သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါ ၁၅ နိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်နိုင်ငံအဖြစ် သတ်မှတ်ဖို့ USCIRF တိုက်တွန်း


 လွိုင်ကော်မြို့ဘုရားကျောင်းတခုမှာ ယာယီခိုလှုံနေသူပြည်သူလေးဦး သေဆုံးခဲ့တဲ့ ဘုရားကျောင်းကို စစ်တပ်ကပစ်ခတ်လို့ လက်နက်ကြီးကျည်ထိမှန်ပျက်စီးမှုမြင်ကွင်း။ (မေ ၂၄၊ ၂၀၂၁)   
လွိုင်ကော်မြို့ဘုရားကျောင်းတခုမှာ ယာယီခိုလှုံနေသူပြည်သူလေးဦး သေဆုံးခဲ့တဲ့ ဘုရားကျောင်းကို စစ်တပ်ကပစ်ခတ်လို့ လက်နက်ကြီးကျည်ထိမှန်ပျက်စီးမှုမြင်ကွင်း။ (မေ ၂၄၊ ၂၀၂၁)   


[[Zawgyi/Unicode]]


မြန်မာနိုင်ငံအပါအဝင် တရုတ်၊ အီရန်၊ အာဖဂန်နစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယားနဲ့ ပါကစ္စတန် စတဲ့ နိုင်ငံ ၁၅ နိုင်ငံကို ဘာသာရေးလွတ်လပ်လပ်ခွင့်အတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေအဖြစ် ထပ်မံသတ်မှတ်ဖို့ အမေရိကန်ပြည်ထောင်စု ဘာသာရေး လွတ်လပ်မှုကော်မရှင် USCIRF က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်းထားပါတယ်။

ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၀ နိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာရဲ့ စာရင်းမှာ အရင်ကတည်းက ထည့်သွင်းပြီး သားဖြစ်ပါတယ်။ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ဆီးရီးယား၊ နိုက်ဂျီးယီးယားနဲ့ ဗီယက်နမ်စတဲ့ ၅ နိုင်ငံကို ထပ်တိုးဖို့ မနေ့က ထုတ်တဲ့ USCIRF ရဲ့ နှစ်ပတ်လည် အစီရင်ခံစာက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးလူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေ တိုးလာတာကို အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အထူးသဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် ရှမ်းနဲ့ ကယားပြည်နယ်တွေ အတွင်းက ခရစ်ယန်ဘာသာရေးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတာ၊ တရားဟောဆရာတွေ ပစ်ခတ် သတ်ဖြတ်ခံရတာတွေအပါအဝင် ဘာသာရေးဖိနှိပ်မှုတွေကို အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ သူရဲ့ အုပ်ချုပ်မှု တရားဝင်အဖြစ် တိုးပြီး အသိအမှတ်ပြုခံရအောင် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေနဲ့ အနီးကပ် ပူးပေါင်းနေတယ်လို့ အစီရင်ခံစာက ရေးပါတယ်။

တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရဟန်းသံဃာတွေကိုလည်း ဖမ်းဆီးထောင်ချတာတွေ လုပ်နေတယ်လို့ ဖေါ်ပြပါတယ်။ တချိန်တည်းမှာ မြန်မာစစ်ကောင်စီက နာမည်ကို အသိအမှတ်ပြုဖို့ ငြင်းဆိုနေတဲ့ ရိုဟင် ဂျာ မူဆလင်တွေ အပေါ် ဖိနှိပ်မှုတွေကို ဖေါ်ပြသလို ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အောင်မြင်အောင် မဆောင်ရွက်နိုင်သေးတာကို အစီရင်ခံစာက ဝေဖန်ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

===========


[[Unicode]]



===========

XS
SM
MD
LG