သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ဒဏ္သင့္ ေရွ႕တန္းေဒသ ယူကရိန္းသမၼတ သြားေရာက္ၾကည့္႐ႈ


(Zawgyi / Unicode)

ယူကရိန္း သမၼတ Volodymyr Zelenskyy ဟာ ၿမိဳ႕ေတာ္ Kyiv ၿမိဳ႕ေတာ္ကေန ထြက္ခြာၿပီး ႏိုင္ငံ ေတာင္ပိုင္းက စစ္ဒဏ္သင့္ Mykolaiv ၿမိဳ႕ကို သြားေရာက္ပါတယ္။ ႐ုရွားရဲ႕ ယူကရိန္း က်ဴးေက်ာ္စစ္ ၄ လနီးပါးတာ ကာလ အတြင္း ေတာင္ပိုင္းၿမိဳ႕ကို ယူကရိန္း ေခါင္းေဆာင္ ပထမဆံုး သြားေရာက္တဲ႔ ခရီးစဥ္လည္း ျဖစ္ပါတယ္။
ႏိုင္ငံကို ကာကြယ္ေပးေနတဲ႔ အတြက္၊ တဦးခ်င္း တေယာက္ခ်င္းနဲ႔ မိသားစုေတြကို ကာကြယ္ေပးေနတဲ႔ အတြက္ ျမင့္ျမတ္လွတဲ႔ တာ၀န္ထမ္းေဆာင္မႈ အတြက္ အားလံုးကို ေက်းဇူးတင္တယ္လို႔ ယူကရိန္း သမၼတက Mykolaiv ေဒသ ေရွ႕တန္းမွာ ခုခံကာကြယ္ေနၾကတဲ႔ တပ္ဖြဲ႔ေတြထံ သြားေရာက္စဥ္မွာ ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။

ယူကရိန္း ႏိုင္ငံ အေရွ႕ပိုင္း Donbas ေဒသမွာေတာ့ တိုက္ပြဲေတြ ဆိုးရြား ျပင္းထန္ေနဆဲ ျဖစ္ပါတယ္။ အေရွ႕ပိုင္းၿမိဳ႕ Sievierodonetsk ၿမိဳ႕ အနီးက ေက်းရြာေတြမွာ တိုက္ပြဲေတြ ျပင္းထန္ေနေၾကာင္းလည္း ယူကရိန္း အာဏာပိုင္တို႔က ေျပာပါတယ္။ Sievierodonetsk ၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ေရး ႐ုရွား တပ္ဖြဲ႔ေတြ ႀကိဳးစားေနတာ သီတင္းပတ္ေတြနဲ႔ခ်ီ ၾကာျမင့္လာခဲ႔ပါၿပီ။ Sievierodonetsk ၿမိဳ႕ အနီးမွာ လက္ရွိ တိုက္ပြဲေတြ အျပင္းထန္ဆံု ျဖစ္ေနၿပီး ၿမိဳ႕ တခုလံုးကို ႐ုရွားတို႔ မထိန္းခ်ဳပ္ႏိုင္ေၾကာင္း Luhansk ေဒသ အုပ္ခ်ဳပ္ေရးမွဴး Serhiy Haidai က တယ္လီဂရမ္မွာ ေျပာဆိုထားပါတယ္။ အနီးက ေက်းရြာေတြမွာ ခက္ခက္ခဲခဲ တိုက္ခိုက္ေနၾကၿပီး ႐ုရွားတို႔ဘက္က ထိုးေဖာက္ႏိုင္ဖို႔ ႀကိဳးစားေနေပမယ့္လည္း ယူကရိန္းဘက္က ဘက္ေပါင္းစံုကေန ခုခံ ကာကြယ္ေနတယ္လို႔လည္း သူက ေျပာပါတယ္။

