[[ ZAWGYI / UNICODE ]]
ယူကရိန္းအေရွ႕ပိုင္း Luhansk ေဒသမွာ ႐ုရွားႏိုင္ေၾကာင္း သမၼတ Putin ေၾကညာ
ယူကရိန္း တပ္ဖြဲ႔ေတြဟာ သူတို႔ ေနာက္ဆုံုး အခိုင္အမာ တပ္စြဲခဲ႔တဲ႔ Lysychansk ၿမိဳ႕ကေန ဆုတ္ခြာသြားခ်ိန္မွာပဲ သမၼတ Vladimir Putin က ယူကရိန္း ႏိုင္ငံ အေရွ႕ပိုင္း Luhansk ျပည္နယ္မွာ ႐ုရွားတို႔ အႏိုင္ရေၾကာင္း တနလာၤေန႔မွာ ေၾကညာလိုက္ပါတယ္။ ႐ုရွားတပ္ဖြဲ႔ေတြ ကလည္း နယ္ခ်င္းကပ္ေနတဲ႔ Donetsk ျပည္နယ္ကို တိုက္ခိုက္ဖို႔ ခ်က္ခ်င္းပဲ ဦးတည္လုပ္ေဆာင္ လာပါတယ္။
ယူကရိန္း သမၼတ Volodymyr Zelenskyy ဦးေဆာင္တဲ႔ အစိုးရကို ျဖဳတ္ခ်ေရး ဒါမွမဟုတ္လည္း ၿမိဳ႕ေတာ္ Kyiv ကို သိမ္းပိုက္ေရး မေအာင္မျမင္ ျဖစ္ခဲ႔ၿပီးေနာက္ ၅ လပိုင္းထဲကို ေရာက္လာၿပီ ျဖစ္တဲ႔ ႐ုရွားရဲ႕ ယူကရိန္း က်ဴးေက်ာ္စစ္အတြင္း ႐ုရွား သမၼတ Putin ဘက္က ထိန္းခ်ဳပ္ႏိုင္ေရး ႀကိဳးစားေနတဲ႔ စက္မႈထြန္းကားရာ Donbas ေဒသတြင္းမွာ ဒီေဒသလည္း ပါ၀င္ေနတာလည္း ျဖစ္ပါတယ္။
Donetsk ေဒသရဲ႕ တ၀က္နီးပါးကို ႐ုရွားတို႔ ထိန္းခ်ဳပ္ထားျဖစ္ၿပီး ဒီေဒသတြင္းက Siversk, Fedorivka နဲ႔ Bakhmut တို႔မွာ အသာစီးရေရး အတြက္ ႐ုရွားတို႔ဘက္က လက္ရွိမွာ ႀကိဳးစားနေၾကာင္း ယူကရိန္းက ေျပာပါတယ္။
Luhansk ေဒသကို ႐ုရွား တပ္ဖြဲ႔ေတြ ထိန္းခ်ဳပ္လိုက္ၿပီး ျဖစ္ေၾကာင္း ႐ုရွား ကာကြယ္ေရး ၀န္ႀကီး Sergei Shoigu က တနလာၤေန႔ ႐ုပ္သံက တဆင့္ ေတြ႕ဆံုပြဲမွာ ႐ုရွား သမၼတ Putin ကို အစီရင္ခံခဲ႔တာ ျဖစ္ပါတယ္။ Luhansk မွာ ေအာင္ပြဲရေအာင္ တိုက္ခိုက္ခဲ႔ၾကတဲ႔ တပ္ဖြဲ႔ေတြ အနားယူၿပီး တိုက္ခိုက္ေရး စြမ္းရည္ ျမႇင့္ၾကဖို႔လည္း ႐ုရွား သမၼတ Putin က ျပန္လည္ ေျပာဆိုခဲ႔ပါတယ္။
ပိတ္ဆို႔ခံရမယ့္ အေရးကို ေရွာင္ႏိုင္ဖို႔ အတြက္ ယူကရိန္း တပ္ဖြဲ႔ေတြ Lysychansk ကေန ျပန္လည္ ဆုတ္ခြာခဲ႔ေၾကာင္း Luhansk အုပ္ခ်ဳပ္ေရးမွဴး Serhiy Haidai က AP သတင္း ေအဂ်င္စီကို တနလာၤေန႔မွာ ေျပာပါတယ္။
= = = = = = = = =
{{ UNICODE }}
ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသမှာ ရုရှားနိုင်ကြောင်း သမ္မတ Putin ကြေညာ
ယူကရိန်း တပ်ဖွဲ့တွေဟာ သူတို့ နောက်ဆုံး အခိုင်အမာ တပ်စွဲခဲ့တဲ့ Lysychansk မြို့ကနေ ဆုတ်ခွာသွားချိန်မှာပဲ သမ္မတ Vladimir Putin က ယူကရိန်း နိုင်ငံ အရှေ့ပိုင်း Luhansk ပြည်နယ်မှာ ရုရှားတို့ အနိုင်ရကြောင်း တနလာၤနေ့မှာ ကြေညာလိုက်ပါတယ်။ ရုရှားတပ်ဖွဲ့တွေ ကလည်း နယ်ချင်းကပ်နေတဲ့ Donetsk ပြည်နယ်ကို တိုက်ခိုက်ဖို့ ချက်ချင်းပဲ ဦးတည်လုပ်ဆောင် လာပါတယ်။
ယူကရိန်း သမ္မတ Volodymyr Zelenskyy ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချရေး ဒါမှမဟုတ်လည်း မြို့တော် Kyiv ကို သိမ်းပိုက်ရေး မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် ၅ လပိုင်းထဲကို ရောက်လာပြီ ဖြစ်တဲ့ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်အတွင်း ရုရှား သမ္မတ Putin ဘက်က ထိန်းချုပ်နိုင်ရေး ကြိုးစားနေတဲ့ စက်မှုထွန်းကားရာ Donbas ဒေသတွင်းမှာ ဒီဒေသလည်း ပါဝင်နေတာလည်း ဖြစ်ပါတယ်။
Donetsk ဒေသရဲ့ တဝက်နီးပါးကို ရုရှားတို့ ထိန်းချုပ်ထားဖြစ်ပြီး ဒီဒေသတွင်းက Siversk, Fedorivka နဲ့ Bakhmut တို့မှာ အသာစီးရရေး အတွက် ရုရှားတို့ဘက်က လက်ရှိမှာ ကြိုးစားနကြောင်း ယူကရိန်းက ပြောပါတယ်။
Luhansk ဒေသကို ရုရှား တပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ပြီး ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီး Sergei Shoigu က တနလာၤနေ့ ရုပ်သံက တဆင့် တွေ့ဆုံပွဲမှာ ရုရှား သမ္မတ Putin ကို အစီရင်ခံခဲ့တာ ဖြစ်ပါတယ်။ Luhansk မှာ အောင်ပွဲရအောင် တိုက်ခိုက်ခဲ့ကြတဲ့ တပ်ဖွဲ့တွေ အနားယူပြီး တိုက်ခိုက်ရေး စွမ်းရည် မြှင့်ကြဖို့လည်း ရုရှား သမ္မတ Putin က ပြန်လည် ပြောဆိုခဲ့ပါတယ်။
ပိတ်ဆို့ခံရမယ့် အရေးကို ရှောင်နိုင်ဖို့ အတွက် ယူကရိန်း တပ်ဖွဲ့တွေ Lysychansk ကနေ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း Luhansk အုပ်ချုပ်ရေးမှူး Serhiy Haidai က AP သတင်း အေဂျင်စီကို တနလာၤနေ့မှာ ပြောပါတယ်။