သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေရးပဋိပကၡအတြင္း ခ်င္းျပည္နယ္တြင္ ဖမ္းဆီးသတ္ျဖတ္ခံရမွဳမ်ားလာ (ခ်င္းလူ႔အခြင္႔အေရးအဖဲြ႔)


Kanpetlet CDF / ကန္ပက္လက္

ခ်င္းျပည္နယ္မွာ စစ္ေရးတင္းမာမူ ကာလအတြင္း အရပ္သားေတြ ပစ္သတ္ခံရမႈ ဖမ္းဆီးခံရမႈေတြ ပိုမ်ားလာေနပါတယ္။ ခ်င္းျပည္သူေတြ မတရားအသတ္ခံရတာ (၂၀၀ ) ေက်ာ္ရွိ ေနၿပီးလို႔လဲ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ တာဝန္ရွိသူကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ခင္ေမာင္စိုးမင္း ကေျပာျပ ေပးမွာပါ။

စစ္ေရးပဋိပကၡအတြင္း ခ်င္းျပည္နယ္တြင္ ဖမ္းဆီးသတ္ျဖတ္ခံရမွဳမ်ားလာ (ခ်င္းလူ႔အခြင္႔အေရးအဖဲြ႔)

{{Zawgyi/Unicode}}

ခ်င္းျပည္နယ္မွာ စစ္ေရးတင္းမာမူ ကာလအတြင္း အရပ္သားေတြ ပစ္သတ္ခံရမႈ ဖမ္းဆီးခံရမွဳေတြ ပိုမ်ားလာေနပါတယ္။ မေန႕က ေမလ(၂၅)ရက္ေန႕မွာ မင္းတပ္ၿမိဳ႕နယ္ ေျပေက်းရြာက အရပ္သားတဦး သံသယနဲ႕ ပစ္သတ္ခံရတယ္လို႕ ေဒသခံေတြက ေျပာပါတယ္။ ဒီလအတြင္း မင္းတပ္နဲ႕ တီးတိန္ၿမိဳ႕နယ္ဘက္မွာ အရပ္သားေတြ ခ်င္းကာကြယ္ေရး CDFအဖြဲ႕နဲ႕ ဆက္ႏြယ္ေနတယ္ဆိုတဲ့ သံသယနဲ႕ ဖမ္းဆီးသတ္ျဖတ္ခံရမွဳေတြ ရွိေနတာပါ။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ခ်င္းျပည္သူေတြ မတရားအသတ္ခံရတာ (၂၀၀ ) ေက်ာ္ရွိ ေနၿပီးလို႕လဲ ခ်င္းလူ႕အခြင့္အေရးအဖြဲ႕ တာဝန္ရွိသူကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႕တဲ့သတင္းကို ခင္ေမာင္စိုးမင္း ကေျပာျပ ေပးမွာပါ။

ေမလ(၂၅)ရက္မေန႕တုန္းက မင္းတပ္ၿမိဳ႕နယ္ ေျပေက်းရြာမွာ ျပည္နယ္ကိုယ္စားျပဳ လက္ေဝွ႕သမားတစ္ဦးျဖစ္တဲ့ ကိုဟာရွိန္းအြမ္ (ခ) ကိုဟိန္းထိုက္ေဇာ္ကို စစ္ေကာင္စီတပ္ကေန ပစ္သတ္ခဲ့တယ္လို႕ မင္းတပ္ၿမိဳ႕ခံတဦးက ေျပာပါတယ္။

“ သူကအရင္တုန္းကေတာ့ ခ်င္းျပည္နယ္ကိုယ္စားျပဳ လက္ေဝွ႕သမားရယ္ ရိုးရာလက္ေဝွ႕ထိုးတယ္။ သူကေတာ့ လူေကာင္းတေယာက္ပါ။ သူတို႕ကေတာ့ သံသယဝင္တယ္။ သူကေတာ့ မိသားစု ျပန္ၿပီးသြားေတြ႕တာေပါ့။ အဲတာကို ဒလန္ကသတင္းေပးလို႕ အဲဒီအခ်ိန္ကို စကစေတြက ဝိုင္းလို႕သူက ျပတင္းေပါက္ကေန ခုန္ၿပီး ေျပးတဲ့အခ်ိန္မွာ စကစ ဘက္က ပစ္လိုက္တာေပါ့။ အဲဒီေနရာမွာ ေသဆုံးသြားတယ္လို႕သိရပါတယ္။ မေန႕က မနက္ပိုင္းေလာက္မွာျဖစ္တယ္။ ’’

