သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Luhansk ျပည္နယ္ ႐ုရွားတပ္ေတြေအာင္ပြဲခံဟု ႐ုရွားသမၼတေၾကညာ


Luhansk ျပည္နယ္အတြင္း ႐ုရွားလိုလားသူတဦးက အိမ္အျပင္မွာ ႐ုရွားအလံ လႊင့္ထူထားစဥ္။

[[Zawgyi/Unicdoe]]

Lysychansk ၿမိဳ႕ကေန ယူကရိန္းတပ္ေတြ ဆုတ္ခြါသြားတဲ့အတိုင္း Luhansk ျပည္နယ္မွာ ႐ုရွားတပ္ေတြက ေအာင္ပြဲခံေၾကာင္း သမၼတ ပူတင္က တနလၤာေန႔ က ေၾကညာလိုက္ပါတယ္။ တနလၤာေန႔ မွာ ႐ုပ္ျမင္သံၾကားကေန လႊင့္ထုတ္တဲ့ အစည္းအေဝးမွာ ႐ုရွားကာကြယ္ေရးဝန္ႀကီးက သမၼတပူတင္ကို Luhansk ေဒသကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း အစီရင္ခံအၿပီးမွာ သမၼတပူတင္က ခုလို ေျပာလိုက္တာ ျဖစ္ပါတယ္။

ခုအခါမွာ ႐ုရွားတပ္ေတြက Donetsk ေဒသအတြင္းပိုင္းက ၿမိဳ႕ေတြကို ဆက္လက္ ခ်ီတက္ေနေၾကာင္း ယူကရိန္းက ေျပာပါတယ္။

Luhansk ျပည္နယ္ကို သိမ္းပိုက္ေရးအတြက္ အသုံးျပဳခဲ့တဲ့ နည္းဗ်ဴဟာကိုပဲ ႐ုရွားက Donetsk ေဒသတစ္ခုလုံးကို သိမ္းဖို႔ တိုက္ခိုက္ရာမွာ အသုံးျပဳလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ၿဗိတိန္ ကာကြယ္ေရး ဝန္ႀကီးဌာနက အဂၤါေန႔ မွာ ေျပာပါတယ္။

ဒြန္ဘေဒသ တိုက္ပြဲမွာ ေျဖးေျဖး တက္ႏႈန္းနဲ႔ ႐ုရွားက တက္ပါလိမ့္မယ္။ ဒီလို တက္ေနတဲ့ျဖစ္စဥ္အတြင္း လက္နက္ႀကီးေတြ အသုံးျပဳၿပီး ၿမိဳ႕ငယ္ေတြ နဲ႔ ၿမိဳ႕ႀကီးေတြကို ဖ်က္ဆီး တိုက္ခိုက္ပါလိမ့္မယ္လို႔ ၿဗိတိန္ ကာကြယ္ေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။

တိုက္ပြဲေတြ ဆက္ျဖစ္ေနသလို၊ ျပန္လည္တည္ေဆာက္ေရး စတင္ဖို႔အတြက္ စီးပြါးေရး အကူအညီကို သူ႔ တိုင္းျပည္က လိုပါတယ္လို႔ တနလၤာေန႔ ည ဗြီဒီယို မိန႔္ခြန္းမွာ ယူကရိန္း သမၼတ Zelenskyy က ေျပာသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

Lysychansk မြို့ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွါသွားတဲ့အတိုင်း Luhansk ပြည်နယ်မှာ ရုရှားတပ်တွေက အောင်ပွဲခံကြောင်း သမ္မတ ပူတင်က တနင်္လာနေ့ က ကြေညာလိုက်ပါတယ်။ တနင်္လာနေ့ မှာ ရုပ်မြင်သံကြားကနေ လွှင့်ထုတ်တဲ့ အစည်းအဝေးမှာ ရုရှားကာကွယ်ရေးဝန်ကြီးက သမ္မတပူတင်ကို Luhansk ဒေသကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အစီရင်ခံအပြီးမှာ သမ္မတပူတင်က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ခုအခါမှာ ရုရှားတပ်တွေက Donetsk ဒေသအတွင်းပိုင်းက မြို့တွေကို ဆက်လက် ချီတက်နေကြောင်း ယူကရိန်းက ပြောပါတယ်။

Luhansk ပြည်နယ်ကို သိမ်းပိုက်ရေးအတွက် အသုံးပြုခဲ့တဲ့ နည်းဗျူဟာကိုပဲ ရုရှားက Donetsk ဒေသတစ်ခုလုံးကို သိမ်းဖို့ တိုက်ခိုက်ရာမှာ အသုံးပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက အင်္ဂါနေ့ မှာ ပြောပါတယ်။

ဒွန်ဘဒေသ တိုက်ပွဲမှာ ဖြေးဖြေး တက်နှုန်းနဲ့ ရုရှားက တက်ပါလိမ့်မယ်။ ဒီလို တက်နေတဲ့ဖြစ်စဥ်အတွင်း လက်နက်ကြီးတွေ အသုံးပြုပြီး မြို့ငယ်တွေ နဲ့ မြို့ကြီးတွေကို ဖျက်ဆီး တိုက်ခိုက်ပါလိမ့်မယ်လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေသလို၊ ပြန်လည်တည်ဆောက်ရေး စတင်ဖို့အတွက် စီးပွါးရေး အကူအညီကို သူ့ တိုင်းပြည်က လိုပါတယ်လို့ တနင်္လာနေ့ ည ဗွီဒီယို မိန့်ခွန်းမှာ ယူကရိန်း သမ္မတ Zelenskyy က ပြောသွားခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG