ယူကရိန္းဆိပ္ကမ္းၿမိဳ႕ ႐ုရွားတပ္ေတြလက္ထဲ က်ေတာ့မည္
{{Zawgyi/Unicode}}
ယူကရိန္းႏိ္ုင္ငံ Mariupol ဆိပ္ကမ္းၿမိဳ႕က ၾကံ့ၾကံ့ခံတိုက္ေနတဲ့ ရာနဲ႔ခ်ီတဲ့ ယူကရိန္းတပ္ေတြဟာ ေစ့စပ္ညႇိႏႈိင္းမႈေတြ လုပ္ခဲ့ၿပီးေနာက္ ႐ုရွားတပ္ေတြထံ လက္နက္ခ်ခဲ့ၾကၿပီး သူတို႔ေျခကုပ္ယူခဲ့တဲ့ သံမဏိစက္႐ုံကို လက္လႊတ္ဖို႔ ျပင္ဆင္ေနတာေၾကာင့္ ၿမိဳ႕တခုလုံး ႐ုရွားတပ္ေတြလက္ထဲ က်လုဆဲဆဲ အေျခအေနကို ေရာက္ေနပါၿပီ။
စစ္မျဖစ္ခင္က လူဦးေရ ၄၃၀,၀၀၀ ေလာက္ ေနထိုင္ခဲ႔တဲ႔ Azov ပင္လယ္ရဲ႕ ေျမာက္ပိုင္းကမ္း႐ိုးတန္း တေလွ်ာက္မွာ ရွိတဲ႔ Mariupol ၿမိဳ႕ကို ႐ုရွားတို႔ သိမ္းပိုက္မႈဟာဆိုရင္ သံုးလနီးပါးၾကာ ယူကရိန္း က်ဴးေက်ာ္စစ္ အတြင္း ႐ုရွားရဲ႕ အႀကီးမားဆံုး ေအင္ပြဲလည္း ျဖစ္လာမွာပါ။
ဒါေပမယ့္လည္း ႐ုရွားဘက္ကေတာ့ ယူကရိန္း အေရွ႕ပိုင္းက ေဒသေတြ ထပ္ၿပီး သိမ္းႏိုင္ေရးနဲ႔ ယူကရိန္း သမၼတ Volodymyr Zelenskyy အစိုးရကို ျဖဳတ္ခ်ေရး ဒါမွမဟုတ္လည္း ၿမိဳ႕ေတာ္ Kyiv ကို သိမ္းယူေရး အတြက္ကေတာ့ အခက္အခဲေတြ ရွိေနတာပါ။
႐ုရွားဘက္က လက္နက္ႀကီးေတြနဲ႔ တရစပ္ ပစ္ခတ္မႈေတြေၾကာင့္ အမ်ားစု ပ်က္စီးေနတဲ႔ Mariupol ၿမိဳ႕မွာ အရပ္သား ၂၀,၀၀၀ ေလာက္ ေသဆံုးမယ္လို႔ ယူကရိန္းဘက္က ခန္႔မွန္းထားပါတယ္။
၂၀၁၄ ခုႏွစ္က ယူကရိန္းထံကေန ႐ုရွားတို႔ သိမ္းယူခဲ႔တဲ႔ ခ႐ိုင္းမီးယား ကြ်န္းဆြယ္နဲ႔ ႐ုရွား ျပည္ပမႀကီး ၾကားမွာ Mariupol ၿမိဳ႕က တည္ရွိေနတာပါ။
အျပင္းအထန္ ဒဏ္ရာရထားသူ တခ်ိဳ႕ ပါ၀င္တဲ႔ ယူကရိန္း တိုက္ခိုက္ေရးသမား ၂၆၀ ကေတာ့ တနလာၤေန႔မွာ Azovstal သံမဏိ စက္ရံုထဲကေန ထြက္ခြာလာၿပီး ႐ုရွား တပ္ဖြဲ႔ေတြထံ လက္နက္ခ်ခဲ႔ၿပီး ျဖစ္ပါတယ္။
သံမဏိ စက္ရံုထဲမွာ က်န္ရွိေနတဲ႔ စစ္သားေတြကို ေရႊ႕ေျပာင္းေရး အတြက္ ေဆာင္ရြက္ေနေၾကာင္း ယူကရိန္း အာဏာပိုင္တို႔က ေျပာဆိုေပမယ့္လည္း စက္ရံုထဲမွာ ဘယ္ေလာက္ က်န္ေနေသးသလဲ ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။ အစုလိုက္ အျပံဳလိုက္ လက္နက္ခ်ပြဲလို႔ ႐ုရွားက ေျပာပါတယ္။
ယူကရိန္းဘက္ကေတာ့ ၿမိဳ႕ေစာင့္တပ္ဟာ သူ႔ရဲ႕ မစ္ရွင္ ၿပီးေျမာက္သြားတာ ျဖစ္တယ္လို႔ တန္ျပန္ ေျပာဆိုထားပါတယ္။ ယူကရိန္း တပ္ဖြဲ႔ေတြ စက္ရံုထဲကေန စတင္ ထြက္ခြာေၾကာင္း ယူကရိန္း သမၼတ Zelenskyy က ေၾကညာခ်က္မွာေတာ့ ယူကရိန္း အတြက္ ယူကရိန္း သူရဲေကာင္းေတြ အသက္ရွင္ဖို႔ လိုအပ္တယ္။ ဒါက က်ေနာ္တို႔ရဲ႕ မူ ျဖစ္ပါတယ္လို႔ ထည့္သြင္း ေျပာဆိုပါတယ္။
...................................................................
ယူကရိန်းဆိပ်ကမ်းမြို့ ရုရှားတပ်တွေလက်ထဲ ကျတော့မည်
{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံ Mariupol ဆိပ်ကမ်းမြို့က ကြံ့ကြံ့ခံတိုက်နေတဲ့ ရာနဲ့ချီတဲ့ ယူကရိန်းတပ်တွေဟာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီးနောက် ရုရှားတပ်တွေထံ လက်နက်ချခဲ့ကြပြီး သူတို့ခြေကုပ်ယူခဲ့တဲ့ သံမဏိစက်ရုံကို လက်လွှတ်ဖို့ ပြင်ဆင်နေတာကြောင့် မြို့တခုလုံး ရုရှားတပ်တွေလက်ထဲ ကျလုဆဲဆဲ အခြေအနေကို ရောက်နေပါပြီ။
စစ်မဖြစ်ခင်က လူဦးရေ ၄၃၀,၀၀၀ လောက် နေထိုင်ခဲ့တဲ့ Azov ပင်လယ်ရဲ့ မြောက်ပိုင်းကမ်းရိုးတန်း တလျှောက်မှာ ရှိတဲ့ Mariupol မြို့ကို ရုရှားတို့ သိမ်းပိုက်မှုဟာဆိုရင် သုံးလနီးပါးကြာ ယူကရိန်း ကျူးကျော်စစ် အတွင်း ရုရှားရဲ့ အကြီးမားဆုံး အေင်ပွဲလည်း ဖြစ်လာမှာပါ။
ဒါပေမယ့်လည်း ရုရှားဘက်ကတော့ ယူကရိန်း အရှေ့ပိုင်းက ဒေသတွေ ထပ်ပြီး သိမ်းနိုင်ရေးနဲ့ ယူကရိန်း သမ္မတ Volodymyr Zelenskyy အစိုးရကို ဖြုတ်ချရေး ဒါမှမဟုတ်လည်း မြို့တော် Kyiv ကို သိမ်းယူရေး အတွက်ကတော့ အခက်အခဲတွေ ရှိနေတာပါ။
ရုရှားဘက်က လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်မှုတွေကြောင့် အများစု ပျက်စီးနေတဲ့ Mariupol မြို့မှာ အရပ်သား ၂၀,၀၀၀ လောက် သေဆုံးမယ်လို့ ယူကရိန်းဘက်က ခန့်မှန်းထားပါတယ်။
၂၀၁၄ ခုနှစ်က ယူကရိန်းထံကနေ ရုရှားတို့ သိမ်းယူခဲ့တဲ့ ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ရုရှား ပြည်ပမကြီး ကြားမှာ Mariupol မြို့က တည်ရှိနေတာပါ။
အပြင်းအထန် ဒဏ်ရာရထားသူ တချို့ ပါဝင်တဲ့ ယူကရိန်း တိုက်ခိုက်ရေးသမား ၂၆၀ ကတော့ တနလာၤနေ့မှာ Azovstal သံမဏိ စက်ရုံထဲကနေ ထွက်ခွာလာပြီး ရုရှား တပ်ဖွဲ့တွေထံ လက်နက်ချခဲ့ပြီး ဖြစ်ပါတယ်။
သံမဏိ စက်ရုံထဲမှာ ကျန်ရှိနေတဲ့ စစ်သားတွေကို ရွှေ့ပြောင်းရေး အတွက် ဆောင်ရွက်နေကြောင်း ယူကရိန်း အာဏာပိုင်တို့က ပြောဆိုပေမယ့်လည်း စက်ရုံထဲမှာ ဘယ်လောက် ကျန်နေသေးသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ အစုလိုက် အပြုံလိုက် လက်နက်ချပွဲလို့ ရုရှားက ပြောပါတယ်။
ယူကရိန်းဘက်ကတော့ မြို့စောင့်တပ်ဟာ သူ့ရဲ့ မစ်ရှင် ပြီးမြောက်သွားတာ ဖြစ်တယ်လို့ တန်ပြန် ပြောဆိုထားပါတယ်။ ယူကရိန်း တပ်ဖွဲ့တွေ စက်ရုံထဲကနေ စတင် ထွက်ခွာကြောင်း ယူကရိန်း သမ္မတ Zelenskyy က ကြေညာချက်မှာတော့ ယူကရိန်း အတွက် ယူကရိန်း သူရဲကောင်းတွေ အသက်ရှင်ဖို့ လိုအပ်တယ်။ ဒါက ကျနော်တို့ရဲ့ မူ ဖြစ်ပါတယ်လို့ ထည့်သွင်း ပြောဆိုပါတယ်။