သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံ ဘာသာေရးလြတ္လပ္ခြင္႔ ပိုမိုက်ဆင္း (ကန္အစီရင္ခံစာ)


အေမရိကန္က ဇြန္လ(၂)ရက္ေန႔ ထုတ္ျပန္တဲ့ ၂၀၂၁ ခုႏွစ္ ႏုိင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာ

[[ ZAWGYI / UNICODE ]]

စစ္အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံ ဘာသာေရးလြတ္လပ္ခြင္႔ ပိုမိုက်ဆင္း (ကန္အစီရင္ခံစာ)

ျမန္မာႏိုင္ငံရဲ႕ ဘာသာေရးလြတ္လပ္ခြင့္ဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ပိုၿပီး က်ဆင္းသြားတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ၂၀၂၁ ခုႏွစ္ ႏုိင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာမွာ ေဖၚျပလိုက္ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံကို CPC ေခၚ အထူး စုိးရိမ္ဖြယ္ေကာင္းတဲ့ ႏိုင္ငံမ်ားစာရင္းထဲ ျပန္လည္ ထည့္သြင္း ေဖၚျပလုိက္ပါတယ္။ ဒီ အစီရင္ခံစာနဲ႔ ပတ္သက္ၿပီး ကိုဉာဏ္ဝင္းေအာင္က ေကာက္ႏႈတ္တင္ျပ ထားပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဇြန္လ(၂)ရက္ ၾကာသပေတးေန႔မွာ ထုတ္ျပန္လိုက္တဲ့ ၂၀၂၁ ခုႏွစ္အတြက္ ႏုိင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာဟာ ကုလသမဂၢအဖြဲ႔အစည္းေတြ၊ ႏုိင္ငံတကာ NGO နဲ႔ တသီးပုဂၢလိကအဖြဲ႔ေတြ ၊ ႏိုင္ငံတကာနဲ႔ ေဒသတြင္း သတင္းမီဒီယာေတြက ေဖၚျပခ်က္ေတြကို စနစ္တက် စုေဆာင္းေလ့လာၿပီး ထုတ္ျပန္ထားတာလို႔ အစီရင္ခံစာက ဆိုပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ေတာ့ ၂၀၀၈ အေျခခံဥပေဒထဲမွာ ႏိုင္ငံသားတိုင္း လြတ္လပ္စြာ ကုိးကြယ္ခြင့္ ရွိတယ္လို႔ ေဖၚျပထားပေမဲ့ ၊ အျခား ကန္႔သတ္ခ်က္ေတြနဲ႔ ျပန္လည္ ထိန္းေက်ာင္း ထားတာေတြ႔ရတယ္လို႔ အစီရင္ခံစာမွာ ေရးပါတယ္။

အထူးသျဖင့္ တုိင္းရင္းသားေဒသေတြမွာ လူမ်ဳိးေရးနဲ႔ ဘာသာေရးဟာ ခဲြျခားမရပဲ ဒြန္တြဲ ေနၿပီး ၊ စစစ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ေဖေဖၚဝါရီလကစလို႔ ဗုဒၶဘာသာဝင္ နည္းပါးတဲ့ တိုင္းရင္းသား ေဒသေတြမွာ စစ္တပ္က ဘာသာေရး ဘုရားေက်ာင္းေတြကို ပစ္ခတ္ဖ်က္ဆီးတာ၊ ဘာသာေရးေခါင္းေဆာင္ တခ်ဳိ႕ကုိ သတ္ပစ္တာေတြရွိခဲ့တယ္လို႔ အခ်ိန္ကာလ အပိုင္းအျခားအလိုက္ ေဖၚျပထားပါတယ္။

ႏိုင္ငံတခုမွာ ဘာသာေရးလြတ္လပ္ခြင့္ ဘယ္ေလာက္ထိ အေရးႀကီးသလဲဆိုတာကို အစီရင္ခံစာ ထုတ္ျပန္ပြဲ ေန႔မွာပဲ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ခုလို ေျပာသြားပါတယ္။

" ဘာသာေရး လြတ္လပ္ခြင့္ကို ေလးစား အသိအမွတ္ျပဳတယ္ဆိုတာက အေျခခံအက်ဆုံးေသာ လူ႔အခြင့္အေရး ျဖစ္တဲ့အျပင္၊ ႏိုင္ငံျခားေရး မူဝါဒခ်မွတ္ရာမွာလည္း ဦးစားေပး အေလးထားရမယ္လို႔ ျမင္ပါတယ္။ လူတစ္ဦးခ်င္းစီမွာ ကိုးကြယ္ခြင့္ မကိုးကြယ္ခြင့္ လြတ္လပ္စြာ ေရြးခ်ယ္ႏိုင္တဲ့ အေျခခံအခြင့္အေရးေတြ ရွိမယ္ဆုိရင္ ၊ အဲဒီ တစ္ဦးခ်င္းစီကေန သူတို႔ရဲ႕ လူ႔အဖြဲ႔အစည္း တခုလုံးကုိ ပုိေကာင္းလာေစမယ္ဆိုတာ က်ေနာ္တို႔ ယုံၾကည္ထားပါတယ္။ ဒါေပမဲ့ တဖက္မွာ အစိုးရေတြက ဒီအေျခခံအခြင့္အေရးကို ျငင္းပယ္လိုက္ရင္ေတာ့ တင္းမာမႈ ၊ မတည္ၿငိမ္မႈနဲ႔ ပဋိပကၡေတြဖက္ကို ဦးတည္သြားမွာပါ။ "

၂၀၂၁ ခုႏွစ္ ႏုိင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာထဲမွာေတာ့ - စစ္အာဏာ သိမ္းၿပီးေနာက္ မႏွစ္ ဧၿပီလထဲ ရန္ကုန္က ဗလီတခုမွာ မူဆလင္ ဘာသာေရးဆရာတဦးကို အမ်ဳိးသမီးဝတ္စုံဝတ္၊ ႏႈတ္ခမ္းနီဆိုးၿပီး ႀကဳိးဆဲြခ် သတ္ခဲ့တဲ့ျဖစ္ရပ္၊ ေမလထဲ စစ္ေကာင္စီတပ္ေတြက ဗုံးၾကဲ တိုက္ခုိက္မႈေၾကာင့္ ကယားျပည္နယ္ ဒီေမာဆိုၿမဳိ႕က Saint Joseph ခရစ္ယာန္ဘုရားေက်ာင္း ပ်က္စီးသြားတဲ့ျဖစ္ရပ္၊ စက္တင္ဘာလထဲ ခ်င္းျပည္နယ္မွာ စစ္တပ္ရဲ႕အေျမႇာက္က်ည္က်လုိ႔ မီးေလာင္တာကို ၿငိမ္းသတ္ဖို႔ႀကဳိးစားေနတဲ့ ခ်င္းတုိင္းရင္းသား ခရစ္ယာန္သင္းအုပ္ဆရာတဦးကို ပစ္သတ္ခဲ့တဲ့ ျဖစ္ရပ္၊ စက္တင္ဘာလထဲမွာပဲ ရုိဟင္ဂ်ာ (၃၀)ကို စာရြက္စာတမ္း အေထာက္အထားမဲ့လို႔ဆုိၿပီး ဖမ္းဆီး ေထာင္ဒဏ္(၂)ႏွစ္ခ်ခဲ့တဲ့ကိစၥ .. စတာေတြကို တန္းစီ ေဖၚျပထားပါတယ္။

ျမန္မာစစ္တပ္ဟာ ၂၀၁၇ ခုႏွစ္တုန္းကလည္း ရခိုင္ျပည္နယ္ ေျမာက္ပုိင္းမွာ ရုိဟင္ဂ်ာမူဆလင္ဘာသာဝင္ေတြအေပၚ ခဲြျခားဆက္ဆံ ရက္စက္ခဲ့တဲ့ သာဓကေတြ ရွိခဲ့တယ္လို႔ ဝန္ႀကီး Blinken က ေထာက္ျပပါတယ္။

" ျမန္မာစစ္တပ္က ၂၀၁၇ ခုႏွစ္ထဲ ႐ိုဟင္ဂ်ာ မူဆလင္ေတြကို ဖ်က္ဆီးလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ လူမ်ိဳးတုံး သတ္ျဖတ္မႈနဲ႔ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇဝတ္မူေတြ က်ဳးလြန္ခဲ့တယ္ဆိုတာ က်ေနာ္ အခိုင္အမာ ယုံၾကည္ပါတယ္။ ဗလီေတြကို တိုက္ခိုက္တာ၊ လူမ်ိဳးေရးနဲ႔ ဘာသာေရးအရ ႏွိမ့္ခ်ဆက္ဆံတာ၊ ကိုရမ္းက်မ္းစာကို ေစာ္ကားတာေတြ ေတြ႔ရပါတယ္။ "

