သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံဆွေးနွေး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ) နဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba. (မေ ၁၅၊ ၂၀၂၂)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ) နဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba. (မေ ၁၅၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းနိုင်ငံကို ဝင်ရောက်တိုက်ခိုက်တဲ့ ရုရှားရဲ့ ကျူးကျော်မှုနဲ့ ဒီစစ်ပွဲကြောင့် ယူကရိန်းနိုင်ငံ တခုတည်းသာမက တကမ္ဘာလုံးကို ဘယ်လိုသက်ရောက်မှုဖြစ်စေလဲ ဆွေးနွေးကြဖို့ အမေရိကန်နဲ့ ယူကရိန်း ထိပ်တန်းသံတမန်တွေ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နဲ့ တွေ့ဆုံပြီး ယူကရိန်းက တင်ပို့နေကြ စားကုန်တွေ အာဖရိကနဲ့ အာရှိဒေသတွေဆီ ရောက်အောင် သေချာလုပ်ဆောင်ဖို့ အစီအစဉ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ရုရှားကျူးကျော်စစ်ထိုးမှုကို ခုခံဖို့ လိုအပ်တဲ့ လက်နက်တွေ ယူကရိန်း ရရှိရေး၊ ပြီးတော့ ယူကရိန်းနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ သေချာပေးအပ်နိုင်ရေး ပူးပေါင်းစီစဉ်မှုတွေ လုပ်ကြဖို့နဲ့ ယူကရိန်းနိုင်ငံထဲ မြေပြင်က လက်တွေ့အနေအထားကို ဆွေးနွေးကြဖို့ ခေါ်ယူတဲ့ NATO နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မစ္စတာ Blinken နဲ့ မစ္စတာ Kuleba တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ရုရှားက ယူကရိန်းတနိုင်ငံလုံးကို အင်အားအပြည့်နဲ့ ဝင်ရောက်ကျူးကျော် တိုက်ခိုက်လို့ စားသောက်ကုန်တွေ ဈေးမြင့်တက်ကုန်ပြီး ကမ္ဘာ့ဒေသအနှံ့အပြားမှာ အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်နဲ့ ပိုကြီးလာတာဖြစ်ပါတယ်။

စက်မှုထိပ်သီး ၇ နိုင်ငံ G7 နိုင်ငံများရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း ဂျာမနီနိုင်ငံမှာ စနေနေ့က ဆွေးနွေးခဲ့ကြပြီး ရုရှားတပ်တွေ ယူကရိန်းရဲ့ ပင်လယ်နက် ဆိပ်ကမ်းထွက်ပေါက်တွေကို ပိတ်ဆို့ထားတာကို ဖယ်ပေးဖို့ ရုရှားအစိုးရကို တောင်းဆိုသွားပါတယ်။

အဲဒီဆိပ်ကမ်းတွေကနေမှ တဆင့် ယူကရိန်းထွက်ကုန်တွေ ဖြစ်တဲ့ ကောက်နှံတွေ၊ မြေသြဇာနဲ့ တခြားလယ်ယာစိုက်ပျိုးရေးပစ္စည်းတွေကို ပြည်ပကို တင်ပို့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------------

(Unicode)








XS
SM
MD
LG