သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

က်ဴးေက်ာ္စစ္အတြက္ ႐ုရွားကို ကန္ ဆက္လက္ဖိအားေပးမည္ (ကန္ဝန္ႀကီး Blinken)


အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken. (ေမ ၁၅၊ ၂၀၂၂)

(Zawgyi / Unicode)

ေျမာက္အတၱလႏၲိတ္ စစ္စာခ်ဳပ္အဖြဲ႔ (NATO) အေနနဲ႔ ယူကရိန္းစစ္ပြဲကို အတတ္ႏိုင္ဆံုး အျမန္ဆံုး အဆံုးသတ္ဖို႔ လိုလားေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က တနဂၤေႏြေန႔မွာ အေလးအနက္ ေျပာဆိုပါတယ္။

ယူကရိန္းအတြက္ အေထာက္အပံ့ေတြ ဆက္လက္ေပးအပ္ေရး NATO အဖြဲ႔ဝင္ ႏိုင္ငံ ၃၀ က ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးၾကတဲ့ ဂ်ာမနီႏိုင္ငံ ဘာလင္မွာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက ယူကရိန္းရဲ႕ အခ်ဳပ္အျခာအာဏာကို အေမရိကန္က ဆက္လက္ကာကြယ္သြားမွာျဖစ္ၿပီး ႐ုရွားအေပၚ ဖိအားေတြ ဆက္ေပးသြားမွာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့တာပါ။

“မဟာမိတ္အဖြဲ႔ဝင္တိုင္းကေတာ့ ဒီစစ္ပြဲကို အျမန္ဆံုး အဆံုးသတ္လိုပါတယ္။ ဒါေပမဲ့လည္း ယူကရိန္းအတြက္ လံုၿခံဳေရးဆိုင္ရာ အကူအညီေတြ ဆက္လက္ေထာက္ပံ့ေရး၊ ေနာက္ လိုအပ္ခ်က္နဲ႔အညီ ႐ုရွားအေပၚမွာ ဒဏ္ခတ္ပိတ္ဆို႔မႈ၊ ပို႔ကုန္ထိန္းခ်ဳပ္မႈနဲ႔ သံတမန္ေရး ဖိအားေတြကိုလည္း ဆက္လက္ေပးသြားဖို႔ က်ေနာ္တို႔အားလံုး ညီတူညီမွ် ဆံုးျဖတ္ထားၾကပါတယ္။ စစ္ေျမျပင္မွာေရာ ေစ့စပ္ေဆြးေႏြးမႈေတြမွာပါ ယူကရိန္းအေနနဲ႔ အတတ္ႏိုင္ဆံုး အသာစီးရေအာင္ အေမရိကန္၊ မဟာမိတ္ေတြနဲ႔ မိတ္ဘက္ေတြက ေထာက္ပံ့ႏိုင္ေရး အေလးအနက္ထားရွိေၾကာင္း၊ ဒါမွလည္း ႐ုရွားရဲ႕ ရန္လိုမႈကို တြန္းလွန္ႏိုင္ၿပီး ႏိုင္ငံရဲ႕ လြတ္လပ္မႈနဲ႔ အခ်ဳပ္အျခာ အာဏာပိုင္မႈကို အျပည့္အဝ ကာကြယ္ႏိုင္မွာျဖစ္ေၾကာင္း” အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Blinken က ေျပာဆိုခဲ့တာပါ။

တနဂၤေႏြေန႔ အေစာပိုင္းမွာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Blinken က ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba နဲ႔ သီးျခားေတြ႔ဆံုၿပီး စစ္ရဲ႕ ႐ိုက္ခတ္ သက္ေရာက္မႈနဲ႔ ယူကရိန္းရဲ႕ ေကာက္ပဲသီးႏွံေတြ ႏိုင္ငံတကာ ေစ်းကြက္ရမယ့္ အေျခအေနတိို႔ကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

ကျူးကျော်စစ်အတွက် ရုရှားကို ကန် ဆက်လက်ဖိအားပေးမည် (ကန်ဝန်ကြီး Blinken)

မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) အနေနဲ့ ယူကရိန်းစစ်ပွဲကို အတတ်နိုင်ဆုံး အမြန်ဆုံး အဆုံးသတ်ဖို့ လိုလားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္ဂနွေနေ့မှာ အလေးအနက် ပြောဆိုပါတယ်။

ယူကရိန်းအတွက် အထောက်အပံ့တွေ ဆက်လက်ပေးအပ်ရေး NATO အဖွဲ့ဝင် နိုင်ငံ ၃၀ က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးကြတဲ့ ဂျာမနီနိုင်ငံ ဘာလင်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို အမေရိကန်က ဆက်လက်ကာကွယ်သွားမှာဖြစ်ပြီး ရုရှားအပေါ် ဖိအားတွေ ဆက်ပေးသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

“မဟာမိတ်အဖွဲ့ဝင်တိုင်းကတော့ ဒီစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်လိုပါတယ်။ ဒါပေမဲ့လည်း ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာ အကူအညီတွေ ဆက်လက်ထောက်ပံ့ရေး၊ နောက် လိုအပ်ချက်နဲ့အညီ ရုရှားအပေါ်မှာ ဒဏ်ခတ်ပိတ်ဆို့မှု၊ ပို့ကုန်ထိန်းချုပ်မှုနဲ့ သံတမန်ရေး ဖိအားတွေကိုလည်း ဆက်လက်ပေးသွားဖို့ ကျနော်တို့အားလုံး ညီတူညီမျှ ဆုံးဖြတ်ထားကြပါတယ်။ စစ်မြေပြင်မှာရော စေ့စပ်ဆွေးနွေးမှုတွေမှာပါ ယူကရိန်းအနေနဲ့ အတတ်နိုင်ဆုံး အသာစီးရအောင် အမေရိကန်၊ မဟာမိတ်တွေနဲ့ မိတ်ဘက်တွေက ထောက်ပံ့နိုင်ရေး အလေးအနက်ထားရှိကြောင်း၊ ဒါမှလည်း ရုရှားရဲ့ ရန်လိုမှုကို တွန်းလှန်နိုင်ပြီး နိုင်ငံရဲ့ လွတ်လပ်မှုနဲ့ အချုပ်အခြာ အာဏာပိုင်မှုကို အပြည့်အဝ ကာကွယ်နိုင်မှာဖြစ်ကြောင်း” အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောဆိုခဲ့တာပါ။

တနင်္ဂနွေနေ့ အစောပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နဲ့ သီးခြားတွေ့ဆုံပြီး စစ်ရဲ့ ရိုက်ခတ် သက်ရောက်မှုနဲ့ ယူကရိန်းရဲ့ ကောက်ပဲသီးနှံတွေ နိုင်ငံတကာ ဈေးကွက်ရမယ့် အခြေအနေတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG