သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ရုရှားကျူးကျော်မှုအဆုံးသတ်အောင် ယူကရိန်းနယ်မြေတချို့ ပေးအပ်ဖို့ အကြံပြုချက် ပိုလန်သမ္မတ ပယ်ချ


Poland's President Andrzej Duda addresses lawmakers during a session of the Ukrainian parliament, as Russia's attack on Ukraine continues, in Kyiv, Ukraine May 22, 2022. ( Ukrainian Presidential Press Service/Handout via Reuters)
Poland's President Andrzej Duda addresses lawmakers during a session of the Ukrainian parliament, as Russia's attack on Ukraine continues, in Kyiv, Ukraine May 22, 2022. ( Ukrainian Presidential Press Service/Handout via Reuters)

ရုရှားကျူးကျော်မှုအဆုံးသတ်အောင် ယူကရိန်းနယ်မြေတချို့ ပေးအပ်ဖို့ အကြံပြုချက် ပိုလန်သမ္မတ ပယ်ချ

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံကို ရောက်နေတဲ့ ပိုလန်သမ္မတ Andrzej Duda ဟာ တနင်္ဂနွေနေ့က ယူကရိန်းလွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပြီး၊ ၃လကြာနေပြီဖြစ်တဲ့ ရုရှားရဲ့ ကျူးကျော်စစ်အဆုံးသတ်စေဖို့ ယူကရိန်းက သူ့နယ်မြေတချို့ကို ပေးအပ်ဖို့ အကြံပြုချက်တွေ အတွက် ခါးခါးသီးသီး ငြင်းပယ်လိုက်ပါတယ်။

" ယူကရိန်းအနေနဲ့ ရုရှားသမ္မတ Putin တောင်းဆိုတာတွေကို ပေးဖို့သင့်တယ်လို့ စိုးရိမ်ပြီးပြောကြတာတွေရှိပါတယ်။ ကျနော်ကတော့ ရှင်းရှင်းပဲပြောပါရစေ။ ယူကရိန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ယူကရိန်းတွေကပဲ ဆုံးဖြတ်ခွင့်ရှိပါတယ် " ။ လို့ ပိုလန်သမ္မတက ပြောသွားတာပါ။

ရုရှားက ယူကရိန်းကို ဖေဖေါ်ဝါရီ ၂၄ မှာ ဝင်ရောက်ကျူးကျော်ချိန်ကစပြီး ယူကရိန်းလွှတ်တော်မှာ ပထမဆုံး မိန့်ခွန်းပြောတဲ့ နိုင်ငံခြားခေါင်းဆောင်ဖြစ်တဲ့ ပိုလန်သမ္မတ Duda က နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ရုရှားတပ်တွေ ယူကရိန်းပိုင်နက်ထဲကနေ လုံးဝ ထွက်သွားရမယ်လို့ တောင်းဆိုနေတာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ယူကရိန်းက သူ့နိုင်ငံပိုင်နက် ၁ စင်တီမီတာလောက်ကိုပဲ စီးပွါးရေးကြောင့်ဖြစ်စေ၊ နိုင်ငံရေးရည်မှန်းချက်အတွက် ဖြစ်စေ စတေးလိုက်မယ်ဆိုရင် ဒါဟာ ယူကရိန်းနိုင်ငံ အတွက်တင်မကပဲ အနောက်နိုင်ငံတွေ အားလုံးကို ထိခိုက်စေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ပိုလန်နိုင်ငံဟာ စစ်ကြောင့် ထွက်ပြေးလာတဲ့ ယူကရိန်းဒုက္ခသည် ၂ သန်းကျော်ကို လက်ခံထားတာ ဖြစ်ပြီး ပိုလန်သမ္မတကတော့ အီးယူ ဥရောပသမဂ္ဂမှာ ယူကရိန်း အဖွဲ့ဝင် ဖြစ်မလာမချင်း သူလုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ယူကရိန်းလွှတ်တော်မှာ ပိုလန်သမ္မတ မိန့်ခွန်းပြောကြားနေချိန်မှာပဲ ယူကရိန်းအရှေ့ပိုင်းက Donbas ဒေသမှာတော့ တိုက်ပွဲတွေ ဖြစ်ပွါးနေတာပါ။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ Donbas ဒေသ အခြေနေဟာ သိပ်ခက်ခဲနေကြောင်း ဒါပေမယ့် ယူကရိန်းနိုင်ငံဟာ ၃ လနီးပါး ကြန့်ကြန်ခံပြီး ရုရှားနဲ့ စစ်ဆင်နွှဲနိုင်ခဲ့တာ က သတင်းကောင်း တခုဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့တာပါ။

....................................................


{{Zawgyi/Unicode}}







XS
SM
MD
LG