[[ ZAWGYI / UNICODE ]]
ယူကရိန္း အေရွ႕ပိုင္း Lysychansk ၿမိဳ႕ကို သိမ္းပိုက္ေၾကာင္း ႐ုရွား ေၾကညာ
ယူကရိန္းအေရွ႕ပိုင္း Luhansk ေဒသက ယူကရိန္းေတြထိန္းခ်ဳပ္ထားဆဲျဖစ္တဲ့ ေနာက္ဆံုးၿမိဳ႕ Lysychansk ကို သိမ္းပိုက္ခဲ့တယ္လို႔ ႐ုရွားက တနဂၤေႏြေန႔မွာ ေၾကညာပါတယ္။ Luhansk ျပည္သူ႔သမၼတႏိုင္ငံ - LPR အျဖစ္ ခြဲထြက္ေရးလိုလားသူေတြ အမည္ေပးထားတဲ့ ဒီေဒသကို ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီး Sergei Shoigu က သမၼတ Vladimir Putin ဆီကို အေၾကာင္းၾကားခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက တယ္လီဂရမ္ ကြန္ယက္မွာ ေျပာၾကားခဲ့တာပါ။
႐ုရွားတပ္ေတြဟာ LPR ျပည္သူ႔စစ္အဖြဲ႔ေတြနဲ႔ အတူလက္တြဲ ထိုးစစ္ဆင္ခဲ့တဲ့ အတြက္ စက္မႈထြန္းကားတဲ့ Lysychansk ၿမိဳ႕နဲ႔ ဝန္းက်င္ေဒသ အမ်ားအျပားကို အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္လို႔ ကာကြယ္ေရးဝန္ႀကီး Shoigu က သတင္းပို႔ခဲ့ေၾကာင္း ဝန္ႀကီးဌာနရဲ႕ post မွာ ေဖၚျပထားတာ ျဖစ္ပါတယ္။
ယူကရိန္းကာကြယ္ေရးဝန္ႀကီးဌာန ရဲ႕ BBC သတင္းဌာနနဲ႔ ေမးျမန္းခန္းမွာေတာ့ အဲဒီ Lysychansk ကို ႐ုရွားတပ္ေတြနဲ႔ သူတို႔ရဲ႕ မဟာမိတ္ခြဲထြက္ေရးတပ္ဖဲြ႕ေတြ အျပည့္အဝ ထိန္းခ်ဳပ္ထားတာ မဟုတ္ဖူးလို႔ ေျပာၾကားထားတာပါ။ ဒါေပမယ့္ ႐ုရွားက ျပင္းျပင္းထန္ထန္ တိုက္ခိုက္ေနခ်ိန္မွာပဲ အဲဒီၿမိဳ႕က တခ်ိဳ႕ေနရာေတြကေန ယူကရိန္းတပ္ေတြဆုတ္ခြါေပးခဲ့ ရတယ္လို႔ ေျပာပါတယ္။ ယူကရိန္းက ေဒသအုပ္ခ်ဳပ္ေရးမႈး Serhiy Haidai ကေတာ့ ဒီၿမိဳ႕ဟာ အျပင္းအထန္တိုက္ခိုက္တာ ခံေနရေၾကာင္း ေျပာပါတယ္။ ယူူကရိန္းစစ္တပ္ေျပာခြင့္ရ ကလည္း လူ႔အသက္ကို ထိပ္တန္းဦးစားေပးအျဖစ္ တန္ဖိုးထားတဲ့ ယူကရိန္းေတြ အတြက္ တခ်ိဳ႕ေဒသေတြဆို ေနာက္မွ ျပန္သိမ္းပိုက္ႏိုင္တဲ့အတြက္ ဆုတ္ေပးလိုက္တာမ်ိဳးရွိတယ္လို႔ ေျပာပါတယ္။
႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္စစ္ဆင္ႏဲႊတာ ၄ လ ရွိေနၿပီျဖစ္ၿပီး အေစာပိုင္းမွ ယူကရိန္းသမၼတ Volodymyr Zelenskyy ကို ျဖဳတ္ခ်ဖို႔ ဒါမွမဟုတ္ ၿမိဳ႕ေတာ္ Kyiv ကို သိမ္းပိုက္ဖို႔ မေအာင္ျမင္တဲ့ အတြက္ ႐ုရွားက ယူကရိန္းအေရွ႕ပိုင္း Donbas ေဒသကို ထိန္းခ်ဳပ္ဖို႔ ဦးစားေပး လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ယူကရိန္းေတြဟာ Luhansk ေဒသနဲ႔ ကပ္ရက္ Donetsk ေဒသက ၿမိဳ႕အမ်ားအျပားကို ထိန္းခ်ဳပ္ထားတာ ျဖစ္ပါတယ္။
==============
{{ UNICODE }}
