သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသင်္ကြန်နှစ်ကူး ကန်နိုင်ငံခြားရေးဝန်ကြီးသဝဏ်လွှာပေးပို့


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကဲန်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကဲန်

[[Zawgyi/unicode]]

အာဏာသိမ်းမှု၊ စစ်ကောင်စီက ကျူးလွန်တဲ့အကြမ်းဖက်မှုaတွနဲ့ ဆက်စပ်နေတဲ့ ဖြစ်ရပ်တွေအတွက် တာဝန်ခံမှု ရှိလာစေဖို့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး မြှင့်တင် ဆောင်ရွက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က ပြောလိုက်ပါတယ်။

မြန်မာပြည်သူတွေကို ပေးပို့တဲ့သင်္ကြန် နှစ်ကူး နှုတ်ခွန်းဆက်စာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးကတည်းက မြန်မာပြည်သူတွေဟာ ဒုက္ခမျိုးစုံကို ခံစားခဲ့ကြရသလို စစ်ကောင်စီကို ဆန့်ကျင်ရာမှာ အံ့မခန်း ကြီးမားလှတဲ့ သူရသတ္တိနဲ့ ပစ်တိုင်းထောင် စိတ်ဓာတ်ကိုလည်းပြသခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးရဲ့စာမှာ ဖော်ပြထားပါတယ်။

အားလုံးပါဝင်တဲ့ ဒီမိုကရေစီနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိအောင် အမေရိကန်ပြည်ထောင်စုက မယိမ်းမယိုင် ကူညီမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ရဲ့ သင်္ကြန်နှစ်ကူးမင်္ဂလာ ထုတ်ပြန်ချက်မှာ ကတိကဝတ် ပြုလိုက်ပါတယ်။

#USMyanmar #MyanmarNewYear #VOABurmese #Blinkenနှစ်သစ်ကူးနှုတ်ခွန်းဆက် #ဗွီအိုအေ #စစ်အာဏာသိမ်းမှု
================

[[unicode]]





================

XS
SM
MD
LG