ယူကရိန္း Sievierodonetsk ၿမိဳ႕ကို ႐ုရွားတို႔ လက္နက္ႀကီးနဲ႔ အျပင္းအထန္ တိုက္ခိုက္
{{Zawgyi/Unicode}}
ရုရွားတပ္ဖြဲ႔ေတြဟာ ယူကရိန္းႏိုင္ငံ အေရွ႕ပိုင္း Sievierodonetsk ၿမိဳ႕ကို ဗုဒၶဟူးေန႔မွာ လက္နက္ႀကီးေတြ နဲ႔ အဆက္မျပတ္ တိုက္ခိုက္ေနၿပီး Luhansk ေဒသ အုပ္ခ်ဳပ္ေရးမွဴးကေတာ့ လက္ရွိမွာ ၿမိဳ႕ရဲ႕ ၇ဝ ရာခိုင္ႏႈန္းကို ႐ုရွားတပ္ဖြဲ႔ေတြ ထိန္းခ်ဳပ္ထားတာ ဝန္ခံေျပာဆိုလိုက္ပါတယ္။ ဒါ႔အျပင္ အရပ္သားေတြကို ကယ္ထုတ္ေပးတဲ့ အစီအစဥ္ကိုလည္း ရပ္ဆိုင္းထားရေၾကာင္း သူကေျပာပါတယ္။
တခ်ဳိ႕႔ ယူကရိန္းတပ္ဖြဲ႔ေတြဟာ ရုရွားတပ္ဖြဲ႔ေတြကို ခုခံတိုက္ခိုက္ေနၾကဆဲျဖစ္ၿပီး တခ်ဳိ႕ ယူကရိန္းတပ္ဖြဲ႔ေတြကေတာ့ ဆုတ္ခြာသြားၿပီျဖစ္ေၾကာင္း Luhansk ေဒသ အုပ္ခ်ဳပ္ေရးမွဴး Haidai က ေျပာပါတယ္။ ဒါေပမယ့္လည္း လူသားခ်င္း စာနာမႈဆိုင္ရာ အကူအညီေတြကို လုပ္ေဆာင္ေပးဖို႔ကေတာ့ မျဖစ္ႏိုင္ေတာ့ေၾကာင္း သူက Telegram မွာ ေရးသားထားပါတယ္။
ဒါေပမယ့္ Lushansk ေဒသက Lysychansk ၿမိဳ႕ကိုေတာ့ ရုရွားတပ္ဖြဲ႔ေတြေရာ ၊ သူတို႔ေထာက္ပံ႔ ေပးထားတဲ့ ခြဲထြက္ေရးသမားတပ္ဖြဲ႔ေတြေရာ က သိမ္းပိုက္ႏိုင္ျခင္းမရွိေသးပဲ ယူကရိန္းတပ္ဖြဲ႔ေတြက အျပည့္အဝ ထိန္းခ်ဳပ္ထားတယ္လို႔လည္း သူကေျပာပါတယ္။
ရုရွားဟာ သုံးလၾကာ ထိုးစစ္ရဲ႕ အေစာပိုင္းမွာ ယူကရိန္း သမၼတVolodymyr Zelenskyy အစုိးရကို ျဖဳတ္ခ်တာ ၊ ၿမိဳ႕ေတာ္ Kyiv ကို သိမ္းပိုက္ေရး အစီအစဥ္ မေအာင္မျမင္ျဖစ္ခဲ့ၿပီးေနာက္ ယူကရိန္းႏိုင္ငံရဲ႕ အေရွ႕ပိုင္း စက္မႈလုပ္ငန္းေတြရွိရာ Donbas ေဒသကို ထိန္းခ်ဳပ္ေရး ႐ုရွားရဲ႕ ရည္မွန္းခ်က္ အတြက္ Sievierodonetsk ေဒသ သိမ္းပိုက္ႏိုင္ေရးဟာ အလြန္ကို အေရးႀကီးေနပါတယ္။
Sievierodonetsk ၿမိဳ႕ရဲ႕ အုပ္ခ်ဳပ္ေရးမွဴး Okeksandr Stryuk က သူတို႔ၿမိဳ႕ကို ယူကရိန္းတပ္ဖြဲ႔ေတြက ၂ဝ ရာခိုင္ႏႈန္း ထိန္းခ်ဳပ္ထားႏိုင္ေသးၿပီး ရုရွားတပ္ဖြဲ႔ေတြကေတာ့ တဝက္ေက်ာ္ေက်ာ္သိမ္းထားကာ က်န္တာကေတာ့ ဘယ္ဘက္ကမွ မထိန္းခ်ဳပ္တဲ႔ ေဒသ ျဖစ္ေၾကာင္း Reuters ကို ေျပာပါတယ္။
ေနာ္ေ၀ ဒုကၡသည္မ်ား ကူညီေရး ေအဂ်င္စီ အႀကီးအကဲ Jan Egeland က Sievierodonetsk ၿမိဳ႕ထဲမွာ အရပ္သား ၁ ေသာင္း ၂ ေထာင္ေက်ာ္ပိတ္မိေနၿပီး ေရ၊ အစားအစာ၊ ေဆးဝါး နဲ႔ လွ်ပ္စစ္မီးေတြ လုံေလာက္မႈမရွိၾကဘူးလို႔ ေျပာပါတယ္။
...........................................................
ယူကရိန်း Sievierodonetsk မြို့ကို ရုရှားတို့ လက်နက်ကြီးနဲ့ အပြင်းအထန် တိုက်ခိုက်
{{Zawgyi/Unicode}}
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Sievierodonetsk မြို့ကို ဗုဒ္ဓဟူးနေ့မှာ လက်နက်ကြီးတွေ နဲ့ အဆက်မပြတ် တိုက်ခိုက်နေပြီး Luhansk ဒေသ အုပ်ချုပ်ရေးမှူးကတော့ လက်ရှိမှာ မြို့ရဲ့ ၇ဝ ရာခိုင်နှုန်းကို ရုရှားတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာ ဝန်ခံပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အရပ်သားတွေကို ကယ်ထုတ်ပေးတဲ့ အစီအစဉ်ကိုလည်း ရပ်ဆိုင်းထားရကြောင်း သူကပြောပါတယ်။
တချို့ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့တွေကို ခုခံတိုက်ခိုက်နေကြဆဲဖြစ်ပြီး တချို့ ယူကရိန်းတပ်ဖွဲ့တွေကတော့ ဆုတ်ခွာသွားပြီဖြစ်ကြောင်း Luhansk ဒေသ အုပ်ချုပ်ရေးမှူး Haidai က ပြောပါတယ်။ ဒါပေမယ့်လည်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို လုပ်ဆောင်ပေးဖို့ကတော့ မဖြစ်နိုင်တော့ကြောင်း သူက Telegram မှာ ရေးသားထားပါတယ်။
ဒါပေမယ့် Lushansk ဒေသက Lysychansk မြို့ကိုတော့ ရုရှားတပ်ဖွဲ့တွေရော ၊ သူတို့ထောက်ပံ့ ပေးထားတဲ့ ခွဲထွက်ရေးသမားတပ်ဖွဲ့တွေရော က သိမ်းပိုက်နိုင်ခြင်းမရှိသေးပဲ ယူကရိန်းတပ်ဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်ထားတယ်လို့လည်း သူကပြောပါတယ်။
ရုရှားဟာ သုံးလကြာ ထိုးစစ်ရဲ့ အစောပိုင်းမှာ ယူကရိန်း သမ္မတVolodymyr Zelenskyy အစိုးရကို ဖြုတ်ချတာ ၊ မြို့တော် Kyiv ကို သိမ်းပိုက်ရေး အစီအစဉ် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်း စက်မှုလုပ်ငန်းတွေရှိရာ Donbas ဒေသကို ထိန်းချုပ်ရေး ရုရှားရဲ့ ရည်မှန်းချက် အတွက် Sievierodonetsk ဒေသ သိမ်းပိုက်နိုင်ရေးဟာ အလွန်ကို အရေးကြီးနေပါတယ်။
Sievierodonetsk မြို့ရဲ့ အုပ်ချုပ်ရေးမှူး Okeksandr Stryuk က သူတို့မြို့ကို ယူကရိန်းတပ်ဖွဲ့တွေက ၂ဝ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်သေးပြီး ရုရှားတပ်ဖွဲ့တွေကတော့ တဝက်ကျော်ကျော်သိမ်းထားကာ ကျန်တာကတော့ ဘယ်ဘက်ကမှ မထိန်းချုပ်တဲ့ ဒေသ ဖြစ်ကြောင်း Reuters ကို ပြောပါတယ်။
နော်ေ၀ ဒုက္ခသည်များ ကူညီရေး အေဂျင်စီ အကြီးအကဲ Jan Egeland က Sievierodonetsk မြို့ထဲမှာ အရပ်သား ၁ သောင်း ၂ ထောင်ကျော်ပိတ်မိနေပြီး ရေ၊ အစားအစာ၊ ဆေးဝါး နဲ့ လျှပ်စစ်မီးတွေ လုံလောက်မှုမရှိကြဘူးလို့ ပြောပါတယ်။