ယူကရိန္စစ္ျဖစ္တဲ့အခ်ိန္ ကမာၻေနရာအေတာ္မ်ားမ်ား လႈပ္လႈပ္ရွားရွားျဖစ္ၿပီး တဦးခ်င္း ယူကရိန္းကို ကူညီဖို႔ သြားေရာက္မယ္ဆိုၿပီး ေျပာဆိုလႈပ္ရွားမႈေတြ ရွိလာၾကေပမယ့္၊ တကယ့္လက္ေတြမွာေတာ့ ထင္သလိုမဟုတ္ဘဲ၊ ယူကရိန္းကို ႏိုင္ငံတကာတိုက္ခိုက္ေရးသမားေတြ ဝင္ေရာက္မႈက အေတာ္နည္းခဲ့ပါတယ္။ ၁၉၈၀ ကာလ အာဖဂနစၥတန္မွာ ျဖစ္ခဲ့သလို ဆီရီယားျပည္တြင္းစစ္မွာ ျဖစ္ခဲ့သလို IS အစြန္းေရာက္အဖြဲ႕ ေခါင္းေထာင္ထခ်ိန္မွာ ျဖစ္ခဲ့သလို ယူကရိန္းစစ္မွာ ႏိုင္ငံတကာက တဦးခ်င္းတိုက္ခိုက္ေရးသမားေတြ လာေရာက္မႈ နည္းပါးခဲ့ပါတယ္။
ဒီလိုျဖစ္မလာတဲ့ အေၾကာင္းတခုကေတာ့ ႏိုင္ငံတကာကလာမယ့္ တိုက္ခိုက္ေရးသမားေတြကို ယူကရိန္းအစိုးရက အေသအခ်ာ ၾကပ္မတ္စီစစ္လက္ခံလို႔ပါပဲ။ ႏိုင္ငံတကာကေန တဦးခ်င္း လာေရာက္ကူညီမယ့္သူေတြကို ယူကရိန္းအစိုးရက အဆင့္ဆင့္ စီစစ္လက္ခံခဲ့တာပါ။ အစြန္းေရာက္ တန္ျပန္မႈေရးအဖြဲ႕တခုရဲ႕ ေလ့လာခ်က္အရဆိုရင္ေတာ့ ယူကရိန္းကို ႏိုင္ငံျခားကလာတဲ့ တိုက္ခိုက္ေရးသမား အရည္အတြက္ အတိအက်မ သိရေပမယ့္၊ ရာဂဏန္းကေန ေထာင္ဂဏန္းေလာက္ပဲ ရွိမယ္လို႔ ခန႔္မွန္းပါတယ္။
ယူကရိန္းသံ႐ုံးကေန ေအပီသတင္းဌာကို ေျပာဆိုခ်က္အရဆိုရင္ ယူကရိန္းကိုလာမယ့္ အေမရိကန္ႏိုင္ငံသား (၆၀၀၀) ေလာက္ စာရင္းေပးသြင္းထားေပမယ့္လည္း ၊ ယူကရိန္းအစိုးရ စစ္ေဆးေမးျမန္းမႈမလုပ္ခင္မွာပဲ တဝက္ေလာက္ဟာ ပယ္ခ်ခံခဲ့ရတယ္လို႔ဆိုပါတယ္။ အဲဒီထဲက တဝက္ေလာက္ မတ္လအေစာပိုင္းမွာ လူသစ္စုေဆာင္းမႈစာရင္းထဲဝင္ခဲ့ေပမယ့္၊ တကယ္တမ္းေနာက္ဆုံးမွာ လူတရာကိုပဲ လက္ခံခဲ့တယ္လို႔ သံ႐ုံးတာဝန္ရွိသူေတြက ေအပီသတင္းဌာနကို ေျဖၾကားခဲ့ပါတယ္။ ႏိုင္ငံျခားက ကူမယ့္လူေတြ အလာနည္းသြားတာ ေနာက္တေၾကာင္းကေတာ့ ဝါဒအယူအဆေၾကာင့္လည္း သုေတသီေတြက သုံးသပ္ပါတယ္။ အာဖဂန္ ဆီးရီယား IS တို႔ကို ကူညီဖို႔ ႏိုင္ငံအသီးသီးက လာေရာက္ခဲ့သူေတြဟာ ဘာသာေရးအစြန္းေရာက္ အယူအဆေၾကာင့္လို႔ သုံးသပ္ၾကပါတယ္။
ယူကရိန္းစစ္ အေစာပိုင္းမွာတုန္းက လူျဖဴႀကီးစိုးေရးအယူအဆနဲ႔ ယူကရိန္း-႐ုရွား ပဋိပကၡထဲဝင္ဖို႔ စိတ္ဝင္စားၾကေပမယ့္၊ ေနာက္ပိုင္း လက္ရွိျဖစ္လာတဲ့ အေျခအေနမွာ ဒီဝါဒအယူအဆအား မေကာင္းတာေၾကာင့္ စိတ္ဝင္စားမႈနည္းခဲ့တယ္လို႔ အစြန္းေရာက္မႈ ေလ့လာေရးသုေတသီေတြက ယူဆခဲ့ပါတယ္။
== Unicode ===