ၿပီးခဲ့တဲ့ ေမလ(၁၆)ရက္ေန႕တုန္းကလဲ မင္းတပ္ၿမိဳ႕က ဆယ္ေက်ာ္သက္ လူငယ္တဦး မေကြးတိုင္း ေက်ာက္ထုၿမိဳ႕ကို သြားစဥ္မွာ လမ္းမွာ စစ္ေကာင္စီတပ္က ဖမ္းဆီးသြားရာကေန သတ္ျဖတ္ခံရတယ္လို႕ အဆိုပါၿမိဳ႕ခံကဘဲ ဆက္ေျပာပါတယ္။

“ သူကလဲ ကြ်န္ေတာ္တို႕အသိထဲကလူငယ္တဦးပါဘဲ။ သူကေတာ့ အဲဒီေန႕က စကစ ယာဥ္တန္း မင္းတပ္ကိုျပန္ဝင္ၿပီး။ ဝင္ၿပီးေတာ့မွ သူတို႕ကေရွ႕ေျပးလႊတ္တာေပါ့။ ဒီပူးေပါင္းတပ္ဖြဲ႕က မိုင္းဆြဲတိုက္ခိုက္တာ။ အဲဒီမွာသူတို႕ေတာ္ေတာ္ေလး အထိနာတယ္လို႕သိရပါတယ္။ အဲဒီဝန္းက်င္မွာရွိေနတဲ့အခ်ိန္ အဲဒီမင္းတပ္ကလူငယ္ကဆင္းတာေပါ့။ အဲဒီကားအနား သိရပါတယ္။ အဲတာနဲ႕သူကအစအန အဆက္သြယ္ျပတ္သြားတာေပါ့။ သူကတပ္ရင္းထဲမွာရွိသလိုလို သတင္းေတြက အမ်ိဳးမ်ိဳးၾကားရတယ္။ တေန႕ကလားကြ်န္ေတာ္တို႕သတင္းျပန္ၾကားရတာကေတာ့ သူကအိမ္သာက်င္းေဟာင္းမွာ ေပါ့ေနာ္။ အဲဒီလိုပစ္ထားခဲ့တယ္လို႕သိရတယ္။’’

ေမ ၁၆ ရက္မွာ မင္းတပ္ကေန ေက်ာက္ထုဘက္ကို ေရွ႕ေျပးဆင္းသြားတဲ့ စစ္ေကာင္စီေမာ္ေတာ္ယဥ္တန္းကို ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့အၿပီး ့လူငယ္ကို ဖမ္းဆီးခဲ့ၿပီး အေလာင္းကို အိမ္သာက်င္းထဲ စြန႔္ပစ္ သတ္ခဲ့တာလို႕ဆိုပါတယ္။

မင္းတပ္ၿမိဳ႕နယ္ဘက္မွာ ေဒသခံကာကြယ္ေရးအဖြဲ႕နဲ႕စစ္ေကာင္စီတပ္ေတြအၾကားျဖစ္ပြါးခဲ့တဲ့တိုက္ပြဲေၾကာင့္ ေဒသခံ ေတြအမ်ားအျပား မေကြးတိုင္းေက်ာက္ထုၿမိဳ႕နယ္နဲ႕ ေဘးလြတ္ရာေဒသေတြဘက္ကိုတိမ္းေရွာင္ေနၾကပါတယ္။

ခ်င္းျပည္နယ္တီးတိန္ၿမိဳ႕မွာလဲ အမဲလိုက္ျပန္လာတဲ့ ဆိုင္းဇန္ေက်းရြာသား လူငယ္ႏွစ္ဦးကို ေမ ၂၁ ရက္ေန႕ ညေန ပိုင္း အိမ္ျပန္လာတဲ့ခ်ိန္မွာ စစ္ေကာင္စီ ကင္းလွည့္အဖြဲ႕နဲ႔ဆုံမိရာမွ ဖမ္းဆီးသတ္ျဖတ္ခံရတယ္လို႔ တီးတိန္ၿမိဳ႕ခံတဦးက ေျပာပါတယ္။

“ သူတို႕ ခလရ(၂၆၉)က တီးတိန္ၿမိဳ႕ေပၚမွာဘဲ။ သူတို႕အေရွ႕ကိုျဖတ္သြားတဲ့ကေလးႏွစ္ေယာက္။ ဖမ္းၿပီးေတာ့ပစ္သတ္ သြားတာ။ သူကဆိုင္းဇန္ရြာသားေပါ့။ ဆိုင္းဇန္ဆိုတာက တီးတန္နဲ႕(၅)မိုင္(၆)မိုင္ နီးနီးေလးပါ။ တကယ္ေတာ့သူက အမဲ လိုက္တာလို႕ေျပာတယ္။ ကြ်န္ေတာ္တို႕တီးတိန္နဲ႕တြန္းဇံၾကားမွာေပါ့။ (၂၁)ရက္ေန႕ညေနပိုင္းက တြန္းဇံဘက္မွာ အမဲ လိုက္တာျပန္လာေတာ့ သူတို႕ အဲဒီေနရာကိုျဖတ္သြားတာေပါ့။ တပ္ကုန္းအေရွ႕ျဖတ္ေနတဲ့အခ်ိန္ သူတို႕ဆိုင္ကယ္ေမွာက္ တယ္လို႕ေျပာတယ္ ကေလး ေတြကေလ။ တပ္ကလူေတြကသြားထူေတာ့ေသနတ္ႀကီးကထြက္လာတာ။ အမဲလိုက္တဲ့ တူမီးေသနတ္ေပါ့။ တူမီးေသနတ္ထြက္လာေတာ့ သူတို႕အဲဒီေနရာေခၚသြားၿပီးေတာ့ တခါထဲသတ္သြားတယ္လို႕ ေျပာတယ္။ အေလာင္းလဲျပန္မေပးဘူး။ ’’

စစ္ေကာင္စီတပ္က ဖမ္းဆီးသတ္ျဖတ္တဲ့လူငယ္ေတြကေတာ့ အသက္ ၂၉ ႏွစ္အရြယ္ Pa Pau Za Maung၊ နဲ႕အသက္ ၂၁ ႏွစ္အရြယ္ Tg. Pau Suan Thang တို႔ျဖစ္ၾကပါတယ္။

စစ္တပ္ကေန အာဏာသိမ္းၿပီးေနာက္ပိုင္း ခ်င္းျပည္နယ္ဘက္မွာ ခ်င္းကာကြယ္ေရးအဖြဲ႕နဲ႕ဆက္ႏြယ္တယ္ဆိုၿပီး စြပ္စြဲ ခ်က္နဲ႕ ဖမ္းဆီးသတ္ျဖတ္ခဲ့တဲ့အေျခအေနကိုေတာ့ ခ်င္းလူ႕အခြင့္အေရးအဖြဲ႕ ဒုတိယအမွဳေဆာင္းါရိုက္တာ ဇာအုတ္ကေလန္ Za Uk ling ကအခုလိုေျပာပါတယ္။

“ ဒီလိုမ်ိဳးျဖစ္စဥ္ကမ်ားေနပါၿပီး။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ မတရားသတ္ျဖတ္ျခင္းခံရတာ ခ်င္းျပည္သူလူထုကေန အေယာက္ေပါင္း(၂၃၀) ေက်ာ္ပါၿပီ။ အခုလဲမင္းတပ္ၿမိဳ႕နယ္မွာဘဲျဖစ္ျဖစ္ တီးတိန္မွာဘဲျဖစ္ျဖစ္ သူတို႕စစ္ဆင္ေရးလုပ္တဲ့အခ်ိန္မွာ ျပည္သူအားလုံးကိုသူတို႕ ရန္သူလိုသတ္မွတ္ၿပီးေတာ့ လုပ္ရပ္ေတြဘဲျဖစ္ပါတယ္။ ဒီလိုမ်ိဳးျဖစ္စဥ္ေတြဟာ ဆိုလို႕ရွိရင္ သူတို႕စစ္အာဏာရွင္ စစ္တပ္ရွိေနသ၍ေတာ့ ကြ်န္ေတာ္တို႕ၾကံဳေတြ႕ေနရတဲ့ျပႆနာျဖစ္ေနတယ္။ အဲတာ ကြ်န္ေတာ္တို႕စိုးရိမ္မကင္းျဖစ္မိပါတယ္။ ’’

ၿပီးခဲ့တဲ့ ဇႏၷာဝါရီလ ပထမအပတ္ကလဲ မတူပီၿမိဳ႕နယ္မွာ စစ္တပ္ကေန လမ္းျပအျဖစ္ေခၚေဆာင္သြားတ ဲ့ ရြာသား (၁၀)ဦးဟာ သတ္ျဖတ္ခံရတယ္လို႕ခ်င္းလူ႕အခြင့္အေရးအဖြဲ႕က ထုတ္ျပန္ထားပါတယ္။

တပ္မေတာ္ေျပာခြင့္ရကေတာ့ ရြာသားေတြကို ဖမ္းဆီးသတ္ျဖတ္တာမဟုတ္လဲ ခ်င္းကာကြယ္ေရးအဖြဲ႕နဲ႕ တိုက္ပြဲျဖစ္ပြားလို႕ က်ဆုံးသြားတဲ့ CDFအဖြဲ႕ဝင္ေတြလို႕ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................

စစ်ရေးပဋိပက္ခအတွင်း ချင်းပြည်နယ်တွင် ဖမ်းဆီးသတ်ဖြတ်ခံရမှုများလာ (ချင်းလူ့အခွင့်အရေးအဖွဲ့)

{{Unicode}}

ချင်းပြည်နယ်မှာ စစ်ရေးတင်းမာမူ ကာလအတွင်း အရပ်သားတွေ ပစ်သတ်ခံရမှု ဖမ်းဆီးခံရမှုတွေ ပိုများလာနေပါတယ်။ မနေ့က မေလ(၂၅)ရက်နေ့မှာ မင်းတပ်မြို့နယ် ပြေကျေးရွာက အရပ်သားတဦး သံသယနဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလအတွင်း မင်းတပ်နဲ့ တီးတိန်မြို့နယ်ဘက်မှာ အရပ်သားတွေ ချင်းကာကွယ်ရေး CDFအဖွဲ့နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ ရှိနေတာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်သူတွေ မတရားအသတ်ခံရတာ (၂၀၀ ) ကျော်ရှိ နေပြီးလို့လဲ ချင်းလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ခင်မောင်စိုးမင်း ကပြောပြ ပေးမှာပါ။

မေလ(၂၅)ရက်မနေ့တုန်းက မင်းတပ်မြို့နယ် ပြေကျေးရွာမှာ ပြည်နယ်ကိုယ်စားပြု လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ ကိုဟာရှိန်းအွမ် (ခ) ကိုဟိန်းထိုက်ဇော်ကို စစ်ကောင်စီတပ်ကနေ ပစ်သတ်ခဲ့တယ်လို့ မင်းတပ်မြို့ခံတဦးက ပြောပါတယ်။