ျမန္မာ စစ္တပ္သာမက တုိင္းရင္းသားလက္နက္ကိုင္ေတြထဲမွာ ရခုိင့္တပ္ေတာ္ AA ဆုိရင္လည္း သူတုိ႔ဒေသထဲက ခရစ္ယာန္ဘာသာေရးေခါင္းေဆာင္ေတြကို အဓမၼ စစ္သင္တန္း တက္ခိုင္းတာ၊ အခေငြေၾကး မေပးပဲ အလုပ္ခိုင္းေစတာေတြ ရွိတယ္လို႔လည္း အေမရိကန္ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

ဘာသာေရးလြတ္လပ္ခြင့္ ဆုံးရႈံးရတဲ့ အေျခအေနနဲ႔ ပတ္သက္လုိ႔ အစီရင္ခံစာ ေရးသားရာမွာ အဓိကပါဝင္သူ အေမရိကန္ အဆင့္ျမင့္သံတမန္ျဖစ္တဲ့ Rashad Hussain က ခုလုိရွင္းျပပါတယ္။

" အစီရင္ခံစာထဲပါတဲ့ အဓိက အခ်က္ေတြကို မီးေမာင္းထိုးျပလိုပါတယ္။ ပထမကေတာ့ အစိုးရ အေတာ္မ်ားမ်ားက ဘာသာေရးအရ ခြဲျခားတဲ့ ဥပေဒေတြ က်င့္သုံးၿပီး ျပည္သူေတြကို ႏွိပ္စက္ေနတာပါ။ လူနည္းစု ဘာသာေရး အသိုင္းအဝိုင္းအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈႀကီး ၂ ခု မၾကာခင္ကပဲ က်ဳးလြန္ခဲ့တာကို ေတြ႔ရပါတယ္၊ ျမန္မာနဲ႔ တ႐ုတ္ ႏိုင္ငံမွာပါ။ ဒုတိယအခ်က္က လူမူအသိုင္းအဝိုင္းၾကား အမုန္းတရားေတြ ျမင့္တက္လာၿပီး၊ အၾကမ္းဖက္မႈနဲ႔ ပဋိပကၡေတြ ျဖစ္လာပါတယ္။ ဒါကိုအစိုးရေတြနဲ႔ ႏိုင္ငံတကာ မိတ္ဖက္ေတြေပါင္းၿပီး ႀကိဳးပမ္းေျဖရွင္းရင္ တိုးတက္မႈ ရလာႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ "

AAPP ေခၚ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းက ျပဳစုထားတဲ့ စာရင္းေတြအရ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီး ထိန္းသိမ္းခံေနရတဲ့ သံဃာေတာ္(၃၅)ပါးနဲ႔ ခရစ္ယာန္သင္းအုပ္ဆရာ (၉)ဦးရွိတယ္လို႔ ဆိုပါတယ္။

အေမရိကန္အစိုးရရဲ႕ ၂၀၂၁ ခုႏွစ္ ႏုိင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာအရ ျမန္မာႏို္င္ငံကို “Country of Particular Concern” - CPC ေခၚ အထူး စုိးရိမ္ဖြယ္ေကာင္းတဲ့ ႏိုင္ငံမ်ားစာရင္းထဲ ျပန္လည္ ထည့္သြင္းလုိက္ပါတယ္။ ယခင္ ဦးသန္းေရႊ စစ္အာဏာရွင္လက္ထက္ ၁၉၉၉ ခုႏွစ္တုန္းကလည္း ျမန္မာႏို္င္ငံကို CPC စာရင္းထဲ ထည့္သြင္းခဲ့ရာက ၂၀၁၀ ေရြးေကာက္ပဲြ ေနာက္ပိုင္း အရပ္သားအစိုးရေတြ လက္ထက္မွာ ဘာသာေရးလြတ္လပ္ခြင့္ အနည္းငယ္ တုိးတက္လာတဲ့အတြက္ အဲဒီစာရင္းကေန ဖယ္ရွားခဲ့ရာက အခုေတာ့ ျပန္လည္ ထည့္သြင္းလုိက္တာ ျဖစ္ပါတယ္ခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္

===============================

{{ UNICODE }}

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ ဘာသာရေးလွတ်လပ်ခွင့် ပိုမိုကျဆင်း (ကန်အစီရင်ခံစာ)

မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီး ကျဆင်းသွားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို CPC ခေါ် အထူး စိုးရိမ်ဖွယ်ကောင်းတဲ့ နိုင်ငံများစာရင်းထဲ ပြန်လည် ထည့်သွင်း ဖေါ်ပြလိုက်ပါတယ်။ ဒီ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က ကောက်နှုတ်တင်ပြ ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ(၂)ရက် ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ ၂၀၂၁ ခုနှစ်အတွက် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာဟာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ NGO နဲ့ တသီးပုဂ္ဂလိကအဖွဲ့တွေ ၊ နိုင်ငံတကာနဲ့ ဒေသတွင်း သတင်းမီဒီယာတွေက ဖေါ်ပြချက်တွေကို စနစ်တကျ စုဆောင်းလေ့လာပြီး ထုတ်ပြန်ထားတာလို့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ ၂၀၀၈ အခြေခံဥပဒေထဲမှာ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိတယ်လို့ ဖေါ်ပြထားပမေဲ့ ၊ အခြား ကန့်သတ်ချက်တွေနဲ့ ပြန်လည် ထိန်းကျောင်း ထားတာတွေ့ရတယ်လို့ အစီရင်ခံစာမှာ ရေးပါတယ်။

အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ လူမျိုးရေးနဲ့ ဘာသာရေးဟာ ခွဲခြားမရပဲ ဒွန်တွဲ နေပြီး ၊ စစစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီလကစလို့ ဗုဒ္ဓဘာသာဝင် နည်းပါးတဲ့ တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်က ဘာသာရေး ဘုရားကျောင်းတွေကို ပစ်ခတ်ဖျက်ဆီးတာ၊ ဘာသာရေးခေါင်းဆောင် တချို့ကို သတ်ပစ်တာတွေရှိခဲ့တယ်လို့ အချိန်ကာလ အပိုင်းအခြားအလိုက် ဖေါ်ပြထားပါတယ်။

နိုင်ငံတခုမှာ ဘာသာရေးလွတ်လပ်ခွင့် ဘယ်လောက်ထိ အရေးကြီးသလဲဆိုတာကို အစီရင်ခံစာ ထုတ်ပြန်ပွဲ နေ့မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ခုလို ပြောသွားပါတယ်။

" ဘာသာရေး လွတ်လပ်ခွင့်ကို လေးစား အသိအမှတ်ပြုတယ်ဆိုတာက အခြေခံအကျဆုံးသော လူ့အခွင့်အရေး ဖြစ်တဲ့အပြင်၊ နိုင်ငံခြားရေး မူဝါဒချမှတ်ရာမှာလည်း ဦးစားပေး အလေးထားရမယ်လို့ မြင်ပါတယ်။ လူတစ်ဦးချင်းစီမှာ ကိုးကွယ်ခွင့် မကိုးကွယ်ခွင့် လွတ်လပ်စွာ ရွေးချယ်နိုင်တဲ့ အခြေခံအခွင့်အရေးတွေ ရှိမယ်ဆိုရင် ၊ အဲဒီ တစ်ဦးချင်းစီကနေ သူတို့ရဲ့ လူ့အဖွဲ့အစည်း တခုလုံးကို ပိုကောင်းလာစေမယ်ဆိုတာ ကျနော်တို့ ယုံကြည်ထားပါတယ်။ ဒါပေမဲ့ တဖက်မှာ အစိုးရတွေက ဒီအခြေခံအခွင့်အရေးကို ငြင်းပယ်လိုက်ရင်တော့ တင်းမာမှု ၊ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေဖက်ကို ဦးတည်သွားမှာပါ။ "

၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထဲမှာတော့ - စစ်အာဏာ သိမ်းပြီးနောက် မနှစ် ဧပြီလထဲ ရန်ကုန်က ဗလီတခုမှာ မူဆလင် ဘာသာရေးဆရာတဦးကို အမျိုးသမီးဝတ်စုံဝတ်၊ နှုတ်ခမ်းနီဆိုးပြီး ကြိုးဆွဲချ သတ်ခဲ့တဲ့ဖြစ်ရပ်၊ မေလထဲ စစ်ကောင်စီတပ်တွေက ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကယားပြည်နယ် ဒီမောဆိုမြို့က Saint Joseph ခရစ်ယာန်ဘုရားကျောင်း ပျက်စီးသွားတဲ့ဖြစ်ရပ်၊ စက်တင်ဘာလထဲ ချင်းပြည်နယ်မှာ စစ်တပ်ရဲ့အမြှောက်ကျည်ကျလို့ မီးလောင်တာကို ငြိမ်းသတ်ဖို့ကြိုးစားနေတဲ့ ချင်းတိုင်းရင်းသား ခရစ်ယာန်သင်းအုပ်ဆရာတဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်၊ စက်တင်ဘာလထဲမှာပဲ ရိုဟင်ဂျာ (၃၀)ကို စာရွက်စာတမ်း အထောက်အထားမဲ့လို့ဆိုပြီး ဖမ်းဆီး ထောင်ဒဏ်(၂)နှစ်ချခဲ့တဲ့ကိစ္စ .. စတာတွေကို တန်းစီ ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာမူဆလင်ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံ ရက်စက်ခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်လို့ ဝန်ကြီး Blinken က ထောက်ပြပါတယ်။

" မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်ထဲ ရိုဟင်ဂျာ မူဆလင်တွေကို ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မူတွေ ကျုးလွန်ခဲ့တယ်ဆိုတာ ကျနော် အခိုင်အမာ ယုံကြည်ပါတယ်။ ဗလီတွေကို တိုက်ခိုက်တာ၊ လူမျိုးရေးနဲ့ ဘာသာရေးအရ နှိမ့်ချဆက်ဆံတာ၊ ကိုရမ်းကျမ်းစာကို စော်ကားတာတွေ တွေ့ရပါတယ်။ "

မြန်မာ စစ်တပ်သာမက တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ ရခိုင့်တပ်တော် AA ဆိုရင်လည်း သူတို့ဒသေထဲက ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေကို အဓမ္မ စစ်သင်တန်း တက်ခိုင်းတာ၊ အခငွေကြေး မပေးပဲ အလုပ်ခိုင်းစေတာတွေ ရှိတယ်လို့လည်း အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဘာသာရေးလွတ်လပ်ခွင့် ဆုံးရှုံးရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အစီရင်ခံစာ ရေးသားရာမှာ အဓိကပါဝင်သူ အမေရိကန် အဆင့်မြင့်သံတမန်ဖြစ်တဲ့ Rashad Hussain က ခုလိုရှင်းပြပါတယ်။

" အစီရင်ခံစာထဲပါတဲ့ အဓိက အချက်တွေကို မီးမောင်းထိုးပြလိုပါတယ်။ ပထမကတော့ အစိုးရ အတော်များများက ဘာသာရေးအရ ခွဲခြားတဲ့ ဥပဒေတွေ ကျင့်သုံးပြီး ပြည်သူတွေကို နှိပ်စက်နေတာပါ။ လူနည်းစု ဘာသာရေး အသိုင်းအဝိုင်းအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကြီး ၂ ခု မကြာခင်ကပဲ ကျုးလွန်ခဲ့တာကို တွေ့ရပါတယ်၊ မြန်မာနဲ့ တရုတ် နိုင်ငံမှာပါ။ ဒုတိယအချက်က လူမူအသိုင်းအဝိုင်းကြား အမုန်းတရားတွေ မြင့်တက်လာပြီး၊ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ ဖြစ်လာပါတယ်။ ဒါကိုအစိုးရတွေနဲ့ နိုင်ငံတကာ မိတ်ဖက်တွေပေါင်းပြီး ကြိုးပမ်းဖြေရှင်းရင် တိုးတက်မှု ရလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ "

AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ သံဃာတော်(၃၅)ပါးနဲ့ ခရစ်ယာန်သင်းအုပ်ဆရာ (၉)ဦးရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ ၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာအရ မြန်မာနိုင်ငံကို “Country of Particular Concern” - CPC ခေါ် အထူး စိုးရိမ်ဖွယ်ကောင်းတဲ့ နိုင်ငံများစာရင်းထဲ ပြန်လည် ထည့်သွင်းလိုက်ပါတယ်။ ယခင် ဦးသန်းရွှေ စစ်အာဏာရှင်လက်ထက် ၁၉၉၉ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံကို CPC စာရင်းထဲ ထည့်သွင်းခဲ့ရာက ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း အရပ်သားအစိုးရတွေ လက်ထက်မှာ ဘာသာရေးလွတ်လပ်ခွင့် အနည်းငယ် တိုးတက်လာတဲ့အတွက် အဲဒီစာရင်းကနေ ဖယ်ရှားခဲ့ရာက အခုတော့ ပြန်လည် ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG