သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း အေရွ႕ပိုင္း Luhansk ေဒသတခုလုံးနီးပါး ထိန္းခ်ဳပ္လိုက္ေၾကာင္း ႐ုရွားေၾကညာ


ယူကရိန္း အေရွ႕ပိုင္း Luhanks တြင္းမွာ ယူကရိန္းနဲ႔ ႐ုရွား တိုက္ပြဲေတြ အတြင္း Sievierodonetsk ၿမိဳ႕မွာ လက္နက္ႀကီး ပစ္ခတ္မႈေတြေၾကာင့္ မီးခိုးလံုးေတြ ေတြ႕ျမင္ရမႈ။ ဇြန္လ ၇ ၊ ၂၀၂၂။
(Zawgyi / Unicode)

ယူကရိန္း အေရွ႕ဖက္ျခမ္းက လူဟန္႔ျပည္နယ္ရဲ႕ နယ္ေျမ အားလုံးနီးပါးကုိ သိမ္းပုိက္ ထားႏုိင္ေၾကာင္း အဂၤါေန႔မွာ ရုရွားဘက္ကေျပာဆုိလုိက္ပါတယ္။

ဒါေပမယ့္ ယူကရိန္းဘက္ကလည္း သူတုိ႔တပ္ေတြဟာ ဆုတ္ခြါမေပးဘဲ Sievierodonetsk ၿမိဳ႔က လမ္းေတြထဲမွာ ရုရွားတပ္ေတြကုိ ခုခံတုိက္ခုိက္ေနဆဲ ျဖစ္တယ္လုိ႔ ေျပာဆုိပါတယ္။
ရက္သတၱပတ္ အေတာ္ၾကာ တုိက္ခုိက္ၿပီးေနာက္ လူဟန္႔ ေဒသရဲ႕ ၉၇ ရာခုိင္ႏႈန္းေလာက္ကုိ သိမ္းပုိက္ထားႏုိင္ၿပီလုိ႔ ရုရွားကာကြယ္ေရး၀န္ႀကီး Sergei Shoigu က ေျပာဆုိပါတယ္။

ယူကရိန္းသမၼတ Volodymyr Zelenskyy ကေတာ့ Sievierodonetsk ၿမိဳ႔မွာ ယူကရိန္းတပ္ေတြ လက္ေလွ်ာ့ အရႈံးမေပးၾကဘူးလို႔ တနလၤာေန႔ညက ဗီြဒီယုိ မိန္႔ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။ ၿမိဳ႕ေတာ္၀န္ Oleksandr Stryuk ကလည္း ယူကရိန္းတပ္ေတြ လက္ရွိေနရာေတြမွာ အခိုင္အမာ ေနရာယူထားေၾကာင္း အဂၤါေန႔က ေျပာဆိုခဲ့တာပါ။

တိုက္ပဲြေတြအတြင္း ထိခုိက္က်ဆုံးမႈ အမ်ားအျပား ရွိတယ္လုိ႔လည္း ရုရွားနဲ႔ ယူကရိန္း ႏွစ္ဘက္စလုံးက အျပန္အလွန္ ေျပာဆုိၾကပါတယ္။
ေဖေဖၚ၀ါရီလ ၂၄ ရက္ စစ္ပဲြစတင္ခ်ိန္ကစၿပီး ယူကရိန္း စစ္သုံ႔ပန္း ၆၄၈၉ ဦးဖမ္းမိခဲ့ၿပီး ၿပီးခဲ့တဲ့ ၅ ရက္အတြင္းမွာတင္ ၁၂၆ ဦးဖမ္းမိခဲ့တယ္လုိ႔ ရုရွားကာကြယ္ေရး၀န္ႀကီး က ေျပာဆုိခဲ့ပါတယ္။
ယူကရိန္းသမၼတရဲ႕ အၾကံေပး ပုဂၢိဳလ္ကေတာ့ တိုက္ပဲြအတြင္း အရႈံးအႏိုင္ သတင္းေတြေၾကာင့္ စိတ္မပ်က္ၾကဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ယူကရိန်း အရှေ့ပိုင်း Luhansk ဒေသတခုလုံးနီးပါး ထိန်းချုပ်လိုက်ကြောင်း ရုရှားကြေညာ

ယူကရိန်း အရှေ့ဖက်ခြမ်းက လူဟန့်ပြည်နယ်ရဲ့ နယ်မြေ အားလုံးနီးပါးကို သိမ်းပိုက် ထားနိုင်ကြောင်း အင်္ဂါနေ့မှာ ရုရှားဘက်ကပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် ယူကရိန်းဘက်ကလည်း သူတို့တပ်တွေဟာ ဆုတ်ခွါမပေးဘဲ Sievierodonetsk မြို့က လမ်းတွေထဲမှာ ရုရှားတပ်တွေကို ခုခံတိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ရက်သတ္တပတ် အတော်ကြာ တိုက်ခိုက်ပြီးနောက် လူဟန့် ဒေသရဲ့ ၉၇ ရာခိုင်နှုန်းလောက်ကို သိမ်းပိုက်ထားနိုင်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပြောဆိုပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ Sievierodonetsk မြို့မှာ ယူကရိန်းတပ်တွေ လက်လျှော့ အရှုံးမပေးကြဘူးလို့ တနင်္လာနေ့ညက ဗွီဒီယို မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

မြို့တော်ဝန် Oleksandr Stryuk ကလည်း ယူကရိန်းတပ်တွေ လက်ရှိနေရာတွေမှာ အခိုင်အမာ နေရာယူထားကြောင်း အင်္ဂါနေ့က ပြောဆိုခဲ့တာပါ။
တိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးမှု အများအပြား ရှိတယ်လို့လည်း ရုရှားနဲ့ ယူကရိန်း နှစ်ဘက်စလုံးက အပြန်အလှန် ပြောဆိုကြပါတယ်။

ဖေဖေါ်ဝါရီလ ၂၄ ရက် စစ်ပွဲစတင်ချိန်ကစပြီး ယူကရိန်း စစ်သုံ့ပန်း ၆၄၈၉ ဦးဖမ်းမိခဲ့ပြီး ပြီးခဲ့တဲ့ ၅ ရက်အတွင်းမှာတင် ၁၂၆ ဦးဖမ်းမိခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး က ပြောဆိုခဲ့ပါတယ်။
ယူကရိန်းသမ္မတရဲ့ အကြံပေး ပုဂ္ဂိုလ်ကတော့ တိုက်ပွဲအတွင်း အရှုံးအနိုင် သတင်းတွေကြောင့် စိတ်မပျက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG