႐ုရွားသမၼတ အရွက္ရေအာင္ မလုပ္ဖို႔ ျပင္သစ္သမၼတ တိုက္တြန္းခ်က္ ယူကရိန္းေ၀ဖန္
{{Zawgyi/Unicode}}
ယူကရိန္းျပႆနာကို သံတမန္ေရး အေျဖရွာႏိုင္ေအာင္ ႐ုရွားသမၼတ Vladimir Putin အရွက္ရေအာင္ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြက မလုပ္ၾကဖို႔ ျပင္သစ္သမၼတ Emmanuel Macron ရဲ႕ တိုက္တြန္းခ်က္ကို ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba က ေဝဖန္ျပစ္တင္လိုက္ပါတယ္။
႐ုရွားကို အရွက္ရေအာင္မလုပ္ဖို႔ ေတာင္းဆိုမႈက ျပင္သစ္နဲ႔ တျခားအဲဒီလိုေတာင္းဆိုတဲ့ ဘယ္ႏိုင္ငံကို မဆို အရွက္ရေစမွာ ျဖစ္ေၾကာင္းနဲ႔ တကယ္ေတာ့ ႐ုရွားကိုယ္တိုင္က သူ႔ဟာသူအရွက္ရေအာင္ လုပ္ေနတာလို႔ Kuleba က တြစ္တာမွာ စေနေန႔က ေရးပါတယ္။ ႐ုရွားကို ေနရာမွန္ျပန္ေရာက္ေအာင္ အားလံုးက ဦးစားေပး လုပ္ေဆာင္မွသာ ၿငိမ္းခ်မ္းမႈရမွာ ျဖစ္သလို အသက္ေတြကိုပါ ကယ္ႏိုင္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
႐ုရွားကို အရွက္ရေအာင္ မလုပ္ၾကဖို႔နဲ႔ ဒါမွသာ တိုက္ပဲြေတြ ရပ္သြားခ်ိန္မွာ သံတမန္ေရး လမ္းေၾကာင္းကေန ျပန္သင့္ျမတ္ေအာင္ လုပ္ႏိုင္မွာ ျဖစ္ေၾကာင္း ျပင္သစ္သမၼတက ေဒသခံ သတင္းမီဒီယာတခုနဲ႔ ေမးျမန္းခန္းမွာ ေသာၾကာေန႔က ေျပာၾကားခဲ့သလို ျပင္သစ္ အေနနဲ႔ ၾကားဝင္ေဆာင္ရြက္မယ့္ အဓိက ၾကားလူအျဖစ္ ေဆာင္ရြက္လိုေၾကာင္းလည္း ေျပာၾကားခဲ့တာပါ။
႐ုရွားသမၼတဟာ သူ႔အတြက္ေရာ၊ သူ႔ျပည္သူအတြက္ေရာ သမိုင္းေၾကာင္းမွာပါ သမိုင္းတြင္ရစ္မယ့္ အေျခခံအမွား တရပ္ကို က်ဴးလြန္ခဲ့ေၾကာင္းနဲ႔၊ သူ႔ကိုယ္သူ အထီးက်န္ေအာင္ လုပ္ေနၿပီး ဒီလို အထီးက်န္မႈကေန ႐ုန္းထြက္ႏိုင္မယ့္ လမ္းေၾကာင္းရွာဖို႔ကေတာ အေတာ္ခက္ခဲႏိုင္တယ္လို႔ ထင္ေၾကာင္းလည္း ေျပာပါတယ္။
ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္စစ္ စတင္ခဲ့တဲ့ ေဖေဖၚဝါရီလကစၿပီး ျပင္သစ္သမၼတ Macron ဟာ ႐ုရွားသမၼတနဲ႔ ပံုမွန္ဆက္သြယ္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာပါ။ ဒါေပမဲ့လည္း သူ႔ရပ္တည္ခ်က္ဟာ ႐ုရွားသမၼတ Putin ကို ေဆြးေႏြးညႇိႏႈိင္းေအာင္ ဖိအားေပးဖို႔ ခက္ခဲေစတယ္လို႔လည္း အေရွ႕ဥေရာပနဲ႔ ေဘာ္လ္တစ္ေဒသ ႏိုင္ငံတခ်ဳိ႕က ထပ္တလဲလဲ ေဝဖန္ေနတာ ျဖစ္ပါတယ္။
ျပင္သစ္ဟာ ယူကရိန္းကို စစ္ေရးအရေရာ ေငြေရးေၾကးေရးအရပါ အကူညီေတြ ေပးေနေပမယ့္ ယူကရိန္းက ေပးေစခ်င္တဲ့ သိသာတဲ့ ႏိုင္ငံေရးပံ့ပိုးမႈကိုေတာ့ တျခား အီးယူ ဥေရာပသမၼတ ေခါင္းေဆာင္ေတြလို မေပးေသးပါဘူး။
.............................................
