သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်းက အချက်အချာမြို့ တဝက်ကျော် ရုရှားတပ်တွေ သိမ်းပိုက်


(Zawgyi / Unicode)

ယူကရိန်းရဲ့ အရှေ့ဖက်ခြမ်း စက်မှုဒေသဖြစ်တဲ့ ဒုန်ဘက်စ် ဒေသကို သိမ်းယူဖို့အတွက် အရေးပါတဲ့ မြို့ကြီးတခုဖြစ်တဲ့ Sievierodonetsk ရဲ့ တဝက်ကျော်လောက်ကို ရုရှားတွေက ထိန်းချုပ်လိုက်ကြောင်း ယူကရိန်း ဒေသခံ အုပ်ချုပ်ရေးမှူးနဲ့ မြို့တော်ဝန်တို့က အင်္ဂါနေ့ မှာ အတည်ပြု ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နှစ်ဘက်တပ်တွေ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် မြို့ရဲ့နေရာ အတော်များများကို ရုရှားတပ်တွေက ထိန်းချုပ်လိုက်ကြောင်း အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။ ဒါပေမဲ့လည်း ယူကရိန်းတပ်ဖွဲ့တွေ ဆက်လက် ခုခံနေပြီး အဝိုင်းခံရတဲ့ အန္တရာယ်မျိုး မရှိဘူးလို့လည်း လူဟန့်စ်ဒေသ အုပ်ချုပ်ရေးမှူး Serhiy Gaidai ကပြောဆိုပါတယ်။

ရုရှားတပ်တွေက ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ ပတ်ခတ်နေတာတွေကြောင့် ပိတ်မိနေတဲ့ မြို့ခံအရပ်သား ၁၃,၀၀၀ လောက်ကို လူသားခြင်း စာနာမှု အထောက်အကူတွေ ပေးပို့နိုင်ခြင်း မရှိဘူးလို့လည်း အုပ်ချုပ်ရေးမှူးက အွန်လိုင်းစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ ဒီမြို့မှာ အရင်က လူဦးရေ ၁၀၀,၀၀၀ လောက်နေထိုင်ခဲ့ပါတယ်။

အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ ရုရှားတပ်တွေဟာ မြို့ရဲ့ တဝက်လောက်ကို ထိန်းချုပ်ထားပါတယ်။ မြို့ထဲမှာ လမ်း တလမ်းချင်းစီဟာ ဖျက်ဆီးခံထားရကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ကြားမှာဘဲ လမ်းတွေပေါ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေဆဲဘဲလို့ Sievierodonestsk ရဲ့ မြိုတော်ဝန် Oleksandr Striuk က AP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG