သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရွ႕ပိုင္းမွာ ႐ုရွားထိုးစစ္ အရွိန္ျမႇင့္


(Zawgyi/ Unicode)

ယူကရိန္းကုိ က်ဴးေက်ာ္တိုက္ခိုက္မႈေတြ ၃ လ ရွိလာခ်ိန္မွာပဲ ယူကရိန္းအေရွ႕ပိုင္း Donbas ေဒသမွာ မၾကံဖူးေလာက္ေအာင္ အျပင္းအထန္ထုိးစစ္ဆင္ တိုက္ခိုက္ေနေၾကာင္း ယူကရိန္းစစ္တပ္က ေျပာပါတယ္။

“ရုရွားတပ္ေတြဟာ အေရွဖက္စစ္ဆင္ေရးနယ္ေျမကု ိထုိးစစ္ဆင္ေနပါတယ္။ ထိပ္တုိက္ ရင္ဆုိင္ထားတဲ့ က်ေနာ္တုိ႔ တပ္ေတြ ရွိရာေနရာေတြကုိ အျပင္းအထန္ပစ္ခတ္တုိက္ခုိက္ ေနပါတယ္။ Donbas စစ္ဆင္ေရးေဒသမွာ အျပင္းအထန္ တိုက္ခိုက္ခံေနရပါတယ္။” လုိ႔ ယူကရိန္းတပ္ဖဲြရဲ႔ေျပာေရးဆုိခြင့္ရွိသူ Oleksandr Shtupun ကေျပာဆုိသြားတာပါ။

ရုရွားတပ္ေတြက Sievierodonestsk ကုိလက္နက္ႀကီးေတြနဲ႔ အျပင္းအထန္ ပစ္ခတ္တဲ့ အတြက္ ၿမိဳ႕ဟာ ပ်က္စီးသြားခဲ့ရပါတယ္လုိ႔ လူဟန္႔စ္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Serhiy Gaidai ကေျပာပါတယ္။
လက္ရွိ ဒီတုိက္ပဲြဟာ အေရးပါေၾကာင္းနဲ႔ Severodonetsk ကုိရုရွားသိမ္းပုိက္သြားႏုိင္ ရင္၊ လူဟန္႔ေဒသတခုလုံး ရုရွားလက္ေအာက္ ေရာက္သြားႏုိင္တယ္လုိ႔ ၿဗိတိန္ကာကြယ္ ေရး၀န္ႀကီးဌာနကေတာ့ သတိေပးထားပါတယ္။

လာမယ့္ ရက္သတၱပတ္ေတြ အတြင္း စစ္ပဲြေတြဟာ ခက္ခက္ခဲခဲ တုိက္ရမွာျဖစ္တယ္လုိ႔ Donbas ေဒသတြင္းက စစ္ပဲြကုိ ရည္ညႊန္းၿပီး ယူကရိန္းသမၼတ ဇာလင္းစကီးကေတာ့ တနလၤာေန႔ ညပုိင္းကေျပာဆုိခဲ့ပါတယ္။

ယူကရိန္း ျပႆနာဟာ ဥေရာပက ျပႆနာတင္ မဟုတ္ဘဲ တကမၻာလုံးနဲ႔ ဆုိင္တဲ့ကိစၥ ျဖစ္တယ္လုိ႔ အဂၤါေန႔ Quad ေလးႏုိင္ငံအစည္းအေ၀းမွာ အေမရိကန္သမၼတ Joe Biden ကေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားထိုးစစ် အရှိန်မြှင့်

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေ ၃ လ ရှိလာချိန်မှာပဲ ယူကရိန်းအရှေ့ပိုင်း Donbas ဒေသမှာ မကြံဖူးလောက်အောင် အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။

“ရုရှားတပ်တွေဟာ အရှေဖက်စစ်ဆင်ရေးနယ်မြေကု ိထိုးစစ်ဆင်နေပါတယ်။ ထိပ်တိုက် ရင်ဆိုင်ထားတဲ့ ကျနော်တို့ တပ်တွေ ရှိရာနေရာတွေကို အပြင်းအထန်ပစ်ခတ်တိုက်ခိုက် နေပါတယ်။ Donbas စစ်ဆင်ရေးဒေသမှာ အပြင်းအထန် တိုက်ခိုက်ခံနေရပါတယ်။” လို့ ယူကရိန်းတပ်ဖွဲရဲ့ပြောရေးဆိုခွင့်ရှိသူ Oleksandr Shtupun ကပြောဆိုသွားတာပါ။

ရုရှားတပ်တွေက Sievierodonestsk ကိုလက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်တဲ့ အတွက် မြို့ဟာ ပျက်စီးသွားခဲ့ရပါတယ်လို့ လူဟန့်စ် ပြည်နယ်အုပ်ချုပ်ရေးမှူး Serhiy Gaidai ကပြောပါတယ်။
လက်ရှိ ဒီတိုက်ပွဲဟာ အရေးပါကြောင်းနဲ့ Severodonetsk ကိုရုရှားသိမ်းပိုက်သွားနိုင် ရင်၊ လူဟန့်ဒေသတခုလုံး ရုရှားလက်အောက် ရောက်သွားနိုင်တယ်လို့ ဗြိတိန်ကာကွယ် ရေးဝန်ကြီးဌာနကတော့ သတိပေးထားပါတယ်။

လာမယ့် ရက်သတ္တပတ်တွေ အတွင်း စစ်ပွဲတွေဟာ ခက်ခက်ခဲခဲ တိုက်ရမှာဖြစ်တယ်လို့ Donbas ဒေသတွင်းက စစ်ပွဲကို ရည်ညွှန်းပြီး ယူကရိန်းသမ္မတ ဇာလင်းစကီးကတော့ တနင်္လာနေ့ ညပိုင်းကပြောဆိုခဲ့ပါတယ်။
ယူကရိန်း ပြဿနာဟာ ဥရောပက ပြဿနာတင် မဟုတ်ဘဲ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ အင်္ဂါနေ့ Quad လေးနိုင်ငံအစည်းအဝေးမှာ အမေရိကန်သမ္မတ Joe Biden ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG