဦး ေသဆံုးခဲ့ရတဲ့ ႐ုရွားရဲ႕ မစ္ဇုိင္းဒံုးနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ တခ်ိဳ႕က ဒီလို ရထားလမ္းေၾကာင္းကေန ထြက္ေျပးဖို႔ ေၾကာက္ေနၾကတာပါ။

ယူကရိန္းေျမာက္ပိုင္းမွာရွိတဲ့ ၿမိဳ႕ေတာ္ Kyiv ကို ေရာက္လာတဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson နဲ႔ ယူကရိန္းသမၼတ Volodymyr Zelenskyy တို႔ဟာ ႐ုရွားေတြ ဆုတ္ခြါသြားတဲ့ ေနရာေတြကို စေနေန႔က လွည့္လည္ ၾကည့္႐ႈခဲ့ၾကပါတယ္။

႐ုရွားတပ္ေတြဟာ ယူကရိန္းအေရွ႕ပိုင္း Donbas ေဒသမွာ တိုက္ခိုက္မႈေတြ တိုးလုပ္ဖို႔ Kyiv ေဒသတဝိုက္ကေန ဆုတ္ခြါသြားတာ ျဖစ္ပါတယ္။ ယူကရိန္းသမၼတနဲ႔ ေတြ႔ဆံု ေျပာၾကားအၿပီးမွာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ယူကရိန္းအတြက္ စစ္လက္နက္ပစၥည္း အကူအညီ ထပ္တိုးေပးခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ယူကရိန်းအရှေ့ပိုင်း အရပ်ဘက် အဆောက်အဦတွေ ရုရှားတိုက်ခိုက်

ရုရှားတပ်တွေ ဝင်တိုက်နေတဲ့ ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသကနေ အချိန်မနှောင်းခင် ဘေးလွတ်ရာ ထွက်သွားကြဖို့ ဒေသခံအရာရှိတွေ ပန်ကြားနေချိန်မှာပဲ ရုရှားတပ်တွေက တနင်္ဂနွေနေ့မှာ အဲဒီဒေသက စာသင်ကျောင်းတကျောင်းနဲ့ လူနေအဆောက်အဦးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Severodonetsk က လူနေတိုက်ခန်းတွဲ ၃ ခု မီးလောင်ပျက်စီးခဲ့ရသလို အဲဒီက သက်ကြီးဂေဟာ ၂ ခုမှာ နေထိုင်သူတွေကိုတော့ ဘေးလွတ်ရာ ကယ်ထုတ်နိုင်ခဲ့ကြောင်းနဲ့ သေဆုံးထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ Luhansk အုပ်ချုပ်ရေးမှူး Serihy Haidai က ပြောပါတယ်။

ယူကရိန်းတောင်ပိုင်းက Dnipro မြို့ အုပ်ချုပ်ရေးမှူး Valentyn Reznichenko ကလည်း ရုရှားတပ်တွေဟာ သူတို့ဒေသတလွှား ပစ်မှတ်ထား တိုက်ခိုက်နေကြောင်းနဲ့ တဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံတွေ ဘေးလွတ်ရာ ရှောင်ပြေးနိုင်မယ့် လမ်းကြောင်းသစ်တွေကို ယူကရိန်းအစိုးရ အရာရှိတွေနဲ့ ရထားပို့ဆောင်ရေးဌာနက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အရှေ့ပိုင်းက Kramatorsk ဘူတာမှာ သောကြာနေ့က လူ ၅၂ ဦး သေဆုံးခဲ့ရတဲ့ ရုရှားရဲ့ မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တချို့က ဒီလို ရထားလမ်းကြောင်းကနေ ထွက်ပြေးဖို့ ကြောက်နေကြတာပါ။

ယူကရိန်းမြောက်ပိုင်းမှာရှိတဲ့ မြို့တော် Kyiv ကို ရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ဟာ ရုရှားတွေ ဆုတ်ခွါသွားတဲ့ နေရာတွေကို စနေနေ့က လှည့်လည် ကြည့်ရှုခဲ့ကြပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်း Donbas ဒေသမှာ တိုက်ခိုက်မှုတွေ တိုးလုပ်ဖို့ Kyiv ဒေသတဝိုက်ကနေ ဆုတ်ခွါသွားတာ ဖြစ်ပါတယ်။ ယူကရိန်းသမ္မတနဲ့ တွေ့ဆုံ ပြောကြားအပြီးမှာ ဗြိတိန်ဝန်ကြီးချုပ်က ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်း အကူအညီ ထပ်တိုးပေးခဲ့တာပါ။

XS
SM
MD
LG