သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္တြင္း စစ္ေရးတင္းမာေန


မေကြးတိုင္း ေပါက္ၿမိဳ႕နယ္မွာ ဧၿပီ(၇)ရက္ကစလို႔ တပတ္ေက်ာ္ၾကာ စစ္ေကာင္စီတပ္ရဲ႕ နယ္ေျမရွင္းလင္းမႈအတြင္း ေက်း႐ြာေနအိမ္ ၃၆၄ လုံး မီးေလာင္ကြၽမ္းခဲ့

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းက ေက်းရြာေတြမွာ စစ္ေကာင္စီက တပ္စြဲထားတဲ့အတြက္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေရးတင္းမာေနပါတယ္။ ေက်း႐ြာေပါင္း ၁၂ ႐ြာက ေဒသခံ ေသာင္းနဲ႔ခ်ီ ေဘးလြတ္ရာမွာ ထြက္ေျပးပုန္းခိုေနၾကရပါတယ္။ ေပါက္ေတာင္ပိုင္းဘက္က အေျခအေနအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္း ကိုရဲမြန္ ကေျပာျပပါမယ္။

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္တြင္း စစ္ေရးတင္းမာေန

{{ Zawgyi/Unicode}}

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းက ေက်းရြာေတြမွာ စစ္ေကာင္စီက တပ္စြဲထားတဲ့အတြက္ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္ေရးတင္းမာေနပါတယ္။ ေက်း႐ြာေပါင္း ၁၂ ႐ြာက ေဒသခံ ေသာင္းနဲ႔ခ်ီ ေဘးလြတ္ရာမွာ ထြက္ေျပးပုန္းခိုေနၾကရပါတယ္။ ေသာက္သံုးေရ မသန္႔႐ွင္းတာေၾကာင့္ ကေလးငယ္တခ်ဳိ႕ ဝမ္းပ်က္ ဝမ္းေလ်ာျဖစ္ေနၾကသလို တျခားက်န္းမာေရးေစာင့္ေ႐ွာက္မႈ လိုအပ္သူေတြလည္း အမ်ားအျပားျဖစ္ေနပါတယ္။ ေပါက္ေတာင္ပိုင္းဘက္က အေျခအေနအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္း ကိုရဲမြန္ ကေျပာျပပါမယ္။

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာ နယ္ေျမ႐ွင္းလင္းေရးလုပ္ေနတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ သီတင္း ၁ ပတ္နီးပါး တိုက္ပြဲေတြ ဆက္ျဖစ္ခဲ့ၿပီးေနာက္ ဧၿပီ ၁၄ နဲ႔ ဒီေန႔ ၁၅ ရက္မွာ တိုက္ပဲြေတြ ၿငိမ္ေနပါတယ္။ စစ္ေကာင္စီတပ္ေတြကေတာ့ ေက်ာက္အိုးေက်းရြာထဲမွာ တပ္စြဲထားတဲ့အတြက္ စစ္ေရးတင္းမာေနစဲလို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕၀င္တဦးက အခုလိုေျပာပါတယ္။

“စစ္ေကာင္စီတပ္က ထြက္မသြားေသးဘူး။ ေက်ာက္အိုးဆိုတဲ့ရြာမွာ သူတို႔က တပ္စြဲထားၿပီးေတာ့ အဲ့နားအနီး၀န္းက်င္က ယာတဲေတြ စစ္ေဘးေရွာင္တဲေတြ အကုန္မီးလိုက္ရိႈ႕ၿပီးေတာ့ အဲ့ထဲကို ၀င္လိုက္ထြက္လိုက္နဲ႔ အဲ့အတိုင္း လက္ရွိေနေနတယ္။ ဒီေန႔ေတာ့ ထိပ္တိုက္ တိုက္ပြဲထိေတြ႕တာေတာ့ မရွိဘူး။ ၀ိုင္းထားတဲ့အေနအထား ပံုစံမ်ိဳးေတာ့ရွိတယ္။ သူတို႔အေရွ႕လည္း ေဖာက္ထြက္မရ အေနာက္လည္း ေဖာက္ထြက္မရ အဲ့အေနအထားမွာရွိတယ္။ ဒီေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြက ဆက္ျဖစ္လာႏိုင္တယ္ခင္ဗ်။”

ဧၿပီ ၆ ရက္ေန႔က စစ္ေကာင္စီ လက္နက္ထုတ္လုပ္ရာမွာ အသံုးျပဳတဲ့ ပစၥည္းေတြတင္ေဆာင္လာတဲ့ ကားကို ေဒသခံကာကြယ္ေရးတပ္ဖြဲဲ႕ေတြ သိမ္းယူလိုက္ၿပီးတဲ့ေနာက္ အဲဒီေဒသကို စစ္ေကာင္စီတပ္ေတြ ပိုက္စိတ္တိုက္ ႐ွင္းလင္းေနတာျဖစ္ပါတယ္။ တ႐ြာဝင္ တ႐ြာထြက္ စစ္တပ္က နယ္ေျမ႐ွင္းလင္းမႈေတြ လုပ္ေနတာမွာ ေက်း႐ြာ ၈ ႐ြာက ေနအိမ္ ၃၆၀ ထက္မနည္း မီး႐ႈိ႕ဖ်က္ဆီးခံခဲ့ရပါတယ္။ ဒီ႐ွင္းလင္းမႈေတြေၾကာင့္ ေက်း႐ြာေပါင္း ၁၂ ႐ြာက ေဒသခံ ၁ ေသာင္း ၁ ေထာက္ေက်ာ္ဟာ ေနအိမ္ေတြကို စြန္႔ခြာၿပီး ေဘးလြတ္ရာ ေတာေတာင္ေတြထဲ ပုန္းခုိေနၾကရပါတယ္။ ၁၀ ရက္နီးပါး ေတာေတာင္ေတြထဲ ေနထိုင္ေနၾကရတဲ့ ေဒသခံေတြဟာ ေသာက္သံုးေရ မသန္႔ရွင္းတာေရာ၊ ရာသီဥတု ပူျပင္းတာေၾကာင့္ပါ ေနထိုင္မေကာင္းျဖစ္ေနၾကပါတယ္။ ေဆး၀ါး ျပတ္လတ္ေနတာေၾကာင့္လည္း အေျခအေန ပိုဆိုးေနတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးေနသူ တဦးက အခုလိုေျပာပါတယ္။

“မသန္႔ရွင္းတဲ့ေရေတြေပါ့ ေခ်ာင္ၾကားထဲမွာ အခုက သစ္ရြက္ေၾကြခ်ိန္ ေရနဲ႔သစ္ရြက္နဲ႔ ဆတူျဖစ္ေနေတာ့ ကေလးေတြ ၀မ္းေလွ်ာ၀မ္းပ်က္ရယ္။ ေနာက္တခုက ေဆး၀ါးမျပည့္စံုေတာ့ အပူဒဏ္မခံႏိုင္ေတာ့ ေရအတင္းခ်ိဳးတဲ့အခ်ိန္ၾကေတာ့ အပူဒဏ္မခံႏိုင္ေတာ့ ေခြ်းငုတ္တဲ့ သေဘာမ်ိဳးေပါ့ေနာ္။ ၀မ္းပ်က္၀မ္းေလွ်ာက ေဒသလည္းကြာတယ္။ တခ်ိဳ႕လူေတြက စိမ့္စမ္းေရရွိတဲ့နားမွာ ေရေကာင္းေရသန္႔ ေသာက္ရတဲ့သူေတြၾကေတာ့ က်န္းမာေရး အဲ့ေလာက္ႀကီးမဆုိးဘူး။ ေရသန္႔ေသာက္ရတဲ့သူေတြရွိတယ္။ တခ်ိဳ႕ပုန္းတဲ့ျပည္သူေတြက အဲ့ေနရာေတြက က်န္းမာေရး ဆိုးရြားမႈ အမ်ားႀကီးမရွိဘူး။ အရင္တုန္းက ကတည္းက ေရာဂါအခံရွိတဲ့သူေတြေပါ့။ ေလးဖက္နာ ၊ ေသြးတိုး အဲ့လူေတြက ေဆး၀ါးျပတ္ေနေတာ့ ဒီေရာဂါေတြၾကေတာ့ ေနာက္တခုက ႏွလံုးေသြးေၾကာက်ဥ္းတာ ႏွလံုးအားနည္းတာ ေရာဂါသမားေတြ အဲ့ဒါေတြအတြက္ လိုတယ္။”

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ရဲ႕ နယ္ေျမရွင္းလင္းမႈ ေနအိမ္ ၃၆၄ လုံး မီးေလာင္ကြၽမ္း ( Photo : CJ )
မေကြးတိုင္း ေပါက္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ရဲ႕ နယ္ေျမရွင္းလင္းမႈ ေနအိမ္ ၃၆၄ လုံး မီးေလာင္ကြၽမ္း ( Photo : CJ )

ပခုကၠဴဘက္ကေန ေပါက္ၿမိဳ႕နယ္ကို သယ္ယူတဲ့ ေဆး၀ါး အစား အေသာက္ ေဆး၀ါးေတြကို ေရျပာစစ္ေဆးေရးဂိတ္၊ ဆိပ္ျဖဴ ၊ စလင္း စတဲ့ ၿမိဳ႕ကေန ေပါက္ၿမိဳ႕နယ္ကို သယ္ယူမယ့္ ကုန္ပစၥည္းေတြကိုေတာ့ ကစြန္းမစစ္ေဆးေရးဂိတ္တို႔ကေန တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေနၿပီး ခြင့္ျပဳခ်က္ပါမွသာ အနည္းငယ္ သယ္ယူခြင့္ျပဳတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒါ့အျပင္ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းကေန ေပါက္ၿမိဳ႕ေပၚကို ေဆး၀ါး ကုသဖို႔နဲ႔ ေစ်း၀ယ္သြားသူေတြကို သြားခြင့္မျပဳဘဲ တခ်ဳိ႕လည္း ဖမ္းဆီးခံရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီက သတင္းတစံုတရာ ထုတ္ျပန္တာ အခုခ်ိန္ထိ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

...........................................................

မကွေးတိုင်း ပေါက်မြို့နယ်တွင်း စစ်ရေးတင်းမာနေ
{{Unicode}}
မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေမှာ စစ်ကောင်စီက တပ်စွဲထားတဲ့အတွက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေပါတယ်။ ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာမှာ ထွက်ပြေးပုန်းခိုနေကြရပါတယ်။ သောက်သုံးရေ မသန့်ရှင်းတာကြောင့် ကလေးငယ်တချို့ ဝမ်းပျက် ဝမ်းလျောဖြစ်နေကြသလို တခြားကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူတွေလည်း အများအပြားဖြစ်နေပါတယ်။ ပေါက်တောင်ပိုင်းဘက်က အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း ကိုရဲမွန် ကပြောပြပါမယ်။

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ သီတင်း ၁ ပတ်နီးပါး တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပြီးနောက် ဧပြီ ၁၄ နဲ့ ဒီနေ့ ၁၅ ရက်မှာ တိုက်ပွဲတွေ ငြိမ်နေပါတယ်။ စစ်ကောင်စီတပ်တွေကတော့ ကျောက်အိုးကျေးရွာထဲမှာ တပ်စွဲထားတဲ့အတွက် စစ်ရေးတင်းမာနေစဲလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“စစ်ကောင်စီတပ်က ထွက်မသွားသေးဘူး။ ကျောက်အိုးဆိုတဲ့ရွာမှာ သူတို့က တပ်စွဲထားပြီးတော့ အဲ့နားအနီးဝန်းကျင်က ယာတဲတွေ စစ်ဘေးရှောင်တဲတွေ အကုန်မီးလိုက်ရှို့ပြီးတော့ အဲ့ထဲကို ဝင်လိုက်ထွက်လိုက်နဲ့ အဲ့အတိုင်း လက်ရှိနေနေတယ်။ ဒီနေ့တော့ ထိပ်တိုက် တိုက်ပွဲထိတွေ့တာတော့ မရှိဘူး။ ဝိုင်းထားတဲ့အနေအထား ပုံစံမျိုးတော့ရှိတယ်။ သူတို့အရှေ့လည်း ဖောက်ထွက်မရ အနောက်လည်း ဖောက်ထွက်မရ အဲ့အနေအထားမှာရှိတယ်။ ဒီဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေက ဆက်ဖြစ်လာနိုင်တယ်ခင်ဗျ။”

ဧပြီ ၆ ရက်နေ့က စစ်ကောင်စီ လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေတင်ဆောင်လာတဲ့ ကားကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူလိုက်ပြီးတဲ့နောက် အဲဒီဒေသကို စစ်ကောင်စီတပ်တွေ ပိုက်စိတ်တိုက် ရှင်းလင်းနေတာဖြစ်ပါတယ်။ တရွာဝင် တရွာထွက် စစ်တပ်က နယ်မြေရှင်းလင်းမှုတွေ လုပ်နေတာမှာ ကျေးရွာ ၈ ရွာက နေအိမ် ၃၆၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီရှင်းလင်းမှုတွေကြောင့် ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံ ၁ သောင်း ၁ ထောက်ကျော်ဟာ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ တောတောင်တွေထဲ ပုန်းခိုနေကြရပါတယ်။ ၁၀ ရက်နီးပါး တောတောင်တွေထဲ နေထိုင်နေကြရတဲ့ ဒေသခံတွေဟာ သောက်သုံးရေ မသန့်ရှင်းတာရော၊ ရာသီဥတု ပူပြင်းတာကြောင့်ပါ နေထိုင်မကောင်းဖြစ်နေကြပါတယ်။ ဆေးဝါး ပြတ်လတ်နေတာကြောင့်လည်း အခြေအနေ ပိုဆိုးနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ တဦးက အခုလိုပြောပါတယ်။

“မသန့်ရှင်းတဲ့ရေတွေပေါ့ ချောင်ကြားထဲမှာ အခုက သစ်ရွက်ကြွေချိန် ရေနဲ့သစ်ရွက်နဲ့ ဆတူဖြစ်နေတော့ ကလေးတွေ ဝမ်းလျှောဝမ်းပျက်ရယ်။ နောက်တခုက ဆေးဝါးမပြည့်စုံတော့ အပူဒဏ်မခံနိုင်တော့ ရေအတင်းချိုးတဲ့အချိန်ကြတော့ အပူဒဏ်မခံနိုင်တော့ ချွေးငုတ်တဲ့ သဘောမျိုးပေါ့နော်။ ဝမ်းပျက်ဝမ်းလျှောက ဒေသလည်းကွာတယ်။ တချို့လူတွေက စိမ့်စမ်းရေရှိတဲ့နားမှာ ရေကောင်းရေသန့် သောက်ရတဲ့သူတွေကြတော့ ကျန်းမာရေး အဲ့လောက်ကြီးမဆိုးဘူး။ ရေသန့်သောက်ရတဲ့သူတွေရှိတယ်။ တချို့ပုန်းတဲ့ပြည်သူတွေက အဲ့နေရာတွေက ကျန်းမာရေး ဆိုးရွားမှု အများကြီးမရှိဘူး။ အရင်တုန်းက ကတည်းက ရောဂါအခံရှိတဲ့သူတွေပေါ့။ လေးဖက်နာ ၊ သွေးတိုး အဲ့လူတွေက ဆေးဝါးပြတ်နေတော့ ဒီရောဂါတွေကြတော့ နောက်တခုက နှလုံးသွေးကြောကျဉ်းတာ နှလုံးအားနည်းတာ ရောဂါသမားတွေ အဲ့ဒါတွေအတွက် လိုတယ်။”

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ စစ္ေကာင္စီတပ္ နယ္ေျမရွင္းလင္းမႈ ေက်း႐ြာေနအိမ္း မီးေလာင္ကြၽမ္း ( Photo : CJ )
မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ စစ္ေကာင္စီတပ္ နယ္ေျမရွင္းလင္းမႈ ေက်း႐ြာေနအိမ္း မီးေလာင္ကြၽမ္း ( Photo : CJ )

ပခုက္ကူဘက်ကနေ ပေါက်မြို့နယ်ကို သယ်ယူတဲ့ ဆေးဝါး အစား အသောက် ဆေးဝါးတွေကို ရေပြာစစ်ဆေးရေးဂိတ်၊ ဆိပ်ဖြူ ၊ စလင်း စတဲ့ မြို့ကနေ ပေါက်မြို့နယ်ကို သယ်ယူမယ့် ကုန်ပစ္စည်းတွေကိုတော့ ကစွန်းမစစ်ဆေးရေးဂိတ်တို့ကနေ တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး ခွင့်ပြုချက်ပါမှသာ အနည်းငယ် သယ်ယူခွင့်ပြုတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ပေါက်မြို့နယ် တောင်ပိုင်းကနေ ပေါက်မြို့ပေါ်ကို ဆေးဝါး ကုသဖို့နဲ့ ဈေးဝယ်သွားသူတွေကို သွားခွင့်မပြုဘဲ တချို့လည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းတစုံတရာ ထုတ်ပြန်တာ အခုချိန်ထိ မရှိသေးပါဘူး။

XS
SM
MD
LG