သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာင္ နယ္ေျမရွင္းလင္းေရး ၁၆ ရြာ မီးေလာင္ကၽြမ္း


စစ္ကိုင္းတိုင္း ျမင္းျခံၿမိဳ႕နယ္ ဘင္ ေက်းရြာ မီးရိႈ႕ခံရပံု ေကာင္းကင္ ျမင္ကြင္း။ ေဖေဖာ္ဝါရီလ ၃၊ ၂၀၂၂။ ဓာတ္ပံု Reuters/Stringer

(Zawgyi/ Unicode)

စစ္ေကာင္စီ နယ္ေျမရွင္းလင္းမႈေတြ အတြင္း ေျမာင္ၿမိဳ႕နယ္မွာ ေမလအတြင္း ေက်းရြာ ၁၆ ရြာ မီးေလာင္ကြ်မ္းခဲ့ၿပီး လူဦးေရ ၁,၅၀၀ ခန္႔ မီးေဘးသင့္ခဲ့တယ္လို႔ ေျမာင္ၿမိဳ႕နယ္ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ရဲ႕ ေကာက္ယူထားတဲ့ စာရင္းေတြအရသိရပါတယ္။ ထြက္ေျပး တိမ္းေရွာင္ေနရတဲ့ မင္းကင္းဘက္က စစ္ေဘးေရွာင္ေတြမွာလည္း အခက္အခဲေတြရွိေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္းကို ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းထဲက ေျမာင္ၿမိဳ႕နယ္မွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းေနတဲ့ ေမလအတြင္း ေက်းရြာ ၁၆ ရြာ မီးေလာင္ကြ်မ္းခဲ့ၿပီး လူဦးေရ ၁,၅၀၀ ခန္႔ မီးေဘးသင့္ခဲ့တယ္လို႔ ေျမာင္ ျပည္သူ႔ကာကြယ္ေရးနဲ႔ လံုၿခံဳေရးအဖြဲ႕က ေကာက္ယူထားတဲ့ စာရင္းေတြအရသိရတာပါ။ ေနအိမ္ေတြ မီးေလာင္ကြ်မ္းတာအျပင္ အရပ္သား ၁ ဦးလည္း ေသဆံုးခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးနဲ႔ လံုၿခံဳေရးအဖြဲ႕ တာ၀န္ရွိသူတဦးက အခုလိုေျပာပါတယ္။

“ဒီ ၅ လပိုင္းမွာက မီးရိႈ႕ခံရတဲ့ရြာက ၁၆ ရြာရွိမယ္။ အိမ္ေထာင္စုက ၄၀၀ ခန္႔ရွိမယ္။ အေဆာက္အဦးအေနနဲ႔က ၆၀၀ ခန္႔ရွိမယ္။ မိသားစု၀င္ အေရအတြက္က ၁,၅၀၀ ခန္႔ေလာက္ေတာ့ရွိမယ္။ အျပစ္မဲ့ျပည္သူ ၁ ဦး ဆံုးရံႈးတယ္။ အျပစ္မဲ့ျပည္သူ ၃ ဦး ဒဏ္ရာရတယ္။ ေနာက္ၿပီး ႏိုင္ငံပိုင္ ေဆးခန္းေတြလည္း မီးရိႈ႕ခံရတယ္။ မီးေဘးသင့္တဲ့ ျပည္သူေတြကေတာ့ ဘုန္းႀကီးေက်ာင္းမွာ ထားတယ္။ တခ်ိဳ႕က ယာယီတဲေလးေတြ ေဆာက္ေနၾကတယ္။ စားနပ္ရိကၡာ အခက္အခဲရွိတယ္။ ေနရာထိုင္ခင္း အခက္အခဲရွိတယ္။ ဥပမာ ဘုန္းႀကီးေက်ာင္းေတြမွာ ေနတယ္။ ထန္းလက္တဲေလးေတြနဲ႔ ယာယီတဲေလးေတြနဲ႔ေနတယ္။ ေလဒဏ္၊ မိုးဒဏ္နဲ႔ သူတို႔မွာ အခက္အခဲေတြရွိပါတယ္။ ”

မီးေလာင္ကြ်မ္းတဲ့ထဲမွာ ေဆးရံုေတြအျပင္ သာသနိက အေဆာက္အဦးေတြလည္း ပါ၀င္တယ္လို႔လည္း ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြက ေျပာတာပါ။ ဒီစာရင္းေတြနဲ႔ ပတ္သက္လို႔ ဗြီအိုေအကေတာ့ သီးျခား အတည္မျပဳႏိုင္သလို စစ္ေကာင္စီဘက္ကလည္း သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။ လက္ရွိအခ်ိန္မွာေတာ့ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ စစ္ေရးတင္းမာၿပီး တိုက္ပြဲေတြလည္း ရွိေနပါတယ္။

ဒါက ေျမာင္ၿမိဳ႕နယ္ထဲက အေျခအေနပါ။ စစ္ကိုင္းတိုင္းထဲကပဲ မင္းကင္းၿမိဳ႕နယ္ထဲမွာ ဆိုရင္လည္း မိုးရြာသြန္းတာေတြ ရွိေနတဲ့အတြက္ ေတာေတာင္ေတြထဲ စစ္ေဘးေရွာင္ေနရတဲ့ စစ္ေဘးဒုကၡသည္ေတြမွာ အခက္အခဲေတြရွိေနပါတယ္။ စစ္ေကာင္စီက မၾကာခဏဆိုသလို နယ္ေျမရွင္းလင္းတာေတြ လုပ္ေနတဲ့အတြက္ ေဒသခံေတြဟာ ေက်းရြာေတြထဲမွာ မေနထိုင္ေတာ့ဘဲ နီးစပ္ရာ ေတာေတာင္ေတြထဲမွာ ခိုလံႈေနရတာလည္း ျဖစ္ပါတယ္။ ေတာေတာင္ေတြထဲ စစ္ေဘးေရွာင္ေနရတဲ့ စစ္ေဘးဒုကၡသည္ တဦးက သူ႕ရဲ႕ အခက္အခဲကို အခုလိုေျပာျပပါတယ္။

“ဒုကၡသည္ အေျခအေနက မိုးရြာထဲမွာ မလံု႔တလံုနဲ႔ တခ်ိဳ႕ဆိုရင္ လံုး၀ မအိပ္ရတဲ့ အေနအထားမ်ိဳးေတြရွိတယ္။ သူက ေတာထဲမွာ ပုန္းေနၾကရတာ။ ခ်င္းတြင္းျမစ္ရိုးတေလွ်ာက္ ရြာေတြ အားလံုးျဖစ္ေနတာ။ ကြ်န္ေတာ္တို႔ဆီကေတာ့ ကြ်န္ေတာ္ေျပာသလို ေတာထဲေတာင္ထဲမွာေနရေတာ့ စားေရး ေသာက္ေရးက အဆင္မေျပဘူး။ အဆင္မေျပတာက ပစၥည္းေတြက မီးရိႈ႕ခံရ ဘာနဲ႔ဆိုေတာ့ ရွိတဲ့သူေတြက ေ၀မွ်ၿပီးေတာ့ အရိႈ႕မခံရတဲ့သူက ေပးကမ္းၿပီးမွ စားေနရေတာ့ အရိႈ႕မခံရတဲ့သူလည္း ဒုကၡျဖစ္သလို အရိႈ႕ခံရတဲ့သူေတြလည္း ဒုကၡျဖစ္ေနတယ္။”

မင္းကင္းၿမိဳ႕နယ္ထဲမွာ ေက်းရြာ ၁၂ ရြာခန္႔ မီးရိႈ႕ခဲ့ရၿပီး ေမလလ ၂၅ ရက္ ၊ ေမလ ၂၆ ရက္နဲ႔ ေမလ ၂၇ ရက္တို႔မွာ ခ်င္းတြင္းျမစ္ေဘးက အထက္ကင္းနဲ႔ ေအာက္ကင္းေက်းရြာကို စစ္ေကာင္စီတပ္ေတြ မီးရိႈ႕သြားတဲ့အတြက္ ေနအိမ္ ၃၀၀ နီးပါး ရြာလံုးကြ်တ္ မီးေလာင္ကြ်မ္းခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

မင္းကင္းၿမိဳ႕နယ္ထဲက ေက်းရြာအခ်ိဳ႕မွာ စစ္ေကာင္စီက တပ္စြဲၿပီးနယ္ေျမရွင္းလင္းတာေတြလုပ္သလို ခ်င္းတြင္းျမစ္ထဲက ျဖတ္သန္းသြားတဲ့ စစ္ေကာင္စီတပ္ေတြဟာ သေဘၤာဆိုက္ကပ္ခ်ိန္ အနီးအနား ေက်းရြာေတြကို နယ္ေျမရွင္းလင္းတာေတြရွိၿပီး ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြျဖစ္ပြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြောင် နယ်မြေရှင်းလင်းရေး ၁၆ ရွာ မီးလောင်ကျွမ်း

စစ်ကောင်စီ နယ်မြေရှင်းလင်းမှုတွေ အတွင်း မြောင်မြို့နယ်မှာ မေလအတွင်း ကျေးရွာ ၁၆ ရွာ မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁,၅၀၀ ခန့် မီးဘေးသင့်ခဲ့တယ်လို့ မြောင်မြို့နယ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရသိရပါတယ်။ ထွက်ပြေး တိမ်းရှောင်နေရတဲ့ မင်းကင်းဘက်က စစ်ဘေးရှောင်တွေမှာလည်း အခက်အခဲတွေရှိနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းထဲက မြောင်မြို့နယ်မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းနေတဲ့ မေလအတွင်း ကျေးရွာ ၁၆ ရွာ မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁,၅၀၀ ခန့် မီးဘေးသင့်ခဲ့တယ်လို့ မြောင် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရသိရတာပါ။ နေအိမ်တွေ မီးလောင်ကျွမ်းတာအပြင် အရပ်သား ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ဒီ ၅ လပိုင်းမှာက မီးရှို့ခံရတဲ့ရွာက ၁၆ ရွာရှိမယ်။ အိမ်ထောင်စုက ၄၀၀ ခန့်ရှိမယ်။ အဆောက်အဦးအနေနဲ့က ၆၀၀ ခန့်ရှိမယ်။ မိသားစုဝင် အရေအတွက်က ၁,၅၀၀ ခန့်လောက်တော့ရှိမယ်။ အပြစ်မဲ့ပြည်သူ ၁ ဦး ဆုံးရှုံးတယ်။ အပြစ်မဲ့ပြည်သူ ၃ ဦး ဒဏ်ရာရတယ်။ နောက်ပြီး နိုင်ငံပိုင် ဆေးခန်းတွေလည်း မီးရှို့ခံရတယ်။ မီးဘေးသင့်တဲ့ ပြည်သူတွေကတော့ ဘုန်းကြီးကျောင်းမှာ ထားတယ်။ တချို့က ယာယီတဲလေးတွေ ဆောက်နေကြတယ်။ စားနပ်ရိက္ခာ အခက်အခဲရှိတယ်။ နေရာထိုင်ခင်း အခက်အခဲရှိတယ်။ ဥပမာ ဘုန်းကြီးကျောင်းတွေမှာ နေတယ်။ ထန်းလက်တဲလေးတွေနဲ့ ယာယီတဲလေးတွေနဲ့နေတယ်။ လေဒဏ်၊ မိုးဒဏ်နဲ့ သူတို့မှာ အခက်အခဲတွေရှိပါတယ်။ ”

မီးလောင်ကျွမ်းတဲ့ထဲမှာ ဆေးရုံတွေအပြင် သာသနိက အဆောက်အဦးတွေလည်း ပါဝင်တယ်လို့လည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောတာပါ။ ဒီစာရင်းတွေနဲ့ ပတ်သက်လို့ ဗွီအိုအေကတော့ သီးခြား အတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ လက်ရှိအချိန်မှာတော့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေလည်း ရှိနေပါတယ်။

ဒါက မြောင်မြို့နယ်ထဲက အခြေအနေပါ။ စစ်ကိုင်းတိုင်းထဲကပဲ မင်းကင်းမြို့နယ်ထဲမှာ ဆိုရင်လည်း မိုးရွာသွန်းတာတွေ ရှိနေတဲ့အတွက် တောတောင်တွေထဲ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေမှာ အခက်အခဲတွေရှိနေပါတယ်။ စစ်ကောင်စီက မကြာခဏဆိုသလို နယ်မြေရှင်းလင်းတာတွေ လုပ်နေတဲ့အတွက် ဒေသခံတွေဟာ ကျေးရွာတွေထဲမှာ မနေထိုင်တော့ဘဲ နီးစပ်ရာ တောတောင်တွေထဲမှာ ခိုလှုံနေရတာလည်း ဖြစ်ပါတယ်။ တောတောင်တွေထဲ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တဦးက သူ့ရဲ့ အခက်အခဲကို အခုလိုပြောပြပါတယ်။

“ဒုက္ခသည် အခြေအနေက မိုးရွာထဲမှာ မလုံ့တလုံနဲ့ တချို့ဆိုရင် လုံး၀ မအိပ်ရတဲ့ အနေအထားမျိုးတွေရှိတယ်။ သူက တောထဲမှာ ပုန်းနေကြရတာ။ ချင်းတွင်းမြစ်ရိုးတလျှောက် ရွာတွေ အားလုံးဖြစ်နေတာ။ ကျွန်တော်တို့ဆီကတော့ ကျွန်တော်ပြောသလို တောထဲတောင်ထဲမှာနေရတော့ စားရေး သောက်ရေးက အဆင်မပြေဘူး။ အဆင်မပြေတာက ပစ္စည်းတွေက မီးရှို့ခံရ ဘာနဲ့ဆိုတော့ ရှိတဲ့သူတွေက ဝေမျှပြီးတော့ အရှို့မခံရတဲ့သူက ပေးကမ်းပြီးမှ စားနေရတော့ အရှို့မခံရတဲ့သူလည်း ဒုက္ခဖြစ်သလို အရှို့ခံရတဲ့သူတွေလည်း ဒုက္ခဖြစ်နေတယ်။”

မင်းကင်းမြို့နယ်ထဲမှာ ကျေးရွာ ၁၂ ရွာခန့် မီးရှို့ခဲ့ရပြီး မေလလ ၂၅ ရက် ၊ မေလ ၂၆ ရက်နဲ့ မေလ ၂၇ ရက်တို့မှာ ချင်းတွင်းမြစ်ဘေးက အထက်ကင်းနဲ့ အောက်ကင်းကျေးရွာကို စစ်ကောင်စီတပ်တွေ မီးရှို့သွားတဲ့အတွက် နေအိမ် ၃၀၀ နီးပါး ရွာလုံးကျွတ် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မင်းကင်းမြို့နယ်ထဲက ကျေးရွာအချို့မှာ စစ်ကောင်စီက တပ်စွဲပြီးနယ်မြေရှင်းလင်းတာတွေလုပ်သလို ချင်းတွင်းမြစ်ထဲက ဖြတ်သန်းသွားတဲ့ စစ်ကောင်စီတပ်တွေဟာ သင်္ဘောဆိုက်ကပ်ချိန် အနီးအနား ကျေးရွာတွေကို နယ်မြေရှင်းလင်းတာတွေရှိပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

XS
SM
MD
LG