သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ ယူကရိန္း တပ္ဖဲြ႔၀င္ေတြအေရး စိုးရိမ္မႈ ထြက္ေပၚ


ယူကရိန္း စစ္သုံ႔ပမ္းေတြ တင္ေဆာင္လာသည့္ ဘတ္စ္ကား မာရီယူပိုလ္ျမဳိ႕ကေန ထြက္ခြာ။

[[ ZAWGYI / UNICODE ]]

ဖမ္းဆီးခံ ယူကရိန္း တပ္ဖဲြ႔၀င္ေတြအေရး စိုးရိမ္မႈ ထြက္ေပၚ

ယူကရိန္းႏိုင္ငံ Mariupol ဆိပ္ကမ္းၿမိဳ႕က သံမဏိစက္႐ုံမွာ ေနာက္ဆုံးက်န္ေနတဲ့ ယူကရိန္း တိုက္ခိုက္ေရးသမားေတြကို ဖယ္ရွားလိုက္ၿပီလို႔ ႐ုရွားကာကြယ္ေရး ၀န္ႀကီးဌာနက ေၾကညာလိုက္ၿပီးေနာက္၊ ဖမ္းဆီးခံ ယူကရိန္းစစ္သုံ႔ပမ္းေတြအေရး စိုးရိမ္မႈေတြလည္း တိုးလာပါတယ္။

႐ုရွားရဲ႕ က်ဳးေက်ာ္မႈကို ယူကရိန္းေတြ ၾကံ့ၾကံ့ခံတိုက္ခဲ့ၾကတဲ့ သေကၤတတခုျဖစ္တဲ့ သံမဏိစက္႐ုံကို သိမ္းပိုက္ႏိုင္ၿပီျဖစ္ေၾကာင္း ေၾကညာလိုက္တဲ့အတြက္ ၃ လၾကာ စစ္ပဲြမွာ ႐ုရွားသမၼတ Vladimir Putin အတြက္ ေအာင္ပဲြအျဖစ္ ေျပာစရာရခဲ့တာပါ။ ၃ လနီးပါးၾကာ ႐ုရွားတပ္ေတြ ဝိုင္းရံပိတ္ဆို႔တိုက္ခိုက္ခံခဲ့ရတဲ့ Mariupol ၿမိဳ႕ဟာ အခုအခါ အပ်က္အစီးပုံတခုလို ျဖစ္ေနၿပီး၊ ၿမိဳ႕ခံ ၂ ေသာင္းေက်ာ္ေလာက္ ေသဆုံးခဲ့တယ္လို႔လည္း ခန္႔မွန္းထားၾကပါတယ္။

ေနာက္ဆုံးအခ်ိန္အထိ ခုခံခဲ့ၾကတဲ့ သံမဏိစက္႐ုံက ယူကရိန္းတပ္ဖဲြ႕ေတြကို စစ္ပဲြအတြင္း က်ဳးလြန္တဲ့ လုပ္ရပ္ေတြအတြက္ ခုံ႐ုံးတင္ စစ္ေဆးမွာျဖစ္ေၾကာင္း ယူကရိန္းႏိုင္ငံ အေရွ႕ပိုင္းမွာ ႐ုရွားက အားေပးေထာက္ခံေနတဲ့ ခဲြထြက္ေရးသမားေတြရဲ႕ ေခါင္းေဆာင္ Denis Pushilin ကေျပာပါတယ္။ Azovstal သံမဏိစက္ရံု ကို ေျခကုပ္ယူၿပီး တိုက္ခိုက္ေနသူ ၂၄၀၀ ေက်ာ္ဟာ Azov ျပည္တြင္းကာကြယ္ေရး အရံတပ္ရင္း က ျဖစ္ၿပီး သူတို႔ကို နာဇီလက္သစ္ေတြအျဖစ္ ႐ုရွားအစိုးရက သတ္မွတ္ထားတာပါ။

အခုလို သံမဏိစက္ရံုကို သိမ္းလိုက္ႏိုင္ၿပီလို႔ ႐ုရွားတဲ့ ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး ယူကရိန္းအစိုးရကေတာ့ တစံုတရာမတုန္႔ျပန္ေသးပါဘူး။ ဒီစက္ရံုကေန တိ္ုက္ခိုက္ေနတဲ့ ယူကရိန္းတပ္သား ရာနဲ႔ခ်ီ ဒဏ္ရာေတြ ရေနတာ ျဖစ္ၿပီး သူတို႔တာဝန္ၿပီးဆံုးၿပီျဖစ္တဲ့အတြက္ စက္ရံုကေန ထြက္ခြါႏိုင္ၿပီလို႔ ယူကရိန္းစစ္တပ္က ဒီသီတင္းပတ္ထဲမွာပဲ ေၾကညာခဲ့သလို အဲဒီကတပ္သားေတြဟာ အစုလိုက္ လက္နက္ခ်အညံ့ခံတာ မဟုတ္ပဲ ေဘးကင္းရာကယ္ထုတ္တာ လို႔ပဲ ေျပာၾကားခဲ့တာပါ။

============================

{{ UNICODE }}

ဖမ်းဆီးခံ ယူကရိန်း တပ်ဖွဲ့ဝင်တွေအရေး စိုးရိမ်မှု ထွက်ပေါ်

ယူကရိန်းနိုင်ငံ Mariupol ဆိပ်ကမ်းမြို့က သံမဏိစက်ရုံမှာ နောက်ဆုံးကျန်နေတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမားတွေကို ဖယ်ရှားလိုက်ပြီလို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာလိုက်ပြီးနောက်၊ ဖမ်းဆီးခံ ယူကရိန်းစစ်သုံ့ပမ်းတွေအရေး စိုးရိမ်မှုတွေလည်း တိုးလာပါတယ်။

ရုရှားရဲ့ ကျုးကျော်မှုကို ယူကရိန်းတွေ ကြံ့ကြံ့ခံတိုက်ခဲ့ကြတဲ့ သင်္ကေတတခုဖြစ်တဲ့ သံမဏိစက်ရုံကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့အတွက် ၃ လကြာ စစ်ပွဲမှာ ရုရှားသမ္မတ Vladimir Putin အတွက် အောင်ပွဲအဖြစ် ပြောစရာရခဲ့တာပါ။ ၃ လနီးပါးကြာ ရုရှားတပ်တွေ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခံခဲ့ရတဲ့ Mariupol မြို့ဟာ အခုအခါ အပျက်အစီးပုံတခုလို ဖြစ်နေပြီး၊ မြို့ခံ ၂ သောင်းကျော်လောက် သေဆုံးခဲ့တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

နောက်ဆုံးအချိန်အထိ ခုခံခဲ့ကြတဲ့ သံမဏိစက်ရုံက ယူကရိန်းတပ်ဖွဲ့တွေကို စစ်ပွဲအတွင်း ကျုးလွန်တဲ့ လုပ်ရပ်တွေအတွက် ခုံရုံးတင် စစ်ဆေးမှာဖြစ်ကြောင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ရုရှားက အားပေးထောက်ခံနေတဲ့ ခွဲထွက်ရေးသမားတွေရဲ့ ခေါင်းဆောင် Denis Pushilin ကပြောပါတယ်။ Azovstal သံမဏိစက်ရုံ ကို ခြေကုပ်ယူပြီး တိုက်ခိုက်နေသူ ၂၄၀၀ ကျော်ဟာ Azov ပြည်တွင်းကာကွယ်ရေး အရံတပ်ရင်း က ဖြစ်ပြီး သူတို့ကို နာဇီလက်သစ်တွေအဖြစ် ရုရှားအစိုးရက သတ်မှတ်ထားတာပါ။

အခုလို သံမဏိစက်ရုံကို သိမ်းလိုက်နိုင်ပြီလို့ ရုရှားတဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ယူကရိန်းအစိုးရကတော့ တစုံတရာမတုန့်ပြန်သေးပါဘူး။ ဒီစက်ရုံကနေ တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်သား ရာနဲ့ချီ ဒဏ်ရာတွေ ရနေတာ ဖြစ်ပြီး သူတို့တာဝန်ပြီးဆုံးပြီဖြစ်တဲ့အတွက် စက်ရုံကနေ ထွက်ခွါနိုင်ပြီလို့ ယူကရိန်းစစ်တပ်က ဒီသီတင်းပတ်ထဲမှာပဲ ကြေညာခဲ့သလို အဲဒီကတပ်သားတွေဟာ အစုလိုက် လက်နက်ချအညံ့ခံတာ မဟုတ်ပဲ ဘေးကင်းရာကယ်ထုတ်တာ လို့ပဲ ပြောကြားခဲ့တာပါ။

XS
SM
MD
LG