သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်းက အချက်အခြာမြို့တမြို့ ရုရှားသိမ်းပိုက် 


A satellite image shows damaged buildings and a tank on a road, in Lyman, Ukraine May 25, 2022.
A satellite image shows damaged buildings and a tank on a road, in Lyman, Ukraine May 25, 2022.

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသရဲ့ အဓိက ရထားလမ်းဆုံမြို့ဖြစ်တဲ့ Lyman မြို့ကို သိမ်းပိုက်လိုက်ကြောင်း ရုရှားစစ်တပ်က ကြေညာလိုက်ပါတယ်။

ယူကရိန်းအရှေ့ပိုင်းက အချက်အခြာမြို့တမြို့ ရုရှားသိမ်းပိုက်

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသရဲ့ အဓိက ရထားလမ်းဆုံမြို့ဖြစ်တဲ့ Lyman မြို့ကို သိမ်းပိုက်လိုက်ကြောင်း ရုရှားစစ်တပ်က ကြေညာလိုက်ပါတယ်။ “Donetsk ပြည်သူ့စစ်တွေနဲ့ ရုရှားတပ်ဖွဲ့တွေ ပူးပေါင်းပြီး Lyman မြို့ တခုလုံးကို ယူကရိန်းအမျိုးသားရေးဝါဒီတွေရဲ့ လက်အောက်ကနေ လွတ်မြောက်အောင် ကယ်တင်လိုက်ပါပြီ။” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက စနေနေ့မှာ ပြောဆိုလိုက်တာပါ။

Lyman မြို့ကို သိမ်းလိုက်တဲ့အတွက် Donbas ဒေသမှာ ရုရှားရဲ့ ထိုးစစ်တွေ နောက်တဆင့်တက်နိုင်တော့မှာ ဖြစ်ပါတယ်။

ရုရှားလက် ကျရောက်သွားတဲ့မြို့ဟာ ယူကရိန်းတပ်တွေ ထိန်းချုပ်ထားတဲ့ Donbas ဒေသက အကြီးဆုံးဖြစ်တဲ့ Sievierodonetsk မြို့ရဲ့ အနောက်ဖက် ကီလိုမိတာ ၄ဝ ပဲ ဝေးပါတော့တယ်။
အခုအခါမှာ အဲဒီမြို့ကိုလည်း ရုရှားတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။

Luhansk ဒေသရဲ့ အုပ်ချုပ်ရေးမှူးကတော့ ရုရှားတပ်တွေဟာ အဲဒီမြို့ထဲကိုတောင် ဝင်လာပြီလို့ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေ ဒီဒေသကို သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ရုရှားအတွက် နိုင်ငံရေးအရ ထူးခြားတဲ့ အောင်မြင်မှုတရပ် ဖြစ်လာနိုင်သလို၊ ကျုးကျော်စစ်နဲ့ ပတ်သက်လို့ ရုရှားလူထုကို အကြောင်းပြစရာ ရသွားနိုင်တယ်လို့လည်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။

အရှေ့ပိုင်း Donbas ဒေသဟာ ယူကရိန်းနိုင်ငံရဲ့ စက်မှုလုပ်ငန်းအချက်အခြာ ဒေသဖြစ်ပြီး၊ ရုရှားဟာ လူမျိုးတုံးအောင် လုပ်နေတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က စွပ်စွဲလိုက်ပါတယ်။

ရုရှားရဲ့ ကျုးကျော်မှုကို ရနိုင်သမျှ ကာကွယ်ရေး ပစ္စည်းတွေနဲ့ အစွမ်းရှိသလောက် ခုခံသွားမှာ ဖြစ်ကြောင်းလည်း ယူကရိန်းသမ္မတက သောကြာနေ့ညက မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

.....................................................


{{Zawgyi/Unicode}}







XS
SM
MD
LG