“ သူကအရင်တုန်းကတော့ ချင်းပြည်နယ်ကိုယ်စားပြု လက်ဝှေ့သမားရယ် ရိုးရာလက်ဝှေ့ထိုးတယ်။ သူကတော့ လူကောင်းတယောက်ပါ။ သူတို့ကတော့ သံသယဝင်တယ်။ သူကတော့ မိသားစု ပြန်ပြီးသွားတွေ့တာပေါ့။ အဲတာကို ဒလန်ကသတင်းပေးလို့ အဲဒီအချိန်ကို စကစတွေက ဝိုင်းလို့သူက ပြတင်းပေါက်ကနေ ခုန်ပြီး ပြေးတဲ့အချိန်မှာ စကစ ဘက်က ပစ်လိုက်တာပေါ့။ အဲဒီနေရာမှာ သေဆုံးသွားတယ်လို့သိရပါတယ်။ မနေ့က မနက်ပိုင်းလောက်မှာဖြစ်တယ်။ ’’

ပြီးခဲ့တဲ့ မေလ(၁၆)ရက်နေ့တုန်းကလဲ မင်းတပ်မြို့က ဆယ်ကျော်သက် လူငယ်တဦး မကွေးတိုင်း ကျောက်ထုမြို့ကို သွားစဉ်မှာ လမ်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားရာကနေ သတ်ဖြတ်ခံရတယ်လို့ အဆိုပါမြို့ခံကဘဲ ဆက်ပြောပါတယ်။

“ သူကလဲ ကျွန်တော်တို့အသိထဲကလူငယ်တဦးပါဘဲ။ သူကတော့ အဲဒီနေ့က စကစ ယာဉ်တန်း မင်းတပ်ကိုပြန်ဝင်ပြီး။ ဝင်ပြီးတော့မှ သူတို့ကရှေ့ပြေးလွှတ်တာပေါ့။ ဒီပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာ။ အဲဒီမှာသူတို့တော်တော်လေး အထိနာတယ်လို့သိရပါတယ်။ အဲဒီဝန်းကျင်မှာရှိနေတဲ့အချိန် အဲဒီမင်းတပ်ကလူငယ်ကဆင်းတာပေါ့။ အဲဒီကားအနား သိရပါတယ်။ အဲတာနဲ့သူကအစအန အဆက်သွယ်ပြတ်သွားတာပေါ့။ သူကတပ်ရင်းထဲမှာရှိသလိုလို သတင်းတွေက အမျိုးမျိုးကြားရတယ်။ တနေ့ကလားကျွန်တော်တို့သတင်းပြန်ကြားရတာကတော့ သူကအိမ်သာကျင်းဟောင်းမှာ ပေါ့နော်။ အဲဒီလိုပစ်ထားခဲ့တယ်လို့သိရတယ်။’’

မေ ၁၆ ရက်မှာ မင်းတပ်ကနေ ကျောက်ထုဘက်ကို ရှေ့ပြေးဆင်းသွားတဲ့ စစ်ကောင်စီမော်တော်ယဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့အပြီး့လူငယ်ကို ဖမ်းဆီးခဲ့ပြီး အလောင်းကို အိမ်သာကျင်းထဲ စွန့်ပစ် သတ်ခဲ့တာလို့ဆိုပါတယ်။

မင်းတပ်မြို့နယ်ဘက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့စစ်ကောင်စီတပ်တွေအကြားဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံ တွေအများအပြား မကွေးတိုင်းကျောက်ထုမြို့နယ်နဲ့ ဘေးလွတ်ရာဒေသတွေဘက်ကိုတိမ်းရှောင်နေကြပါတယ်။

ချင်းပြည်နယ်တီးတိန်မြို့မှာလဲ အမဲလိုက်ပြန်လာတဲ့ ဆိုင်းဇန်ကျေးရွာသား လူငယ်နှစ်ဦးကို မေ ၂၁ ရက်နေ့ ညနေ ပိုင်း အိမ်ပြန်လာတဲ့ချိန်မှာ စစ်ကောင်စီ ကင်းလှည့်အဖွဲ့နဲ့ဆုံမိရာမှ ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ တီးတိန်မြို့ခံတဦးက ပြောပါတယ်။

“ သူတို့ ခလရ(၂၆၉)က တီးတိန်မြို့ပေါ်မှာဘဲ။ သူတို့အရှေ့ကိုဖြတ်သွားတဲ့ကလေးနှစ်ယောက်။ ဖမ်းပြီးတော့ပစ်သတ် သွားတာ။ သူကဆိုင်းဇန်ရွာသားပေါ့။ ဆိုင်းဇန်ဆိုတာက တီးတန်နဲ့(၅)မိုင်(၆)မိုင် နီးနီးလေးပါ။ တကယ်တော့သူက အမဲ လိုက်တာလို့ပြောတယ်။ ကျွန်တော်တို့တီးတိန်နဲ့တွန်းဇံကြားမှာပေါ့။ (၂၁)ရက်နေ့ညနေပိုင်းက တွန်းဇံဘက်မှာ အမဲ လိုက်တာပြန်လာတော့ သူတို့ အဲဒီနေရာကိုဖြတ်သွားတာပေါ့။ တပ်ကုန်းအရှေ့ဖြတ်နေတဲ့အချိန် သူတို့ဆိုင်ကယ်မှောက် တယ်လို့ပြောတယ် ကလေး တွေကလေ။ တပ်ကလူတွေကသွားထူတော့သေနတ်ကြီးကထွက်လာတာ။ အမဲလိုက်တဲ့ တူမီးသေနတ်ပေါ့။ တူမီးသေနတ်ထွက်လာတော့ သူတို့အဲဒီနေရာခေါ်သွားပြီးတော့ တခါထဲသတ်သွားတယ်လို့ ပြောတယ်။ အလောင်းလဲပြန်မပေးဘူး။ ’’

စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တဲ့လူငယ်တွေကတော့ အသက် ၂၉ နှစ်အရွယ် Pa Pau Za Maung၊ နဲ့အသက် ၂၁ နှစ်အရွယ် Tg. Pau Suan Thang တို့ဖြစ်ကြပါတယ်။

စစ်တပ်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ဘက်မှာ ချင်းကာကွယ်ရေးအဖွဲ့နဲ့ဆက်နွယ်တယ်ဆိုပြီး စွပ်စွဲ ချက်နဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အခြေအနေကိုတော့ ချင်းလူ့အခွင့်အရေးအဖွဲ့ ဒုတိယအမှုဆောင်းါရိုက်တာ ဇာအုတ်ကလေန် Za Uk ling ကအခုလိုပြောပါတယ်။

“ ဒီလိုမျိုးဖြစ်စဉ်ကများနေပါပြီး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မတရားသတ်ဖြတ်ခြင်းခံရတာ ချင်းပြည်သူလူထုကနေ အယောက်ပေါင်း(၂၃၀) ကျော်ပါပြီ။ အခုလဲမင်းတပ်မြို့နယ်မှာဘဲဖြစ်ဖြစ် တီးတိန်မှာဘဲဖြစ်ဖြစ် သူတို့စစ်ဆင်ရေးလုပ်တဲ့အချိန်မှာ ပြည်သူအားလုံးကိုသူတို့ ရန်သူလိုသတ်မှတ်ပြီးတော့ လုပ်ရပ်တွေဘဲဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေဟာ ဆိုလို့ရှိရင် သူတို့စစ်အာဏာရှင် စစ်တပ်ရှိနေသ၍တော့ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ပြဿနာဖြစ်နေတယ်။ အဲတာ ကျွန်တော်တို့စိုးရိမ်မကင်းဖြစ်မိပါတယ်။ ’’

ပြီးခဲ့တဲ့ ဇန္နာဝါရီလ ပထမအပတ်ကလဲ မတူပီမြို့နယ်မှာ စစ်တပ်ကနေ လမ်းပြအဖြစ်ခေါ်ဆောင်သွားတ ဲ့ ရွာသား (၁၀)ဦးဟာ သတ်ဖြတ်ခံရတယ်လို့ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တပ်မတော်ပြောခွင့်ရကတော့ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာမဟုတ်လဲ ချင်းကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားလို့ ကျဆုံးသွားတဲ့ CDFအဖွဲ့ဝင်တွေလို့ပြောပါတယ်။

XS
SM
MD
LG