႐ုရွားက်ဴးေက်ာ္မႈ ရက္ ၁ဝဝ အၾကာ ယူကရိန္းနယ္ေျမ ၂ဝ% ကိုသိမ္းပိုက္
{{Zawgyi/Unicode}}
ရုရွားတပ္ဖဲြ႔ေတြ ယူကရိန္းကုိ က်ဴးေက်ာ္တုိက္ခုိက္တာ ေသာၾကာေန႔က ရက္ ၁၀၀ ျပည္႔ ၿပီျဖစ္ၿပီး၊ ယူရိန္းပုိင္နက္ရဲ႔ ၂၀ ရာခုိင္ႏႈန္းကုိ ရုရွားတပ္ေတြ သိမ္းပုိက္ထားတယ္လုိ႔ ယူကရိန္း သမၼတ Volodymyr Zelenskyy က ၾကာသပေတးေန႔ ကေျပာဆုိလုိက္ပါတယ္။
တုိက္ပဲြေတြဆက္တုိက္ျဖစ္ေနၿပီး၊ ေရွ့တန္းစစ္မ်က္ႏွာျပင္ဟာ ကီလုိမီတာ ၁၀၀၀ ေလာက္က်ယ္တယ္လုိ႔ လူဇင္ဘတ္ႏုိင္ငံရဲ႔ လႊတ္ေတာ္မွာ သမၼတ Volodymyr Zelenskyy က ဗီြဒီယုိကေနတဆင့္ ေျပာၾကားရာမွာ ထည္႔သြင္းေျပာဆုိခဲ့ပါတယ္။ ရုရွားတပ္ေတြ သိမ္းပုိက္ထားတဲ့ နယ္ေျမဟာ နယ္သာလန္ႏုိင္ငံ အရြယ္အစားေလာက္ရွိတယ္ လုိ႔လည္းေျပာဆုိခဲ့ပါတယ္။
ရုရွားဟာ ၂၀၁၄ ခုႏွစ္က ယူကရိန္းပုိင္ ခရုိင္းမီးယားေဒသကုိ သိမ္းပုိက္ခဲ႔ပါတယ္။ ဒါ့အျပင္ ရုရွားေၾကာေထာက္ေနာက္ခံေပးထားတဲ့ ခဲြထြက္ေရးသမားေတြက Donbass ေဒသရဲ႔ေရွ႔ဖက္ျခမ္းကုိသိမ္းပုိက္ခဲ့ပါတယ္။
ယူကရိန္းတပ္ဖဲြ႔ ဘက္ကလည္း ၿမိဳ႔နဲ႔ရြာငယ္ေပါင္း ၂၀ ေလာက္ကုိ ျပန္လည္သိမ္းပုိက္ႏုိင္ခဲ့တယ္လုိ႔ ယူကရိန္း တာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။
ရုရွားတပ္ေတြ အျပင္းအထန္တုိက္ခုိက္ေနတဲ့ လူဟန္႔ေဒသထဲက ေနာက္ဆုံးက်န္ရွိေနတဲ့ ၿမိဳ႔ႀကီးျဖစ္တဲ့ Sievierodonetsk ရဲ႔ ၇၀ % ကုိရုရွားတပ္ေတြက ထိန္းခ်ဳပ္ထားတယ္လုိ႔ ယူကရိန္းၿမိဳ႔ေတာ္၀န္က ၀န္ခံေျပာဆုိပါတယ္။
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က အလြယ္တကူ ေရႊ႕ေျပာင္းပစ္ခတ္ႏုိင္တဲ့ ဒုံးလက္ႏွက္ေတြအပါအ၀င္ လက္နက္ ခဲယမ္းေဒၚလာသန္း ၇၀၀ ဖုိး ထပ္မံေပးအပ္မယ္လုိ႔ သမၼတ Joe Biden က ေျပာဆုိခဲ့ပါတယ္။
....................................
ရုရှားကျူးကျော်မှု ရက် ၁၀၀ အကြာ ယူကရိန်းနယ်မြေ ၂၀% ကိုသိမ်းပိုက်
{{Zawgyi/Unicode}}
ရုရှားတပ်ဖွဲ့တွေ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာ သောကြာနေ့က ရက် ၁၀၀ ပြည့် ပြီဖြစ်ပြီး၊ ယူရိန်းပိုင်နက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ရုရှားတပ်တွေ သိမ်းပိုက်ထားတယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ကြာသပတေးနေ့ ကပြောဆိုလိုက်ပါတယ်။
တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး၊ ရှေ့တန်းစစ်မျက်နှာပြင်ဟာ ကီလိုမီတာ ၁၀၀၀ လောက်ကျယ်တယ်လို့ လူဇင်ဘတ်နိုင်ငံရဲ့ လွှတ်တော်မှာ သမ္မတ Volodymyr Zelenskyy က ဗွီဒီယိုကနေတဆင့် ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ရုရှားတပ်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေဟာ နယ်သာလန်နိုင်ငံ အရွယ်အစားလောက်ရှိတယ် လို့လည်းပြောဆိုခဲ့ပါတယ်။
ရုရှားဟာ ၂၀၁၄ ခုနှစ်က ယူကရိန်းပိုင် ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားကြောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေက Donbass ဒေသရဲ့ရှေ့ဖက်ခြမ်းကိုသိမ်းပိုက်ခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့ ဘက်ကလည်း မြို့နဲ့ရွာငယ်ပေါင်း ၂၀ လောက်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ရုရှားတပ်တွေ အပြင်းအထန်တိုက်ခိုက်နေတဲ့ လူဟန့်ဒေသထဲက နောက်ဆုံးကျန်ရှိနေတဲ့ မြို့ကြီးဖြစ်တဲ့ Sievierodonetsk ရဲ့ ၇၀ % ကိုရုရှားတပ်တွေက ထိန်းချုပ်ထားတယ်လို့ ယူကရိန်းမြို့တော်ဝန်က ဝန်ခံပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလွယ်တကူ ရွှေ့ပြောင်းပစ်ခတ်နိုင်တဲ့ ဒုံးလက်နှက်တွေအပါအဝင် လက်နက် ခဲယမ်းဒေါ်လာသန်း ၇၀၀ ဖိုး ထပ်မံပေးအပ်မယ်လို့ သမ္မတ Joe Biden က ပြောဆိုခဲ့ပါတယ်။