႐ုရွားနဲ႔ ယူကရိန္းတပ္ေတြဟာ ယူကရိန္းအေရွ႕ပိုင္းကၿမိဳ႕မွာ အနီးကပ္တိုက္ပြဲေတြ ျဖစ္ေနတယ္လို႔ ေဒသခံတာဝန္ရွိသူေတြက ေျပာလိုက္ပါတယ္။
႐ုရွားတပ္ဖြဲ႔ေတြဟာ ယူကရိန္းအေရွ႕ပိုင္းက Sievierodonetsk ၿမိဳ႕ကို ဒီေန႔တနဂၤေႏြေန႔မွာ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး၊ တိုက္ပြဲေတြေၾကာင့္ လွ်ပ္စစ္မီးေတြနဲ႔ တယ္လီဖုန္းေတြ ျပတ္ေတာက္သြားခဲ့ၿပီး၊ ထြက္မေျပးတဲ့ အရပ္သားေတြကိုလည္း အၾကမ္းဖက္ ၿခိမ္းေျခာက္တာေတြ လုပ္ခဲ့ပါတယ္။ ယူကရိန္းတပ္ဖြဲ႔ေတြဘက္ကလည္း အျပင္းအထန္ ခုခံေနခ်ိန္မွာပဲ ႐ုရွားတပ္ဖြဲ႔ေတြဘက္ကလည္း၊ အဲဒီေဒသတြင္းမွာ မဟာဗ်ဴဟာက်တဲ့ ေနရာေတြကို ေျခကုပ္ယူႏိုင္ဖို႔အတြက္ ႀကိဳးပမ္းလာေနတာျဖစ္ၿပီး၊ ဗုံးႀကံတိုက္ခိုက္တာေတြကိုလည္း အျပင္အထန္း လုပ္ေနပါတယ္။
႐ုရွားတပ္ဖြဲ႔ေတြက ယူကရိန္းႏို္င္ငံ Donbas စက္မႈဇုန္ေဒသတဝိုက္ သိမ္းယူႏိုင္ဖို႔အတြက္ ႀကိဳးပမ္းတဲ့ေနရာမွာ Sievierodonetsk ဟာ ဗဟိုခ်က္မ ျဖစ္လာေနပါတယ္။ ဒါ့အျပင္ ႐ုရွားတပ္ေတြဟာ အဲဒီေဒသအနီးနားက Lysychansk ေဒသကိုလည္း သိမ္းယူဖို႔အတြက္ အရွိန္အဟုန္ျမင့္ ေဆာင္႐ြက္လာေနၿပီး၊ အဲဒီမွာ ဗုံးႀကဲတာေတြကို ဆက္တိုက္လုပ္လာေနတယ္လို႔ ယူကရိန္းတာဝန္ရွိသူေတြက ေျပာပါတယ္။
စစ္ပြဲမတိုင္ခင္က စုစုေပါင္း လူဦးေရ ႏွစ္သိန္းေလာက္ရွိတဲ့ အဲဒီၿမိဳ႕ ႏွစ္ၿမိဳ႕ဟာ Luhansk ေဒသမွာ ယူကရိန္းဘက္ ထိန္းခ်ဳပ္ထားတဲ့ အဓိကက်တဲ့ ေနာက္ဆုံးၿမိဳ႕ ႏွစ္ၿမိဳ႕ ျဖစ္ပါတယ္။
=== Unicode ===
ရုရှားနဲ့ ယူကရိန်းတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းကမြို့မှာ အနီးကပ်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်းက Sievierodonetsk မြို့ကို ဒီနေ့တနင်္ဂနွေနေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ တိုက်ပွဲတွေကြောင့် လျှပ်စစ်မီးတွေနဲ့ တယ်လီဖုန်းတွေ ပြတ်တောက်သွားခဲ့ပြီး၊ ထွက်မပြေးတဲ့ အရပ်သားတွေကိုလည်း အကြမ်းဖက် ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဘက်ကလည်း အပြင်းအထန် ခုခံနေချိန်မှာပဲ ရုရှားတပ်ဖွဲ့တွေဘက်ကလည်း၊ အဲဒီဒေသတွင်းမှာ မဟာဗျူဟာကျတဲ့ နေရာတွေကို ခြေကုပ်ယူနိုင်ဖို့အတွက် ကြိုးပမ်းလာနေတာဖြစ်ပြီး၊ ဗုံးကြံတိုက်ခိုက်တာတွေကိုလည်း အပြင်အထန်း လုပ်နေပါတယ်။
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံ Donbas စက်မှုဇုန်ဒေသတဝိုက် သိမ်းယူနိုင်ဖို့အတွက် ကြိုးပမ်းတဲ့နေရာမှာ Sievierodonetsk ဟာ ဗဟိုချက်မ ဖြစ်လာနေပါတယ်။ ဒါ့အပြင် ရုရှားတပ်တွေဟာ အဲဒီဒေသအနီးနားက Lysychansk ဒေသကိုလည်း သိမ်းယူဖို့အတွက် အရှိန်အဟုန်မြင့် ဆောင်ရွက်လာနေပြီး၊ အဲဒီမှာ ဗုံးကြဲတာတွေကို ဆက်တိုက်လုပ်လာနေတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ပွဲမတိုင်ခင်က စုစုပေါင်း လူဦးရေ နှစ်သိန်းလောက်ရှိတဲ့ အဲဒီမြို့ နှစ်မြို့ဟာ Luhansk ဒေသမှာ ယူကရိန်းဘက် ထိန်းချုပ်ထားတဲ့ အဓိကနောက်ဆုံးမြို့ နှစ်မြို့ ဖြစ်ပါတယ်။