စစ္ရာဇဝတ္မႈနဲ႔ စြပ္စဲြခံရသူ ႐ုရွားစစ္သား အျပစ္ရွိေၾကာင္းဝန္ခံ
{{Zawgyi/Unicode}}
ယူကရိန္းကို ႐ုရွားက က်ဳးေက်ာ္စစ္ စတင္ခဲ့တာ ၃ လေလာက္ အၾကာမွာပဲ ပထမဆုံး စစ္ရာဇ၀တ္မႈအျဖစ္ လက္နက္မဲ့ ယူကရိန္း အရပ္သားတဦးကို သတ္ျဖတ္မႈနဲ႔ စြပ္စဲြခံထားရတဲ့ အသက္ ၂၁ ႏွစ္အရြယ္ ႐ုရွားစစ္သားက ဗုဒၶဟူးေန႔မွာပဲ အျပစ္႐ွိေၾကာင္း ၀န္ခံလိုက္ပါတယ္။
ရုရွားရဲ႕ က်ဳးေက်ာ္မႈ ၄ ရက္အၾကာ ေဖေဖၚ၀ါရီလ ၂၈ ရက္ေန႔မွာ ရုရွားစစ္တပ္က တပ္ၾကပ္ႀကီး Vadim Shishimarin ဟာ အသက္ ၆၂ ႏွစ္အရြယ္ လက္နက္မဲ့ ယူကရိန္း အမ်ဳိးသားတဦးကို ကားျပတင္းေပါက္ေန ေသနတ္နဲ႔ ပစ္ခဲ့ရာက ဦးေခါင္းကုိ ထိမွန္ေသဆုံးခဲ့တဲ့ အမႈအတြက္ ေထာင္ဒဏ္တသက္အထိ အျပစ္ေပးခံရႏိုင္ပါတယ္။
အရပ္သားေတြကိုသတ္ျဖတ္မႈ၊ အရပ္ဘက္ အေဆာက္အဦေတြကုိ ဗုံးႀကဲတုိက္ခုိက္မႈ၊ အဓမၼျပဳက်င့္မႈ၊ ပစၥည္းဥစၥာေတြကုိ လု႔ယူဖ်က္စီးမႈ စတဲ့ စစ္ရာဇ၀တ္မႈေတြနဲ႔ ရုရွားစစ္သား ၄၁ ဦးကုိ တရားစဲြဆုိဖုိ႔ ျပင္ဆင္ထားေၾကာင္း ယူကရိန္းအစိုးရေရွ႕ေန Iryan Venediktova ကအေစာပုိင္းမွာ ေျပာဆုိထားပါတယ္။
ဒါေပမဲ့ ႐ုရွားစစ္သား ဘယ္ႏွစ္ေယာက္ကို ယူကရိန္းက ထိန္းသိမ္းထားၿပီး ဘယ္ႏွစ္ေယာက္ကို မ်က္ကြယ္မွာ စီရင္မွာလည္း ဆုိတာကုိေတာ့ တိတိက်က် မသိရေသးပါဘူး။
စစ္ရာဇ၀တ္မႈ ေျမာက္ႏုိင္တဲ့ အမႈေပါင္း ၁ ေသာင္း ၇ ရာေက်ာ္ကုိ ေလ့လာစစ္ေဆးခဲ့ ေၾကာင္းနဲ႔ အဲဒီအထဲမွာ က်ဴးလြန္သူ ရုရွားစစ္သားနဲ႔ အစုိးရတာ၀န္ရွိသူ ၆၀၀ ေက်ာ္ပါ ၀င္တယ္လို႔ ယူကရိန္းအစိုးရေရွ႕ေန က ေျပာဆုိခဲ့ပါတယ္။
႐ုရွားတပ္ဖဲြ႕၀င္ေတြက အရပ္သားေတြအေပၚ ပစ္မွတ္ထားတုိက္ခုိက္မႈေတြနဲ႔ ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြအတြက္ ယူကရိန္းရဲ႕ စြပ္စဲြခ်က္ေတြကိုေတာ့ ႐ုရွားတာ၀န္ရွိသူေတြက ျငင္းဆန္ထားၾကပါတယ္။
...................................................
စစ်ရာဇဝတ်မှုနဲ့ စွပ်စွဲခံရသူ ရုရှားစစ်သား အပြစ်ရှိကြောင်းဝန်ခံ
{{Zawgyi/Unicode}}
ယူကရိန်းကို ရုရှားက ကျုးကျော်စစ် စတင်ခဲ့တာ ၃ လလောက် အကြာမှာပဲ ပထမဆုံး စစ်ရာဇဝတ်မှုအဖြစ် လက်နက်မဲ့ ယူကရိန်း အရပ်သားတဦးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် ရုရှားစစ်သားက ဗုဒ္ဓဟူးနေ့မှာပဲ အပြစ်ရှိကြောင်း ဝန်ခံလိုက်ပါတယ်။
ရုရှားရဲ့ ကျုးကျော်မှု ၄ ရက်အကြာ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ ရုရှားစစ်တပ်က တပ်ကြပ်ကြီး Vadim Shishimarin ဟာ အသက် ၆၂ နှစ်အရွယ် လက်နက်မဲ့ ယူကရိန်း အမျိုးသားတဦးကို ကားပြတင်းပေါက်နေ သေနတ်နဲ့ ပစ်ခဲ့ရာက ဦးခေါင်းကို ထိမှန်သေဆုံးခဲ့တဲ့ အမှုအတွက် ထောင်ဒဏ်တသက်အထိ အပြစ်ပေးခံရနိုင်ပါတယ်။
အရပ်သားတွေကိုသတ်ဖြတ်မှု၊ အရပ်ဘက် အဆောက်အဦတွေကို ဗုံးကြဲတိုက်ခိုက်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းဥစ္စာတွေကို လု့ယူဖျက်စီးမှု စတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ရုရှားစစ်သား ၄၁ ဦးကို တရားစွဲဆိုဖို့ ပြင်ဆင်ထားကြောင်း ယူကရိန်းအစိုးရရှေ့နေ Iryan Venediktova ကအစောပိုင်းမှာ ပြောဆိုထားပါတယ်။
ဒါပေမဲ့ ရုရှားစစ်သား ဘယ်နှစ်ယောက်ကို ယူကရိန်းက ထိန်းသိမ်းထားပြီး ဘယ်နှစ်ယောက်ကို မျက်ကွယ်မှာ စီရင်မှာလည်း ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
စစ်ရာဇဝတ်မှု မြောက်နိုင်တဲ့ အမှုပေါင်း ၁ သောင်း ၇ ရာကျော်ကို လေ့လာစစ်ဆေးခဲ့ ကြောင်းနဲ့ အဲဒီအထဲမှာ ကျူးလွန်သူ ရုရှားစစ်သားနဲ့ အစိုးရတာဝန်ရှိသူ ၆၀၀ ကျော်ပါ ဝင်တယ်လို့ ယူကရိန်းအစိုးရရှေ့နေ က ပြောဆိုခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့ဝင်တွေက အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် ယူကရိန်းရဲ့ စွပ်စွဲချက်တွေကိုတော့ ရုရှားတာဝန်ရှိသူတွေက ငြင်းဆန်ထားကြပါတယ်။