သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-ယူကရိန်းစစ် ရက်တရာပြည့် ယူကရိန်းအရှေ့ခြမ်းတိုက်ပွဲပြင်းထန်


FILE PHOTO: Russia's invasion of Ukraine continues, in Sievierodonetsk
FILE PHOTO: Russia's invasion of Ukraine continues, in Sievierodonetsk

ရုရှား-ယူကရိန်းစစ် ရက် (၁၀၀) ပြည့်ချိန်၊ ယူကရိန်းအရှေ့ပိုင်း တိုက်ပွဲပြင်းနေပြီး နှစ်ဘက်လုံးက သူတို့နိုင်နေပြီလို့ အပြိုင်ကြုံးဝါးလိုက်ပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Luhansk ပြည်နယ် အဓိက မြိုံ့ကြီး နှစ်ခုမှာ ဝိုင်းထားတာနဲ့ ပြန်တိုက်ထုတ်တာတွေ၊ အပြန်အလှန် ဖြစ်နေချိန်မှာ ရုရှားပြောခွင့်ရနဲ့ ယူကရိန်း ပြည်နယ်အကြီးအကဲ နှစ်ဦးလုံးက အခုလို တပြိုင်တည်း ဟစ်ကြွေးလိုက်တာပါ။

ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က သူတို့ အဓိကတာဝန်ကြီးဖြစ်တဲ့ ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ဒေသက အရပ်သားတွေကို အကာအကွယ်ပေးရေးလုပ်ငန်း အောင်မြင်သွားပါပြီလို့ မနေ့ကပဲ ပြောလိုက်ပါတယ်။

ယူကရိန်းနိုင်ငံ အစိတ်အပိုင်းတွေကို လွတ်မြောက်အောင် ရုရှားတပ်တွေက စွမ်းဆောင်ပေးလိုက်ပြီး၊ ဒီ ရုရှားအထူးစစ်ဆင်ရေးလုပ်ငန်းကို အောင်မြင်တဲ့အထိ ဆက်လုပ်သွားမယ်လို့ ရုရှားပြောခွင့်ရက ဆက်ပြောခဲ့ပါတယ်။

Luhansk ပြည်နယ် မြို့ကြီးး Sievierodonestsk နဲ့ Lysyshansk တွေကို ရုရှားက ဝိုင်းထားဖို့ ဆက်လုံးပန်းနေချိန်၊ ယူကရိန်းရဲ့ Luhansk ပြည်နယ်အကြီးအကဲ Serhiy Gaidai ကလည်း Sievierodonetsk မြို. နယ်မြေကြီးတစ်ခုကို ပြန်သိမ်းနိုင်ခဲ့ပြီလို့ မနေ့က ပြောလိုက်ပါတယ်။

ယူကရိန်းတပ်တွေအနေနဲ့ ဒီဒေသက သိမ်းပိုက်ခံနယ်မြေ (၂၀)% ကို ပြန်သိမ်းယူနိုင်ခဲ့ပြီး၊ ရုရှားတပ်တွေ အားသာနေတဲ့ လက်နက်ကြီးအင်အားကို၊ အနောက်ကလာမဲ့ တာဝေးပစ်ဒုံးတွေရတာနဲ့ ပြန်တွန်းလှန်နိုင်မှာပါလို့ Luhansk ပြည်နယ် အကြီးအကဲက ဆက်ပြောခဲ့ပါတယ်။

====Unicode ===







XS
SM
MD
LG