သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် ရဲရင့်သောအမျိုးသမီးများဆုရရှိ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးမြှင့်မယ့် ၂၀၂၂ ခုနှစ် “ရဲရင့်သော အမျိုးသမီးများဆု” ရရှိတဲ့သူတွေထဲမှာ ဒေါ်အိသဉ္ဇာမောင် (ဓာတ်ပုံ-US နိုင်ငံခြားရေးဝန်ကြီးဌာန)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးမြှင့်မယ့် ၂၀၂၂ ခုနှစ် “ရဲရင့်သော အမျိုးသမီးများဆု” ရရှိတဲ့သူတွေထဲမှာ ဒေါ်အိသဉ္ဇာမောင် (ဓာတ်ပုံ-US နိုင်ငံခြားရေးဝန်ကြီးဌာန)

[[Zawgyi/Unicode]]

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးမြှင့်မယ့် ၂၀၂၂ ခုနှစ်အတွက် “ရဲရင့်သော အမျိုးသမီးများဆု” ရရှိတဲ့သူတွေထဲမှာ ဒေါ်အိသဉ္ဇာမောင်လည်း ပါဝင်ပါတယ်။

ဒေါ်အိသဉ္ဇာမောင်ဟာ လက်ရှိမှာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးလ်၊ ကိုလုံဘီယာ၊ အီရတ်၊ လိုင်ဘေးရီးယား၊ လစ်ဗျား၊ မော်လ်ဒိုဗာ၊ နီပေါလ်၊ ရိုမေးနီးယား၊ တောင်အာဖရိကနဲ့ ဗီယက်နမ်နိုင်ငံတွေက အမျိုးသမီးတွေနဲ့အတူ ဒေါ်အိသဉ္ဇာမောင်လည်း ဆုရှင်အဖြစ် ရွေးချယ်ခံရတာပါ။

အသက် ၂၈ နှစ်အရွယ် ဒေါ်အိသဉ္ဇာမောင်ဟာ ၂၀၁၅ ခုနှစ်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြသူတွေထဲမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့် ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲမှာ သူဟာ အသက်အငယ်ဆုံး ကိုယ်စားလှယ်လောင်းပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြသူတွေထဲမှာ ထင်ရှားသူတဦးဖြစ်ပါတယ်။

မတ်လ ၁၄ ရက်နေ့ အွန်လိုင်းကနေကျင်းပမယ့် ဆုချီးမြှင့်ပွဲမှာ အမေရိကန်သမ္မတကတော် Jill Biden က ချီးကျူးစကား ပြောမှာ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဆုချီးမြှင့်မှာဖြစ်ပါတယ်။

အခုအခါမှာ ၁၆ ကြိမ်မြောက်ရှိပြီဖြစ်တဲ့ ဒီဆုဟာ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ကျား မ သာတူူညီမျှရေးနဲ့ တန်းတူညီမျှရေး၊ မတူကွဲပြားတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေအားလုံး စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ စတဲ့ကိစ္စရပ်တွေမှာ ကိုယ့်ရဲ့ အသက်အန္တရာယ်နဲ့ ကြုံတွေ့ရပေမယ့် သူရသတ္တိ၊ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ခေါင်းဆောင်မှုပိုင်းမှာ သူမတူအောင် ထူးချွန် ပြောင်မြောက်တဲ့ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို အသိအမှတ်ပြု ပေးအပ်တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဆုကို အရင်က ချီးမြှင့်ခံခဲ့ရသူတွေကတော့ ပဋိပက္ခဒေသက အမျိုးသမီးနဲ့ ကလေးငယ်အရေး ဆောင်ရွက်နေတဲ့ ကရင်တိုင်းရင်း သူ နော်ကညောဖော၊ ကချင်ပြည်နယ်ထဲမှာ စစ်ပွဲတွေရပ်တန့်ရေး ဆောင်ရွက်ခဲ့သူ ကချင်တိုင်းရင်းသူ မမေစံပယ်ဖြူ၊ NUG ရဲ့ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မဖြိုးဖြိုးအောင်တို့ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]







==============

XS
SM
MD
LG