သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပင္သစ္သတင္းထာက္ ယူကရိန္းမွာ ဗံုးဆန္ထိမွန္ ေသဆံုး


(Zawgyi / Unicode)

ေရႊ႕ေျပာင္းေပးတဲ့ သတင္းေတြ ရယူေနတဲ့ အသက္ ၃၂ ႏွစ္အရြယ္ ျပင္သစ္သတင္းေထာက္ Frédéric Leclerc-Imhoff ဟာ တနလၤာေန႔က လက္နက္ႀကီးက်ည္စ ထိမွန္ၿပီး ေသဆံုးခဲ့ရပါတယ္။ သတင္းေထာက္ Leclerc-Imhoff ဟာ ျပင္သစ္႐ုပ္သံ BFM TV မွာ တာဝန္ထမ္းေဆာင္ေနတာ ၆ ႏွစ္ရွိၿပီျဖစ္ၿပီး အခု ယူကရိန္းအေရွ႕ပိုင္း Donbas ေဒသက တိုက္ပြဲျပင္းထန္ေနတဲ့ Sievierodonetsk ၿမိဳ႕နားမွာ ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။
ျပင္သစ္သမၼတ Emmanuel Macron က တြစ္တာကေန သူ႔အတြက္ ဂုဏ္ျပဳစကား ေျပာၾကားခဲ့ပါတယ္။ သူဟာ ယူကရိန္းကေန စစ္ပြဲရဲ႕အျဖစ္မွန္ေတြကို တင္ျပေနတာျဖစ္ၿပီး ႐ုရွားရဲ႕ ဗံုးဒဏ္ကေန လြတ္ေအာင္ ထြက္ေျပးၾကရတဲ့ အရပ္သားေတြကို ကားေတြေပၚ တင္ေပးေနခ်ိန္မွာ ပစ္အသတ္ခံရတာ ျဖစ္ေၾကာင္းနဲ႔ က်န္ရစ္တဲ့ သူ႔မိသားစုေတြ အတြက္ ဝမ္းနည္းစကား ေျပာၾကားၿပီး ယူကရိန္းရဲ႕ ခုခံစစ္ကို ျပင္သစ္က ခၽြင္းခ်က္မရွိ ေထာက္ခံ ပံ့ပိုးမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။
ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Catherine Colonna ကလည္း သတင္းေထာက္ Leclerc-Imhoff ေသဆံုးခဲ့ရတဲ့ သတင္းအတြက္ အထူး တုန္လႈပ္ရေၾကာင္း ေျပာပါတယ္။

ဒီေၾကကြဲစရာျဖစ္ရပ္ေၾကာင့္ ဝမ္းနည္းရေၾကာင္းနဲ႔ အခုျဖစ္ရပ္ဟာ ေဒသခံေတြကို ေဘးလြတ္ရာ ကယ္ထုတ္ေနတဲ့ ကားတန္းကို တိုက္ခိုက္တာျဖစ္သလို သူ႔အလုပ္သူ လုပ္ေနတဲ့ သတင္းသမား တေယာက္ အသတ္ခံရတာ ျဖစ္တဲ့အတြက္ ရာဇဝတ္မႈ တခု ျဖစ္ေၾကာင္း ေျပာသြားတာပါ။ ဒါ့အျပင္ ဒီကိစၥအတြက္ ပြင့္လင္းျမင္သာတဲ့ စံုစမ္းစစ္ေဆးမႈကို တတ္ႏိုင္သမွ် အျမန္ဆံုးလုပ္ေဆာင္ေပးဖို႔ ျပင္သစ္က ေတာင္းဆိုေၾကာင္းလည္း ေျပာပါတယ္။

တနလၤာေန႔ အေစာပိုင္းတုန္းကေတာ့ ေဒသခံေတြ ေဘးလြတ္ရာ ကယ္ထုတ္ေပးေနတဲ့ သံခ်ပ္ကာ ကားကို ႐ုရွားတပ္ေတြ ပစ္ခတ္ရာကေန သတင္းပို႔ေနတဲ့ ဒီျပင္သစ္သတင္းေထာက္ရဲ႕ လည္ပင္းကို က်ည္စထိမွန္ ေသဆံုးရတာ ျဖစ္ေၾကာင္း Luhansk ေဒသအုပ္ခ်ဳပ္ေရးမႈး Serhiy Haidai က တယ္လီဂရမ္ လူမႈမီဒီယာမွာ ေရးခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပြင်သစ်သတင်းထာက် ယူကရိန်းမှာ ဗုံးဆန်ထိမှန် သေဆုံး

ရွှေ့ပြောင်းပေးတဲ့ သတင်းတွေ ရယူနေတဲ့ အသက် ၃၂ နှစ်အရွယ် ပြင်သစ်သတင်းထောက် Frédéric Leclerc-Imhoff ဟာ တနင်္လာနေ့က လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။ သတင်းထောက် Leclerc-Imhoff ဟာ ပြင်သစ်ရုပ်သံ BFM TV မှာ တာဝန်ထမ်းဆောင်နေတာ ၆ နှစ်ရှိပြီဖြစ်ပြီး အခု ယူကရိန်းအရှေ့ပိုင်း Donbas ဒေသက တိုက်ပွဲပြင်းထန်နေတဲ့ Sievierodonetsk မြို့နားမှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron က တွစ်တာကနေ သူ့အတွက် ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ သူဟာ ယူကရိန်းကနေ စစ်ပွဲရဲ့အဖြစ်မှန်တွေကို တင်ပြနေတာဖြစ်ပြီး ရုရှားရဲ့ ဗုံးဒဏ်ကနေ လွတ်အောင် ထွက်ပြေးကြရတဲ့ အရပ်သားတွေကို ကားတွေပေါ် တင်ပေးနေချိန်မှာ ပစ်အသတ်ခံရတာ ဖြစ်ကြောင်းနဲ့ ကျန်ရစ်တဲ့ သူ့မိသားစုတွေ အတွက် ဝမ်းနည်းစကား ပြောကြားပြီး ယူကရိန်းရဲ့ ခုခံစစ်ကို ပြင်သစ်က ချွင်းချက်မရှိ ထောက်ခံ ပံ့ပိုးမှာ ဖြစ်ကြောင်း ပြောပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonna ကလည်း သတင်းထောက် Leclerc-Imhoff သေဆုံးခဲ့ရတဲ့ သတင်းအတွက် အထူး တုန်လှုပ်ရကြောင်း ပြောပါတယ်။

ဒီကြေကွဲစရာဖြစ်ရပ်ကြောင့် ဝမ်းနည်းရကြောင်းနဲ့ အခုဖြစ်ရပ်ဟာ ဒေသခံတွေကို ဘေးလွတ်ရာ ကယ်ထုတ်နေတဲ့ ကားတန်းကို တိုက်ခိုက်တာဖြစ်သလို သူ့အလုပ်သူ လုပ်နေတဲ့ သတင်းသမား တယောက် အသတ်ခံရတာ ဖြစ်တဲ့အတွက် ရာဇဝတ်မှု တခု ဖြစ်ကြောင်း ပြောသွားတာပါ။ ဒါ့အပြင် ဒီကိစ္စအတွက် ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုကို တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ ပြင်သစ်က တောင်းဆိုကြောင်းလည်း ပြောပါတယ်။

တနင်္လာနေ့ အစောပိုင်းတုန်းကတော့ ဒေသခံတွေ ဘေးလွတ်ရာ ကယ်ထုတ်ပေးနေတဲ့ သံချပ်ကာ ကားကို ရုရှားတပ်တွေ ပစ်ခတ်ရာကနေ သတင်းပို့နေတဲ့ ဒီပြင်သစ်သတင်းထောက်ရဲ့ လည်ပင်းကို ကျည်စထိမှန် သေဆုံးရတာ ဖြစ်ကြောင်း Luhansk ဒေသအုပ်ချုပ်ရေးမှုး Serhiy Haidai က တယ်လီဂရမ် လူမှုမီဒီယာမှာ ရေးခဲ့တာပါ။

XS
SM
MD
LG