သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီအန်နန်မင် နှစ်ပတ်လည်နေ့ ကန်နိုင်ငံခြားရေးဝန်ကြီးဂုဏ်ပြု


Secretary of State Antony Blinken
Secretary of State Antony Blinken

လွန်ခဲ့တဲ့ (၃၃) နှစ်တုန်းက တရုတ်နိုင်ငံ တီအန်နန်ပင်ရင်ပြင် (Tiananmen Square) မှာ တရုတ်တပ်ဖွဲ့တွေရဲ နှိပ်ကွပ်မှုခံခဲ့ရတဲ့ ဒီမိုကရေစီရေး လိုလားတတ်ကြွတဲ့ ဆန္ဒပြကျောင်းသားတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဂုဏ်ပြုတဲ့ ကြေညာချက် သောကြာနေ့က ထုတ်ပြန်ပါတယ်။ သတ္တိပြောင်မြောက်တဲ့ ဒီလူတွေကို မေ့ထားလို့မရပါဘူးလို့ ကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို တောင်းဆိုတဲ့ ၁၉၈၉ ခုနှစ် ငြိမ်းချမ်းစွာလှုပ်ရှားမှုကို စစ်သားတွေကို ရက်ရက်စက်စက် ဖြိုခွဲခဲ့တာပါ။ ၁၉၈၉ ခုနှစ် တီအန်အန်မင်အရေးအခင်းမှာ ထိခိုက်နစ်နာသူအတွက် နှစ်စဉ်ဆုတောင်းပွဲ လုပ်နေကြတဲ့ ဟောင်ကောင်က ပန်းခြံတခုကိုလည်း အာဏာပိုင်တွေက ပိတ်ထားခဲ့ပါတယ်။ ကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် လှုပ်ရှားရုန်းကန်မှုတွေဟာ အခု ဟောင်ကောင်မှာ ဆက်ပြီးထင်ဟပ်နေပြန်ပြီလို့ ပြောပါတယ်။ တီအန်နန်မင်ရင်ပြင် အစုအပြုံလိုက်သတ်ခံရမှုကို အောက်မေ့တဲ့ နှစ်စဉ်ဆုတောင်းပွဲကို တရုတ်နဲ့ဟောင်ကောင် အာဏာပိုင်တွေက ပိတ်ပင်တာကို ရည်ညွှန်းပြောဆိုပါတယ်။

ဟောင်ကောင်၊ ရှင်ကျန်းနဲ့ တိဗက်ဒေသအပါအဝင် နေရာအနှံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တရုတ်နိုင်ငံအနေနဲ့ တာဝန်ယူ တာဝန်ခံမှု ရှိလာစေဖို့ ဆက်ပြီးပြောဆိုသွားမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောပါတယ်။ တရုတ်ပြည်သူတွေအတွက်ရော၊ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ရပ်တည်တိုက်ပွဲဝင်ကြသူတွေအတွက်ပါ ဒီ ဇွန် (၄) ရက်ကို မေ့ထားမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံတွင်းမှာတော့ အခုလို တီအန်နန်မင်အရေးအခင်း နှစ်ပတ်လည် လုပ်တာမျိုးတွေကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားတာပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်းရခဲ့တဲ့ ဟောင်ကောင်မှာတော့ တချိန်က ဒီလို အမှတ်တရလုပ်တာမျိုးတွေ တစုံတရာ လုပ်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လဲ လွန်ခဲ့တဲ့နှစ်နှစ်မှာ တရုတ်အစိုးရက ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေ ပြဌာန်းပြီးနောက် အခုလို ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ လုပ်ခွင့်မရတော့ပါဘူး။

အခုနှစ်ကျရောက်တဲ့ ဇွန်လ (၄) ရက်နေ့ တီအန်နန်မင်နှစ်ပတ်လည် အခမ်းအနားတွေကို တကမ္ဘာလုံး နေရာအတော်များများမှာ ဆုတောင်းပွဲတွေ လုပ်ကြမှာပါ။ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးကလည်း ကမ္ဘာ့မြို့ကြီး (၂၀) မှာ အထိမ်းအမှတ် အခမ်းအနားတွေ လုပ်ဖို့ရှိပြီး၊ ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားသူတွေအတွက် သွေးစည်းမှု ပြသကြပါလိမ့်မယ်။

=== Unicode ===






XS
SM
MD
LG