သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာစီယံ သေဘာတူညီခ်က္ အေကာင္အထည္ေဖာ္ဖို႔ စစ္ေကာင္စီကို ကန္ တိုက္တြန္း


Taiwan US AIT

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြကို ေျဖရွင္းဖို႔ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) ရဲ႕ ဘုံသေဘာတူညီခ်က္ေတြကို ျမန္မာစစ္အာဏာပိုင္ေတြ အျမန္ဆုံး အေကာင္အထည္ေဖာ္ဖို႔ အေမရိကန္က တိုက္တြန္းလိုက္ပါတယ္။

အေရွ႕အာရွထိပ္သီး အစည္းအေဝးက အႀကီးတန္းအရာရွိေတြနဲ႔ အာဆီယံအသင္းရဲ႕ ဒုတိယ အတြင္းေရးမႉးခ်ဳပ္ Michael Tene တို႔နဲ႔ ၾကာသပေတးေန႔က ေတြ႕ဆုံအၿပီး ထုတ္ျပန္တဲ့ အေမရိကန္ ႏိုင္ငံျခားေရးဌာန အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ အႀကီးတန္းအရာရွိ Kin Moy ရဲ႕ေၾကညာခ်က္မွာ တိုက္တြန္းလိုက္တာပါ။

ျမန္မာစစ္တပ္ရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြ ရပ္တန႔္ဖို႔ မတရားဖမ္းဆီးထားသူေတြကို ျပန္လႊတ္ဖို႔နဲ႔ ဒီမိုကေရစီ လမ္းေၾကာင္းကို ျပန္လည္ဦးတည္ေစဖို႔ ပူးေပါင္း ေဆာင္႐ြက္ဖို႔လည္း တိုက္တြန္းထားပါတယ္။

အင္ဒုိနီးရွားႏိုင္ငံမွာ ဧၿပီလ (၂၂)ရက္ေန႔က ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္တက္ေရာက္ခဲ့တဲ့ အာဆီယံအသင္းႀကီးရဲ႕ ထိပ္သီးေဆြးေႏြးပြဲကေန ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ဘုံသေဘာတူညီခ်က္ ၅ ခ်က္ခ်မွတ္ေပးခဲ့ပါတယ္။

ျမန္မာ့အေရး အာဆီယံအသင္းရဲ႕ ဘုံသေဘာတူညီခ်က္ ငါးခ်က္ကေတာ့ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ဖို႔၊ ျမန္မာ ျပည္သူေတြရဲ႕ အက်ိဳးအတြက္ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ အေျဖရွာေရးအတြက္ သက္ဆိုင္ရာအင္အားစု အဖြဲ႕အစည္းအားလုံးနဲ႔ အျပဳသေဘာ ေတြ႕ဆုံေဆြးေႏြးဖို႔၊ ဒီေဆြးေႏြးမႈေတြ ျဖစ္ေပၚေရးအတြက္ အာဆီယံအသင္းဥကၠ႒ရဲ႕ အထူးသံတမန္က ၾကားဝင္ကူညီေပးဖို႔၊ လူသားခ်င္းစာနာမႈ အကူအညီေတြကို အာဆီယံက ေပးဖို႔နဲ႔၊ အာဆီယံအသင္းရဲ႕ အထူးသံတမန္နဲ႔ ကိုယ္စားလွယ္အဖြဲ႕ ျမန္မာႏိုင္ငံကို လာၿပီး ျမန္မာႏိုင္ငံအတြင္း လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ သက္ဆိုင္တဲ့ အင္အားစု အဖြဲ႕အစည္းအားလုံးနဲ႔ ေတြ႕ဆုံဖို႔ ဆိုတာေတြ ပါဝင္တယ္လို႔ အာဆီယံအသင္းရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ ဘုံသဘောတူညီချက်တွေကို မြန်မာစစ်အာဏာပိုင်တွေ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

အရှေ့အာရှထိပ်သီး အစည်းအဝေးက အကြီးတန်းအရာရှိတွေနဲ့ အာဆီယံအသင်းရဲ့ ဒုတိယ အတွင်းရေးမှူးချုပ် Michael Tene တို့နဲ့ ကြာသပတေးနေ့က တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်းအရာရှိ Kin Moy ရဲ့ကြေညာချက်မှာ တိုက်တွန်းလိုက်တာပါ။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည်ဦးတည်စေဖို့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဧပြီလ (၂၂)ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့တဲ့ အာဆီယံအသင်းကြီးရဲ့ ထိပ်သီးဆွေးနွေးပွဲကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ချက်ချမှတ်ပေးခဲ့ပါတယ်။

မြန်မာ့အရေး အာဆီယံအသင်းရဲ့ ဘုံသဘောတူညီချက် ငါးချက်ကတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ မြန်မာ ပြည်သူတွေရဲ့ အကျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာရေးအတွက် သက်ဆိုင်ရာအင်အားစု အဖွဲ့အစည်းအားလုံးနဲ့ အပြုသဘော တွေ့ဆုံဆွေးနွေးဖို့၊ ဒီဆွေးနွေးမှုတွေ ဖြစ်ပေါ်ရေးအတွက် အာဆီယံအသင်းဥက္ကဋ္ဌရဲ့ အထူးသံတမန်က ကြားဝင်ကူညီပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အာဆီယံက ပေးဖို့နဲ့၊ အာဆီယံအသင်းရဲ့ အထူးသံတမန်နဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာပြီး မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ သက်ဆိုင်တဲ့ အင်အားစု အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဖို့ ဆိုတာတွေ ပါဝင်တယ်လို့ အာဆီယံအသင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG