သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရွ႕ပိုင္းကၿမိဳ႕တခ်ိဳ႕ ႐ုရွားသိမ္းပိုက္


(Zawgyi/ Unicode)
ယူကရိန္း အေရွ႕ပိုင္းေဒသထဲ ကို ႐ုရွားတပ္ေတြ ပိုၿပီး နက္နက္ရႈိင္းရႈိင္း ထိုးစစ္ဆင္ ဝင္ေရာက္ဖို႔ ႀကိဳးစားေနၾကပါတယ္။
Lysychansk ၿမိဳ႕ကေန တပ္မ်ား ကို ဆုတ္ခြါခဲ့ေၾကာင္း ယူကရိန္း စစ္တပ္ က အတည္ျပဳ ေျပာၾကားပါတယ္။ ခုခံမယ္ ဆိုရင္ ရက္သတၱေပါင္းမ်ားစြာ ခုခံႏိုင္ေပမဲ့ ေပးဆပ္ရမွာ က ႀကီးမားတဲ့အတြက္ ဗဟို ဆုံးျဖတ္ခ်က္ နဲ႔ ဆုတ္ခြါခဲ့တာ ျဖစ္ေၾကာင္း Luhansk ေဒသ အုပ္ခ်ဳပ္ေရးမႉး Serhii Haidai က ေျပာပါတယ္။ ဒြန္ဘ ေဒသ ရဲ႕ ဒုတိယ ျပည္နယ္ Donetsk ရဲ႕ တစ္ဝက္ က ႐ုရွား တပ္ေတြ ေအာက္ ေရာက္သြားၿပီ ျဖစ္ပါတယ္။ Donetsk ျပည္နယ္ ရဲ႕ အတြင္းပိုင္း ၿမိဳ႕ေတြ ျဖစ္ၾကတဲ့ Sloviansk နဲ႔ Kramatorsk ၿမိဳ႕ ၂ ၿမိဳ႕ ကို ႐ုရွား က လက္နက္ႀကီးေတြ နဲ႔ ပစ္ခတ္ တိုက္ခတ္ခဲ့တဲ့အတြက္ Sloviansk ၿမိဳ႕ မွာ တနဂၤေႏြေန႔ က ၉ ႏွစ္အ႐ြယ္ မိန္းခေလး တစ္ဦး အပါအဝင္ လူ ၆ ေယာက္ ေသဆုံးၿပီး၊ ၁၉ ေယာက္ ဒဏ္ရာ ရရွိခဲ့ၾကပါတယ္။
ယူကရိန္း ရဲ႕ ဆုတ္ခြါမႈ ကို ၿဗိတိသွ် ေထာက္လွမ္းေရး ရဲ႕ တနလၤာေန႔ အကဲျဖတ္ခ်က္ က ေထာက္ခံလိုက္ပါတယ္။ ႐ုရွား ရဲ႕ ထိုးစစ္ က Donetsk ေဒသတစ္ခုလုံး သိမ္းပိုက္ေရး ျဖစ္ေၾကာင္း၊ ႐ုရွား စစ္တပ္ ဟာ လူအင္အားအရ အေရးပါေလာက္ေအာင္ မသာလြန္ေပမဲ့၊ ပစ္အားမွာေတာ့ အမ်ားႀကီး သာလြန္ေၾကာင္း ၿဗိတိသွ် ေထာက္လွမ္းေရး က ဆိုပါတယ္။ ဒါေၾကာင့္ နယ္ေျမ ကို သိမ္းပိုက္ဖို႔ အရင္းအျမစ္ နည္းေနၿပီး၊ ယူကရိန္း တပ္ေတြ ကို လက္နက္ႀကီးေတြ၊ ေရာကက္ေတြ နဲ႔ တိုက္ခိုင္ကာ၊ ေျဖးေျဖးပဲ တက္မယ့္ သေဘာျဖစ္တယ္ လို႔ ၿဗိတိသွ် ေထာက္လွမ္းေရး က အကဲျဖတ္ပါတယ္။
Donbas ေဒသတစ္ခုလုံး သိမ္းပိုက္ေရး ဟာ ႐ုရွား ရဲ႕ ရည္မွန္းခ်က္ ျဖစ္ၿပီး၊ စစ္ ရဲ႕ အေစာပိုင္း ရက္ေတြ မွာ ခြဲထြက္ေရးသမားေတြ က ႏိုင္ငံအျဖစ္ ေၾကညာခဲ့တာ ကို ႐ုရွား က အသိအမွတ္ျပဳခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode:

ယူကရိန်း အရှေ့ပိုင်းဒေသထဲ ကို ရုရှားတပ်တွေ ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိုးစစ်ဆင် ဝင်ရောက်ဖို့ ကြိုးစားနေကြပါတယ်။
Lysychansk မြို့ကနေ တပ်များ ကို ဆုတ်ခွါခဲ့ကြောင်း ယူကရိန်း စစ်တပ် က အတည်ပြု ပြောကြားပါတယ်။ ခုခံမယ် ဆိုရင် ရက်သတ္တပေါင်းများစွာ ခုခံနိုင်ပေမဲ့ ပေးဆပ်ရမှာ က ကြီးမားတဲ့အတွက် ဗဟို ဆုံးဖြတ်ချက် နဲ့ ဆုတ်ခွါခဲ့တာ ဖြစ်ကြောင်း Luhansk ဒေသ အုပ်ချုပ်ရေးမှူး Serhii Haidai က ပြောပါတယ်။ ဒွန်ဘ ဒေသ ရဲ့ ဒုတိယ ပြည်နယ် Donetsk ရဲ့ တစ်ဝက် က ရုရှား တပ်တွေ အောက် ရောက်သွားပြီ ဖြစ်ပါတယ်။ Donetsk ပြည်နယ် ရဲ့ အတွင်းပိုင်း မြို့တွေ ဖြစ်ကြတဲ့ Sloviansk နဲ့ Kramatorsk မြို့ ၂ မြို့ ကို ရုရှား က လက်နက်ကြီးတွေ နဲ့ ပစ်ခတ် တိုက်ခတ်ခဲ့တဲ့အတွက် Sloviansk မြို့ မှာ တနင်္ဂနွေနေ့ က ၉ နှစ်အရွယ် မိန်းခလေး တစ်ဦး အပါအဝင် လူ ၆ ယောက် သေဆုံးပြီး၊ ၁၉ ယောက် ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
ယူကရိန်း ရဲ့ ဆုတ်ခွါမှု ကို ဗြိတိသျှ ထောက်လှမ်းရေး ရဲ့ တနင်္လာနေ့ အကဲဖြတ်ချက် က ထောက်ခံလိုက်ပါတယ်။ ရုရှား ရဲ့ ထိုးစစ် က Donetsk ဒေသတစ်ခုလုံး သိမ်းပိုက်ရေး ဖြစ်ကြောင်း၊ ရုရှား စစ်တပ် ဟာ လူအင်အားအရ အရေးပါလောက်အောင် မသာလွန်ပေမဲ့၊ ပစ်အားမှာတော့ အများကြီး သာလွန်ကြောင်း ဗြိတိသျှ ထောက်လှမ်းရေး က ဆိုပါတယ်။ ဒါကြောင့် နယ်မြေ ကို သိမ်းပိုက်ဖို့ အရင်းအမြစ် နည်းနေပြီး၊ ယူကရိန်း တပ်တွေ ကို လက်နက်ကြီးတွေ၊ ရောကက်တွေ နဲ့ တိုက်ခိုင်ကာ၊ ဖြေးဖြေးပဲ တက်မယ့် သဘောဖြစ်တယ် လို့ ဗြိတိသျှ ထောက်လှမ်းရေး က အကဲဖြတ်ပါတယ်။
Donbas ဒေသတစ်ခုလုံး သိမ်းပိုက်ရေး ဟာ ရုရှား ရဲ့ ရည်မှန်းချက် ဖြစ်ပြီး၊ စစ် ရဲ့ အစောပိုင်း ရက်တွေ မှာ ခွဲထွက်ရေးသမားတွေ က နိုင်ငံအဖြစ် ကြေညာခဲ့တာ ကို ရုရှား က အသိအမှတ်ပြုခဲ့ပါတယ်။

XS
SM
MD
LG