သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဘာသာေရးဖိႏွိပ္မႈေၾကာင့္ ျမန္မာႏိုင္ငံမွာ ဒုကၡသည္ျဖစ္ရသူ ၁ သန္းေက်ာ္ရွိ (USCIRF)


2022 USCIRF Religious Freedom Recommendations (USCIRF/April 26, 2022)

ဘာသာေရး ဖိႏွိပ္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံကေန အိုးအိမ္စြန္႔ခြါထြက္ေျပးရတဲ့ ဒုကၡသည္ေပါင္းက အခုဆိုရင္ ၁.၂ သန္းေက်ာ္ ရွိေနၿပီလို႔ အေမရိကန္ျပည္ေထာင္စု ဘာသာေရးလြတ္လပ္ခြင့္ ေကာ္မရွင္ USCIRF က ၂၀၂၂ ခု ေမလ ၁၂ ရက္ေန႔ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

ဘာသာေရးဖိႏွိပ္မႈေၾကာင့္ ျမန္မာႏိုင္ငံမွာ ဒုကၡသည္ျဖစ္ရသူ ၁ သန္းေက်ာ္ရွိ (USCIRF)

{{Zawgyi/Unicode}}

ဘာသာေရး ဖိႏွိပ္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံကေန အိုးအိမ္စြန္႔ခြါထြက္ေျပးရတဲ့ ဒုကၡသည္ေပါင္းက အခုဆိုရင္ ၁.၂ သန္းေက်ာ္ ရွိေနၿပီလို႔ အေမရိကန္ျပည္ေထာင္စု ဘာသာေရးလြတ္လပ္ခြင့္ ေကာ္မရွင္ USCIRF က ၂၀၂၂ ခု ေမလ ၁၂ ရက္ေန႔ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံကေန အိုးအိမ္စြန္႔ခြာထြက္ေျပးရတဲ့ ဒုကၡသည္ေပါင္းက အခုဆိုရင္ ၁.၂ သန္းေက်ာ္ ရွိေနၿပီလို႔ အေမရိကန္ ျပည္ေထာင္စု ဘာသာေရး လြတ္လပ္ခြင့္ ေကာ္မရွင္ USCIRF က ၂၀၂၂ ခု ေမလ ၁၂ ရက္ေန႔ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

ျမန္မာစစ္တပ္ရဲ႕ ခြဲဲျခားဆက္ဆံမႈေၾကာင့္ ထြက္ေျပးရတဲ့ ဒုကၡသည္ အမ်ားစုဟာ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြ ျဖစ္ၿပီး ၂၀၁၇ ရခိုင္ျပည္နယ္တြင္း စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ေနာက္ပိုင္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးရသူက ၇ သိန္းခြဲနီးပါးရွိၿပီး ၂၀၂၁ ခုႏွစ္ကုန္အထိဆို ဘဂၤလာေဒ့ရွ္ႏိုင္ငံ Cox’s Bazar ဒုကၡသည္ စခန္းေတြမွာ ခိုလႈံေနရသူက ၁ သန္းေလာက္ရွိလာေနၿပီလို႔ ေဖၚျပထားပါတယ္။

ဒီဒုကၡသည္စခန္းေတြမွာ ေနထိုင္ရတဲ ့႐ိုဟင္ဂ်ာေတြ ဟာလည္း အၾကမ္းဖက္မႈအပါအဝင္ ဆိုးဝါးတဲ့ အေနထားေအာက္မွာ ေနေနၾကရသလို ခရစ္ယန္ ႐ိုဟင္ဂ်ာေတြ အပါအဝင္ တခ်ဳိ႕ကေတာ့ အႏၲရာယ္ႀကီးတဲ လူသူမနီး ဘာဆန္ခ်ာကၽြန္းကို ေျပာင္းေရႊ႕တာခံရေၾကာင္းနဲ႔ တခ်ိဳ႕ကလည္း မေလးရွားနဲ႔ အင္ဒိုနီးရွားလို တျခား အေရွ႕ေတာင္အာရွ ASEAN ႏိုင္ငံေတြဆီ အသက္အႏၲရာယ္ႀကီးတဲ့ ေရလမ္းေန ထြက္ေျပးေနၾကတယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ေဖေဖၚဝါရီလ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေနာက္ပိုင္း အာဏာသိမ္းဆန္႔က်င္ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္မႈေတြေၾကာင့္ ျပည္ပကိုထြက္ေျပးတာ ဒါမွမဟုတ္ ျပည္တြင္းမွာပဲ အိုးအိမ္ေျပာင္းေရႊ႕ထြက္ေျပးရသူက ၂ သိန္းထက္မနည္း ရွိေနတယ္လို႔ ေျပာပါတယ္။

ဒီဒုကၡသည္ေတြထဲမွာ ျမန္မာစစ္တပ္ရဲ႕ ဘာသာေရးေပၚ အေျခခံတဲ့ ပစ္မွတ္ထားဖိႏွိပ္မႈေတြေၾကာင့္ ထြက္ေျပးရသူေတြ ပါဝင္ေနၿပီး ၂၀၂၁ ဒီဇင္ဘာလအထိဆို အိမ္နီးခ်င္း အိႏၵိယႏိုင္ငံမွာ ထြက္ေျပးခိုလႈံရတဲ့ ခ်င္းလူမ်ိဳးး ခရစ္ယန္ဘာသာဝင္က ၃ ေသာင္းေလာက္ ပါဝင္ေနတယ္လို႔ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံကို ဘာသာေရးလြတ္လပ္ခြင့္ အထူးစိုးရိမ္ရတဲ့ ႏိုင္ငံစာရင္းမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာရဲ႕ စာရင္းမွာ အရင္ကတည္းက ထည့္သြင္းၿပီး သားျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................................

ဘာသာရေးဖိနှိပ်မှုကြောင့် မြန်မာနိုင်ငံမှာ ဒုက္ခသည်ဖြစ်ရသူ ၁ သန်းကျော်ရှိ (USCIRF)

{{Zawgyi/Unicode}}

ဘာသာရေး ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ အိုးအိမ်စွန့်ခွါထွက်ပြေးရတဲ့ ဒုက္ခသည်ပေါင်းက အခုဆိုရင် ၁.၂ သန်းကျော် ရှိနေပြီလို့ အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က ၂၀၂၂ ခု မေလ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံကနေ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်ပေါင်းက အခုဆိုရင် ၁.၂ သန်းကျော် ရှိနေပြီလို့ အမေရိကန် ပြည်ထောင်စု ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် USCIRF က ၂၀၂၂ ခု မေလ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ ခွဲခြားဆက်ဆံမှုကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည် အများစုဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေ ဖြစ်ပြီး ၂၀၁၇ ရခိုင်ပြည်နယ်တွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး နောက်ပိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးရသူက ၇ သိန်းခွဲနီးပါးရှိပြီး ၂၀၂၁ ခုနှစ်ကုန်အထိဆို ဘင်္ဂလာဒေ့ရှ်နိုင်ငံ Cox’s Bazar ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရသူက ၁ သန်းလောက်ရှိလာနေပြီလို့ ဖေါ်ပြထားပါတယ်။

ဒီဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတဲ့ရိုဟင်ဂျာတွေ ဟာလည်း အကြမ်းဖက်မှုအပါအဝင် ဆိုးဝါးတဲ့ အနေထားအောက်မှာ နေနေကြရသလို ခရစ်ယန် ရိုဟင်ဂျာတွေ အပါအဝင် တချို့ကတော့ အန္တရာယ်ကြီးတဲ လူသူမနီး ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့တာခံရကြောင်းနဲ့ တချို့ကလည်း မလေးရှားနဲ့ အင်ဒိုနီးရှားလို တခြား အရှေ့တောင်အာရှ ASEAN နိုင်ငံတွေဆီ အသက်အန္တရာယ်ကြီးတဲ့ ရေလမ်းနေ ထွက်ပြေးနေကြတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း အာဏာသိမ်းဆန့်ကျင် ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေကြောင့် ပြည်ပကိုထွက်ပြေးတာ ဒါမှမဟုတ် ပြည်တွင်းမှာပဲ အိုးအိမ်ပြောင်းရွှေ့ထွက်ပြေးရသူက ၂ သိန်းထက်မနည်း ရှိနေတယ်လို့ ပြောပါတယ်။

ဒီဒုက္ခသည်တွေထဲမှာ မြန်မာစစ်တပ်ရဲ့ ဘာသာရေးပေါ် အခြေခံတဲ့ ပစ်မှတ်ထားဖိနှိပ်မှုတွေကြောင့် ထွက်ပြေးရသူတွေ ပါဝင်နေပြီး ၂၀၂၁ ဒီဇင်ဘာလအထိဆို အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ထွက်ပြေးခိုလှုံရတဲ့ ချင်းလူမျိုးး ခရစ်ယန်ဘာသာဝင်က ၃ သောင်းလောက် ပါဝင်နေတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာရဲ့ စာရင်းမှာ အရင်ကတည်းက ထည့်သွင်းပြီး သားဖြစ်ပါတယ်။

XS
SM
MD
LG