သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယကမ္ဘာစစ်က နာဇီတွေအပေါ်အောင်ပွဲနေ့ ရုရှားမှာ ကျင်းပ 


ရုရှားသမ္မတ Vladimir Putin ၇၇ နှစ်မြောက် ဒုတိယကမ္ဘာစစ်က နာဇီအောင်ပွဲအထိမ်းအမှတ် အခမ်းအနားတက်ရောက်စဉ်။ (မေ ၉ ၊ ၂၀၂၂)
ရုရှားသမ္မတ Vladimir Putin ၇၇ နှစ်မြောက် ဒုတိယကမ္ဘာစစ်က နာဇီအောင်ပွဲအထိမ်းအမှတ် အခမ်းအနားတက်ရောက်စဉ်။ (မေ ၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ခဲ့တာဟာ အနောက်အုပ်စုရဲ့မူဝါဒတွေကိုတွန်းလှန်မှုနဲ့ ကျူးကျော်မှုကိုတားဆီးဖို့ လိုအပ်ချက်အဖြစ် ပြောဆိုလိုက်ပါတယ်။

မော်စကိုမြို့ ရင်ပြင်နီမှာပြုလုပ်တဲ့ နာဇီတွေအပေါ် ဒုတိယကမ္ဘာစစ်အောင်ပွဲ အထိမ်းအမှတ်အခမ်းအနားမှာ သမ္မတပူတင်က ဆိုဗီယက် တပ်နီတော်က နာဇီတပ်တွေကို တိုက်ခိုက်ခဲ့ကြတာနဲ့ အခုတခါ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းမှာ စစ်ရေးအရ အရေးယူနေတာတွေကို နှိုင်းယှဉ်ပြောသွားပါတယ်။ ပူတင်ဟာ အနောက်အုပ်စုကို ပြင်းပြင်းထန်ထန် ပြစ်တင်သွားပေမယ့် သူရဲ့မဟာဗျူဟာနဲ့ ယူကရိန်းတွနေဲ့ အနောက်အုပ်စုဝင်တချို့ စိုးရိမ်မှုရှိနေကြတဲ့ စစ်ပွဲကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လှုံဆော်ကြေညာမယ့် အရိပ် အယောင်တော့ ပြောဆိုသွားခြင်းမရှိပါဘူး။

ရင်ပြင်နီမှာ ရုရှားတပ်ဖွဲ့တွေကို မိန့်ခွန်းပြောကြားရာမှာ ယူကရိန်းကို ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်ရတာဟာ မိမိတို့နယ်နမိတ်အနီးမှာ လာရောက်ဖန်တီးတဲ့ ခြိမ်းခြောက်မှုတွေကို လုံးဝလက်မခံနိုင်လို့ တုံ့ပြန်ရတာလို့လည်း ပြောကြားပါတယ်။ အမေရိကန်နဲ့ သူရဲ့ မဟာမိတ်တွေရဲ့ ထောက်ပံ့မှုနဲ့ ယူကရိန်းနိုင်ငံဟာ ရန်လိုမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း သမ္မတပူတင်က အကြိမ်ကြိမ် စွပ်စွဲခဲ့ပါတယ်။

ဒါပေမယ့်လည်း အနောက်အုပ်စုဝင်တွေကတော့ အဲဒီလို ပြောဆိုမှုကို ငြင်းဆိုထားပါတယ်။ ဒါ့အပြင် NATO အဖွဲ့ တိုးချခဲ့တာကို ရုတ်သိမ်းပေးပြီး မိမိတို့နိုင်ငံ လုံခြုံရေးအတွက် ကတိကဝတ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက်ကြောင့် ရုရှားအနေနဲ့ တခြားရွေးချယ်စရာမရှိလို့ ယူကရိန်းကို စစ်ရေးအရ ဝင်ရောက်ရတယ်လို့လည်း အခမ်းအနားမှာ သမ္မတ ပူတင်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]

ဒုတိယကမ်ဘာစဈက နာဇီတှအေပေါျအောငျပှဲနေ့ ရုရှားမှာ ကငြျးပ





==============

XS
SM
MD
LG