ရုရှားသမ္မတ အရှက်ရအောင် မလုပ်ဖို့ ပြင်သစ်သမ္မတ တိုက်တွန်းချက် ယူကရိန်းဝေဖန်
{{Zawgyi/Unicode}}
ယူကရိန်းပြဿနာကို သံတမန်ရေး အဖြေရှာနိုင်အောင် ရုရှားသမ္မတ Vladimir Putin အရှက်ရအောင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက မလုပ်ကြဖို့ ပြင်သစ်သမ္မတ Emmanuel Macron ရဲ့ တိုက်တွန်းချက်ကို ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ဝေဖန်ပြစ်တင်လိုက်ပါတယ်။
ရုရှားကို အရှက်ရအောင်မလုပ်ဖို့ တောင်းဆိုမှုက ပြင်သစ်နဲ့ တခြားအဲဒီလိုတောင်းဆိုတဲ့ ဘယ်နိုင်ငံကို မဆို အရှက်ရစေမှာ ဖြစ်ကြောင်းနဲ့ တကယ်တော့ ရုရှားကိုယ်တိုင်က သူ့ဟာသူအရှက်ရအောင် လုပ်နေတာလို့ Kuleba က တွစ်တာမှာ စနေနေ့က ရေးပါတယ်။ ရုရှားကို နေရာမှန်ပြန်ရောက်အောင် အားလုံးက ဦးစားပေး လုပ်ဆောင်မှသာ ငြိမ်းချမ်းမှုရမှာ ဖြစ်သလို အသက်တွေကိုပါ ကယ်နိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ရုရှားကို အရှက်ရအောင် မလုပ်ကြဖို့နဲ့ ဒါမှသာ တိုက်ပွဲတွေ ရပ်သွားချိန်မှာ သံတမန်ရေး လမ်းကြောင်းကနေ ပြန်သင့်မြတ်အောင် လုပ်နိုင်မှာ ဖြစ်ကြောင်း ပြင်သစ်သမ္မတက ဒေသခံ သတင်းမီဒီယာတခုနဲ့ မေးမြန်းခန်းမှာ သောကြာနေ့က ပြောကြားခဲ့သလို ပြင်သစ် အနေနဲ့ ကြားဝင်ဆောင်ရွက်မယ့် အဓိက ကြားလူအဖြစ် ဆောင်ရွက်လိုကြောင်းလည်း ပြောကြားခဲ့တာပါ။
ရုရှားသမ္မတဟာ သူ့အတွက်ရော၊ သူ့ပြည်သူအတွက်ရော သမိုင်းကြောင်းမှာပါ သမိုင်းတွင်ရစ်မယ့် အခြေခံအမှား တရပ်ကို ကျူးလွန်ခဲ့ကြောင်းနဲ့၊ သူ့ကိုယ်သူ အထီးကျန်အောင် လုပ်နေပြီး ဒီလို အထီးကျန်မှုကနေ ရုန်းထွက်နိုင်မယ့် လမ်းကြောင်းရှာဖို့ကတော အတော်ခက်ခဲနိုင်တယ်လို့ ထင်ကြောင်းလည်း ပြောပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်စစ် စတင်ခဲ့တဲ့ ဖေဖေါ်ဝါရီလကစပြီး ပြင်သစ်သမ္မတ Macron ဟာ ရုရှားသမ္မတနဲ့ ပုံမှန်ဆက်သွယ်နိုင်ဖို့ ကြိုးပမ်းနေတာပါ။ ဒါပေမဲ့လည်း သူ့ရပ်တည်ချက်ဟာ ရုရှားသမ္မတ Putin ကို ဆွေးနွေးညှိနှိုင်းအောင် ဖိအားပေးဖို့ ခက်ခဲစေတယ်လို့လည်း အရှေ့ဥရောပနဲ့ ဘော်လ်တစ်ဒေသ နိုင်ငံတချို့က ထပ်တလဲလဲ ဝေဖန်နေတာ ဖြစ်ပါတယ်။
ပြင်သစ်ဟာ ယူကရိန်းကို စစ်ရေးအရရော ငွေရေးကြေးရေးအရပါ အကူညီတွေ ပေးနေပေမယ့် ယူကရိန်းက ပေးစေချင်တဲ့ သိသာတဲ့ နိုင်ငံရေးပံ့ပိုးမှုကိုတော့ တခြား အီးယူ ဥရောပသမ္မတ ခေါင်းဆောင်တွေလို မပေးသေးပါဘူး။