ယူကရိန်း အရှေ့ပိုင်း Lysychansk မြို့ကို သိမ်းပိုက်ကြောင်း ရုရှား ကြေညာ
ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသက ယူကရိန်းတွေထိန်းချုပ်ထားဆဲဖြစ်တဲ့ နောက်ဆုံးမြို့ Lysychansk ကို သိမ်းပိုက်ခဲ့တယ်လို့ ရုရှားက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ Luhansk ပြည်သူ့သမ္မတနိုင်ငံ - LPR အဖြစ် ခွဲထွက်ရေးလိုလားသူတွေ အမည်ပေးထားတဲ့ ဒီဒေသကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က သမ္မတ Vladimir Putin ဆီကို အကြောင်းကြားခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ် ကွန်ယက်မှာ ပြောကြားခဲ့တာပါ။
ရုရှားတပ်တွေဟာ LPR ပြည်သူ့စစ်အဖွဲ့တွေနဲ့ အတူလက်တွဲ ထိုးစစ်ဆင်ခဲ့တဲ့ အတွက် စက်မှုထွန်းကားတဲ့ Lysychansk မြို့နဲ့ ဝန်းကျင်ဒေသ အများအပြားကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး Shoigu က သတင်းပို့ခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ post မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ရဲ့ BBC သတင်းဌာနနဲ့ မေးမြန်းခန်းမှာတော့ အဲဒီ Lysychansk ကို ရုရှားတပ်တွေနဲ့ သူတို့ရဲ့ မဟာမိတ်ခွဲထွက်ရေးတပ်ဖွဲ့တွေ အပြည့်အဝ ထိန်းချုပ်ထားတာ မဟုတ်ဖူးလို့ ပြောကြားထားတာပါ။ ဒါပေမယ့် ရုရှားက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေချိန်မှာပဲ အဲဒီမြို့က တချို့နေရာတွေကနေ ယူကရိန်းတပ်တွေဆုတ်ခွါပေးခဲ့ ရတယ်လို့ ပြောပါတယ်။ ယူကရိန်းက ဒေသအုပ်ချုပ်ရေးမှုး Serhiy Haidai ကတော့ ဒီမြို့ဟာ အပြင်းအထန်တိုက်ခိုက်တာ ခံနေရကြောင်း ပြောပါတယ်။ ယူူကရိန်းစစ်တပ်ပြောခွင့်ရ ကလည်း လူ့အသက်ကို ထိပ်တန်းဦးစားပေးအဖြစ် တန်ဖိုးထားတဲ့ ယူကရိန်းတွေ အတွက် တချို့ဒေသတွေဆို နောက်မှ ပြန်သိမ်းပိုက်နိုင်တဲ့အတွက် ဆုတ်ပေးလိုက်တာမျိုးရှိတယ်လို့ ပြောပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲှတာ ၄ လ ရှိနေပြီဖြစ်ပြီး အစောပိုင်းမှ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို ဖြုတ်ချဖို့ ဒါမှမဟုတ် မြို့တော် Kyiv ကို သိမ်းပိုက်ဖို့ မအောင်မြင်တဲ့ အတွက် ရုရှားက ယူကရိန်းအရှေ့ပိုင်း Donbas ဒေသကို ထိန်းချုပ်ဖို့ ဦးစားပေး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းတွေဟာ Luhansk ဒေသနဲ့ ကပ်ရက် Donetsk ဒေသက မြို့အများအပြားကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။