သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားတွေအပေါ် စစ်ကောင်စီ သိမ်းကျုံး တိုက်ခိုက်နေကြောင်း Amnesty အစီရင်ခံစာထုတ်ပြန်


(Zawgyi/ Unicode)

မြန်မာ စစ်အာဏာပိုင်တွေဟာ လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ အပါအဝင် အရပ်သားတွေ အပေါ် သိမ်းကျုံးပြီး ဒဏ်ခတ်တဲ့ လုပ်ရပ်မျိုးတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျုးလွန်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Amnesty International က စွပ်စွဲလိုက်ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလနဲ့ မတ်လအတွင်းမှာတင် ကယားနဲ့ ကရင်ပြည်နယ်တွေမှာ စစ်တပ်က ထိုးစစ်တွေ အရှိန်မြှင့် လုပ်ဆောင်ခဲ့ပြီး ခရစ်စမတ်နေ့ အကြိုည လူ ၃၀ ကျော်မီးရှို့ခံ ထားရတဲ့ အလောင်းတွေ အပါအဝင် အရပ်သားတွေကို ဥပဒေမဲ့ သတ်ဖြတ်တာ၊ ပစ္စည်း ဥစ္စာတွေကို လုယူဖျက်စီးတာ၊ ရွာတွေကို မီးရှို့ဖျက်စီးတာ၊ ပြည်တွင်း ဒုက္ခသည်စခန်း တွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ ဘာသာရေး အဆောက်အဦးတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ လူနေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာ စတာတွေကို ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

အခုလို မြန်မာစစ်တပ်ရဲ့ အရပ်သားတွေ အပေါ် အပြင်းအထန်တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှု အသစ်တခု ထပ်မံကျူးလွန်ရာ ရောက်သလို၊ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်ကြောင်းလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက စွပ်စွဲထားကြပေမဲ့ စစ်ကောင်စီကတော့ ငြင်းဆန်ထားပြီး အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေရဲ့ လုပ်ရပ်အဖြစ်နဲ့လည်း တန်ပြန်စွပ်စွဲလေ့ ရှိပါတယ်။

Amnesty International ကတော့ အခုလို ပစ်ခတ်တိုက်ခိုက်တာတွေ၊ အရပ်သားတွေကို သတ်ဖြတ်တာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ရွားသားတွေရဲ့ ပြောပြချက်တွေကို သုတေသနလုပ်သူတွေက မှတ်တမ်း ပြုစုထားတယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG