သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်ထောင် ဖေါ်ဆောင်ရေး ICNCC ဆုံးဖြတ်


Interim Chin National Consultative Council - ICNCC ကောင်စီ အဖွဲ့တဆိပ်
Interim Chin National Consultative Council - ICNCC ကောင်စီ အဖွဲ့တဆိပ်

[[ ZAWGYI / UNICODE ]]

ချင်းပြည်ထောင် ဖေါ်ဆောင်ရေး ICNCC ဆုံးဖြတ်

ချင်းလက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးပါတီတွေနဲ့စုဖွဲ့ထားတဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က ချင်းပဋိညာဉ်နဲ့ ချင်းလန်း၊ ချင်းပြည်ထောင်အစိုးရ ပေါ်ပေါက်လာရေးအတွက် အကောင်ထည်ဖော်သွားမယ်လို့ ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။ ICNCC ရဲ့ထုတ်ပြန်ချက်ဟာ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ သူတို့ရည်ရွယ်ချက်အတိုင်း ချင်းပြည်ထောင်အစိုးရ ပေါ်ပေါက်အောင် ဘယ်လလုပ်မှာလဲ ဆိုတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုရဲမွန်ကပြောပြမှာပါ။

၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ထဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရှိလာပြီးနောက်မှာ ချင်းလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ စုပေါင်းပြီး ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ကိုဖွဲ့စည်းခဲ့ကြပါတယ်။ ဖွဲ့စည်းမှု ၁ နှစ်ပြည့် အစည်းအဝေးလုပ်ခဲ့ပြီး ချင်းပြည်ထောင် ဖော်ဆောင်ရေးအတွက် ဆုံးဖြတ်ခဲ့ကြတယ်လို့ ICNCC ရဲ့ပြောရေးဆိုခွင့်သူ မိုင်မိုင်က ပြောပါတယ်။

“ နိုင်ငံရေးအရ ချင်းအမျိုးသားအဆင့်မှာ မန်းဒိတ် အမြင့်ဆုံးဖြစ်တယ်။ ICNCC ရဲ့လုပ်ဆောင်ချက်တွေကို တင်ပြပေးချင်တာလဲဖြစ်တယ်။ နောက် အနာဂတ်မှာလဲပဲ နိုင်ငံရေးအရ ချင်းပြည်ထောင် တည်ထောင်ရေး ဘယ်လို ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ရှိလဲ ကျမတို့ ချပြခြင်းပဲ ဖြစ်ပါတယ်။ အဓိကကတာ့ ချင်းအမျိုးသား ချင်းပြည်ထောင် တည်ဆောက်ရေး အတွက်ကို ကျမတို့ All Inclusiveness ဖြစ်တဲ့ ပရောဆက်ကို ကျမတို့ဖော်ဆောင်သွားဖို့ကြိုးပမ်းနေတာ ဖြစ်တယ်။ အဓိကအားဖြင့်တော့ ကျမတို့ပြည်သူလူထုတရပ်လုံးလည်း ထောက်ခံအားပေးတယ်။ နောက် အခုဆိုလို့ရှိရင်လည်း တော်လှန်ရေးအင်အားစု စုဖွဲ့မှု စသည်ဖြင့် အများကြီးရှိကြတဲ့အခါမှာ အသီးသီးသော တော်လှန်ရေး အင်အားစုတွေအားလုံး ပေါင်းစည်းပြီးမှ ဖော်ဆောင်မယ့် လုပ်ငန်းတခုရဲ့ပရောဆက်ကို ကျမတို့ဖန်တီးသွားဖို့ ကြိုးစားနေတယ် ပေါ့နော်။ ဘယ်လို တည်ထောင်ရမလဲ ဆိုတာကတော့ ပါဝင်လာတဲ့သူ အားလုံးရဲ့ ဆွေးနွေးညှိနှိုင်းမှုနဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်သွားမှာ ဖြစ်ပါတယ်။ ”

မကြာမီကာလအတွင်း ချင်းပဋိညာဉ်နဲ့ ချင်းလဲန်း အစိုးရပေါ်ပေါက်လာနိုင်ရေးတို့အတွက် ဆက်စပ်သက်ဆိုင်တဲ့ အစုအဖွဲ့အသီးသီးနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဧပြီ လ ၁၄ ရက်နေ့ နေ့စွဲနဲ့ ICNCC က ထုတ်ပြန်ကြေညာထားပါတယ်။

Interim Chin National Consultative Council - ICNCC ကြေညာချက်
Interim Chin National Consultative Council - ICNCC ကြေညာချက်

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ထားတယ်လို့ ကောင်စီအဖွဲ့မှာပါဝင်တဲ့ မင်းတပ် ချင်းကာ ကွယ်ရေး CDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမာန်က အခုလိုပြောပါတယ်။

“ အကုန်လုံးကတော့ နိုင်ငံရေးအသိ ပွင့်လင်းလာတာရယ်။ နိုင်ငံရေး အခင်းအကျင်း တိုက်ပွဲတွေကတော့ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက NLD အစိုးရ လက်ထက်က ပုံစံဖြစ်တော့မှာ မဟုတ်ဘူး။ ဖက်ဒရယ် စစ်စစ်ပေါ့နော်။ ဖက်ဒရယ် မူဘောင် ဖက်ဒရယ်အချက်အလက်တွေ အများကြီးပါတဲ့ နိုင်ငံရေးတွေနဲ့ပြန်စ ကြမယ်ထင်တယ်။ သေချာတာ တခုကတော့ တော်လှန်ရေးအသွင်ထဲမှာ အကုန်လုံးကတော့ ဖက်ဒရယ်ပုံစံ ပါတဲ့ဟာပဲ သွားမှာတော့ သေချာတယ်။ ဘယ်လို ဖက်ဒရယ်ဖြစ်မလဲ ချင်းပြည်တပြည်လုံး အနေနဲ့လား။ မြို့နယ်ကို အခြေခံမလား။ ပထဝီဒေသကို အခြေခံမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ။ ”