Sievierodonetsk ၿမိဳ႕နဲ႔ ျမစ္ တစင္း ျခားထားတဲ႔ ယူကရိန္းတို႔ ထိန္းခ်ဳပ္ထားဆဲ ျဖစ္တဲ႔ Lysychansk ၿမိဳ႕ကို ႐ုရွားတပ္ဖြဲ႔ေတြက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနေၾကာင္းလည္း အုပ္ခ်ဳပ္ေရးမွဴး Haidai က ေျပာပါတယ္။ ယူကရိန္း အလယ္ပိုင္းက Lysychansk နဲ႔ Kremenchuk ေဒသေတြက ေရနံခ်က္ စက္ရံုနဲ႔ ေရနံသိုေလွာင္ရံုေတြကို ႐ုရွားတပ္ဖြဲ႔ေတြက ဖ်က္စီးပစ္ခဲ႔ေၾကာင္း ႐ုရွား ကာကြယ္ေရး ၀န္ႀကီးဌာနက စေနေန႔မွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်ဒဏ်သင့် ရှေ့တန်းဒေသ ယူကရိန်းသမ္မတ သွားရောက်ကြည့်ရှု

ယူကရိန်း သမ္မတ Volodymyr Zelenskyy ဟာ မြို့တော် Kyiv မြို့တော်ကနေ ထွက်ခွာပြီး နိုင်ငံ တောင်ပိုင်းက စစ်ဒဏ်သင့် Mykolaiv မြို့ကို သွားရောက်ပါတယ်။ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် ၄ လနီးပါးတာ ကာလ အတွင်း တောင်ပိုင်းမြို့ကို ယူကရိန်း ခေါင်းဆောင် ပထမဆုံး သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

နိုင်ငံကို ကာကွယ်ပေးနေတဲ့ အတွက်၊ တဦးချင်း တယောက်ချင်းနဲ့ မိသားစုတွေကို ကာကွယ်ပေးနေတဲ့ အတွက် မြင့်မြတ်လှတဲ့ တာဝန်ထမ်းဆောင်မှု အတွက် အားလုံးကို ကျေးဇူးတင်တယ်လို့ ယူကရိန်း သမ္မတက Mykolaiv ဒေသ ရှေ့တန်းမှာ ခုခံကာကွယ်နေကြတဲ့ တပ်ဖွဲ့တွေထံ သွားရောက်စဉ်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံ အရှေ့ပိုင်း Donbas ဒေသမှာတော့ တိုက်ပွဲတွေ ဆိုးရွား ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ အရှေ့ပိုင်းမြို့ Sievierodonetsk မြို့ အနီးက ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်းလည်း ယူကရိန်း အာဏာပိုင်တို့က ပြောပါတယ်။ Sievierodonetsk မြို့ကို ထိန်းချုပ်နိုင်ရေး ရုရှား တပ်ဖွဲ့တွေ ကြိုးစားနေတာ သီတင်းပတ်တွေနဲ့ချီ ကြာမြင့်လာခဲ့ပါပြီ။ Sievierodonetsk မြို့ အနီးမှာ လက်ရှိ တိုက်ပွဲတွေ အပြင်းထန်ဆုံ ဖြစ်နေပြီး မြို့ တခုလုံးကို ရုရှားတို့ မထိန်းချုပ်နိုင်ကြောင်း Luhansk ဒေသ အုပ်ချုပ်ရေးမှူး Serhiy Haidai က တယ်လီဂရမ်မှာ ပြောဆိုထားပါတယ်။ အနီးက ကျေးရွာတွေမှာ ခက်ခက်ခဲခဲ တိုက်ခိုက်နေကြပြီး ရုရှားတို့ဘက်က ထိုးဖောက်နိုင်ဖို့ ကြိုးစားနေပေမယ့်လည်း ယူကရိန်းဘက်က ဘက်ပေါင်းစုံကနေ ခုခံ ကာကွယ်နေတယ်လို့လည်း သူက ပြောပါတယ်။

Sievierodonetsk မြို့နဲ့ မြစ် တစင်း ခြားထားတဲ့ ယူကရိန်းတို့ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ Lysychansk မြို့ကို ရုရှားတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်းလည်း အုပ်ချုပ်ရေးမှူး Haidai က ပြောပါတယ်။ ယူကရိန်း အလယ်ပိုင်းက Lysychansk နဲ့ Kremenchuk ဒေသတွေက ရေနံချက် စက်ရုံနဲ့ ရေနံသိုလှောင်ရုံတွေကို ရုရှားတပ်ဖွဲ့တွေက ဖျက်စီးပစ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။

XS
SM
MD
LG