ယူကရိန်စစ်ဖြစ်တဲ့အချိန် ကမ္ဘာနေရာအတော်များများ လှုပ်လှုပ်ရှားရှားဖြစ်ပြီး တဦးချင်း ယူကရိန်းကို ကူညီဖို့ သွားရောက်မယ်ဆိုပြီး ပြောဆိုလှုပ်ရှားမှုတွေ ရှိလာကြပေမယ့်၊ တကယ့်လက်တွေမှာတော့ ထင်သလိုမဟုတ်ဘဲ၊ ယူကရိန်းကို နိုင်ငံတကာတိုက်ခိုက်ရေးသမားတွေ ဝင်ရောက်မှုက အတော်နည်းခဲ့ပါတယ်။ ၁၉၈၀ ကာလ အာဖဂနစ္စတန်မှာ ဖြစ်ခဲ့သလို ဆီရီယားပြည်တွင်းစစ်မှာ ဖြစ်ခဲ့သလို IS အစွန်းရောက်အဖွဲ့ ခေါင်းထောင်ထချိန်မှာ ဖြစ်ခဲ့သလို ယူကရိန်းစစ်မှာ နိုင်ငံတကာက တဦးချင်းတိုက်ခိုက်ရေးသမားတွေ လာရောက်မှု နည်းပါးခဲ့ပါတယ်။
ဒီလိုဖြစ်မလာတဲ့ အကြောင်းတခုကတော့ နိုင်ငံတကာကလာမယ့် တိုက်ခိုက်ရေးသမားတွေကို ယူကရိန်းအစိုးရက အသေအချာ ကြပ်မတ်စီစစ်လက်ခံလို့ပါပဲ။ နိုင်ငံတကာကနေ တဦးချင်း လာရောက်ကူညီမယ့်သူတွေကို ယူကရိန်းအစိုးရက အဆင့်ဆင့် စီစစ်လက်ခံခဲ့တာပါ။ အစွန်းရောက် တန်ပြန်မှုရေးအဖွဲ့တခုရဲ့ လေ့လာချက်အရဆိုရင်တော့ ယူကရိန်းကို နိုင်ငံခြားကလာတဲ့ တိုက်ခိုက်ရေးသမား အရည်အတွက် အတိအကျမ သိရပေမယ့်၊ ရာဂဏန်းကနေ ထောင်ဂဏန်းလောက်ပဲ ရှိမယ်လို့ ခန့်မှန်းပါတယ်။
ယူကရိန်းသံရုံးကနေ အေပီသတင်းဌာကို ပြောဆိုချက်အရဆိုရင် ယူကရိန်းကိုလာမယ့် အမေရိကန်နိုင်ငံသား (၆၀၀၀) လောက် စာရင်းပေးသွင်းထားပေမယ့်လည်း ၊ ယူကရိန်းအစိုးရ စစ်ဆေးမေးမြန်းမှုမလုပ်ခင်မှာပဲ တဝက်လောက်ဟာ ပယ်ချခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီထဲက တဝက်လောက် မတ်လအစောပိုင်းမှာ လူသစ်စုဆောင်းမှုစာရင်းထဲဝင်ခဲ့ပေမယ့်၊ တကယ်တမ်းနောက်ဆုံးမှာ လူတရာကိုပဲ လက်ခံခဲ့တယ်လို့ သံရုံးတာဝန်ရှိသူတွေက အေပီသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။ နိုင်ငံခြားက ကူမယ့်လူတွေ အလာနည်းသွားတာ နောက်တကြောင်းကတော့ ဝါဒအယူအဆကြောင့်လည်း သုတေသီတွေက သုံးသပ်ပါတယ်။ အာဖဂန် ဆီးရီယား IS တို့ကို ကူညီဖို့ နိုင်ငံအသီးသီးက လာရောက်ခဲ့သူတွေဟာ ဘာသာရေးအစွန်းရောက် အယူအဆကြောင့်လို့ သုံးသပ်ကြပါတယ်။
ယူကရိန်းစစ် အစောပိုင်းမှာတုန်းက လူဖြူကြီးစိုးရေးအယူအဆနဲ့ ယူကရိန်း-ရုရှား ပဋိပက္ခထဲဝင်ဖို့ စိတ်ဝင်စားကြပေမယ့်၊ နောက်ပိုင်း လက်ရှိဖြစ်လာတဲ့ အခြေအနေမှာ ဒီဝါဒအယူအဆအား မကောင်းတာကြောင့် စိတ်ဝင်စားမှုနည်းခဲ့တယ်လို့ အစွန်းရောက်မှု လေ့လာရေးသုတေသီတွေက ယူဆခဲ့ပါတယ်။