ချင်းပြည်နယ် မြို့နယ်အားလုံးလိုလိုမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရှိနေကြပါတယ်။ နွေဦးတော်လှန်ရေးနဲ့အတူ ချင်းလူငယ်တွေ အမျိုးသားရေး အခန်းကဏ္ဍမှာ ပိုပြီး တက်ကြွလာတယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီအဖွဲ့မှာပါဝင်တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဇာအုတ်ကလင်ကပြောပါတယ်။

“ အခု အဓိက နွေဦးတော်လှန်ရေးကို ဦးဆောင်နေသူတွေက လူငယ်တွေပဲ ဖြစ်ပါတယ်။ အဲဒီလူငယ်တွေဟာ စစ်တပ်အာဏာ ပြန်မသိမ်းခင်ကတည်းက စပြီးတော့ နိုင်ငံရေးနိုးကြားမှုတွေ ပိုရှိလာကြတယ်။ အဲဒီ NLD ၊ USDP အစိုးရ လက်ထက်မှာ သူတို့လိုချင်နေတဲ့ အတိုင်းအတာအထိ အမျိုးသားအခွင့်အရေးတွေ မရခဲ့တာရှိသလို သူတို့မျှော်လင့်ချက်အတိုင်း ဖြစ်မလာခဲ့တဲ့ အရာတွေလည်း အများကြီးရှိတယ်။ အဲတာကြောင့်မို့လို့ နွေဦးတော်လှန်ရေးလည်း သူတို့က ပိုပြီးတော့ အမျိုးသားရေးစိတ်ဓါတ်တွေ ထက်သန်လာတာ ကျနော်တို့တွေ့ရတယ်။ ”

မြန်မာသမိုင်းမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဦးနုအစိုးရလက်ထက်မှာ ပြည်နယ်နဲ့တိုင်းတွေ ခွဲပေးချိန်တုန်းက ချင်းနိုင်ငံရေးသမားတချို့က ချင်းပြည်နယ်အဖြစ် သတ်မှတ်တာကို လက်မခံ ခဲ့ကြပါဘူး။ အဲဒီလို အခြေအနေကနေ ချင်းပဋိညာဉ်နှင့် ချင်းပြည်ထောင်အစိုးရ ပေါ်ပေါက်လာနိုင်ရေးအတွက် ဦးတည်ဆောင်ရွက်လာတဲ့အပေါ် ဇာအုတ်ကလင်က အခုလိုဆက်ပြောပါတယ်။

“ ကျနော်တို့ ချင်းနိုင်ငံရေးသမားတချို့က Independence ရခါစတုန်းက နိုင်ငံရေး အမျှော်အမြင် အတွေးအမြင် သိပ်မရှိခဲ့တာလဲဖြစ်နိုင်တယ်။ ဒါပေမယ်လို့ အခုအချိန်မှ ာဆိုလို့ရှိရင် ကျနော်တို့ တစိုက်မတ်မတ် ဖက်ဒရယ်ကို ပြည်ထောင်စုစနစ် လိုချင်တဲ့အကြောင်း ကျနော်တို့ တောင်းဆိုပြီးတော့ ပူးပေါင်းလာခဲ့တာဖြစ်တယ်။ တကယ်တမ်းဆိုလို့ရှိရင် ဗိုလ်နေဝင်း အာဏာ မသိမ်းခင်ကတည်းကနေ ချင်းတွေက ဖက်ဒရယ်ပြည်ထောင်စုအစိုးရကို ပြည်ထောင်စုစနစ်ကို လိုချင်ခဲ့လို့ နေဝင်းအာဏာသိမ်းတာနဲ့ ကျနော်တို့ချင်းတော်လှန်ရေး ပေါ်ပေါက်လာခဲ့တယ်။ အခုချိန်မှာ စစ်တပ်အာဏာပြန်သိမ်းတဲ့ အချိန်မှာလည်း ကျနော်တို့ ဖက်ဒရယ်လမ်းကြောင်းကို ဦးတည်ပြီးတော့ တော်လှန်ရေး ပြန်လည် ဆင်နွှဲရတာဖြစ်တယ်။ ”

ICNCC ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ချင်းပြည်ထောင် တည်ဆောက်ရေး ရည်မှန်းချက်အကောင်အထည်ဖော်ဆောင်ရေး ဖြစ်မဖြစ်ဆိုတာကိုတော့ ပြောဖို့စောနေသေးတယ်လို့ တခြား ချင်းတပ်ပေါင်းစုအဖွဲ့တခုဖြစ်တဲ့ ချင်းဒေသကာကွယ်ရေး လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းကော်မတီ Chinland Joint Defense Committee (CJDC) တာဝန်ရှိသူက ပြောပါတယ်။

ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီအဖွဲ့ထဲမှာ ချင်းအမျိုးသားတပ်ဦး CNF ၂၀၂၀ခုနှစ်ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသအသီးသီးက ချင်းကာကွယ်ရေး လက်နက်ကိုင်အင်အားစုတွေ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့သပိတ်ကိုယ်စားလှယ်တွေ CDM ကိုယ်စားလှယ်တွေ အမျိုးသမီးကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ ICNCC ထုတ်ပြန်ချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးနှင့် ချင်းပြည်ထောင် တည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်တွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = = = = = = =

{{ UNICODE }}














XS
SM
MD
LG