ယူကရိန္းစစ္ေၾကာင့္ အာဖရိကမွာ စားနပ္ရိကၡာျပႆနာနဲ႔ၾကံဳ
{{Zawgyi/Unicode}}
ယူကရိန္း စစ္ပြဲေၾကာင့္ အာဖရိကတုိက္မွာ အစားအစာ အက်ပ္အတည္း ၾကံဳေနရေၾကာင္း ရုရွား သမၼတ Vladimir Putin နဲ႔ ေတြ႕ဆုံရာမွာ အာဖရိက သမဂၢ AU ေခါင္းေဆာင္ေတြက ေျပာဆိုခဲ့ၾကေပမဲ့၊ ကမာၻတ၀ွမ္း စားနပ္ရိကၡာ ျပႆနာအတြက္ တာ၀န္မရွိေၾကာင္း ႐ုရွားက ေျပာလိုက္ပါတယ္။
ရုရွား နဲ႔ ယူကရိန္း ႏိုင္ငံက ထြက္ရွိတဲ့ သီးႏွံေတြအေပၚမွာ အႀကီးအက်ယ္ မွီခိုေနၾကရတဲ့ အာဖရိကတိုက္ဟာ ရုရွားက ယူကရိန္းကို က်ဳးေက်ာ္တိုက္ခိုက္ေနတာ ရက္ေပါင္း ၁၀၀ ျပည့္ခ်ိန္မွာ စားနပ္ရိကၡာ အခက္အခဲေတြ ဆိုးဆိုးဝါးဝါး ႀကဳံေတြ႕ေနရပါတယ္။
စစ္ေျမျပင္နဲ႔ အေ၀းႀကီးမွာ ရွိေနတဲ့ အာဖရိကတိုက္ ႏိုင္ငံေတြမွာေတာ့ စီးပြားေရး အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတာကို ႐ုရွားသမၼတ သိေစခ်င္တာေၾကာင့္ လာေရာက္ေတြ႕ဆုံရတာ ျဖစ္ေၾကာင္းလည္း AU ဥကၠဌ Senegal သမၼတ Macky Sall ရုရွားႏိုင္ငံ ေတာင္ပုိင္း ပင္လယ္နက္ကမ္းေျခ အပန္းေျဖ Sochi ျမိဳ႕မွာ ျပဳလုပ္တဲ့ ေဆြးေႏြးပြဲအတြင္းမွာ သမၼတ ပူတင္ကို ေျပာဆိုခဲ့တာပါ။
ဒါအျပင္ ယူကရိန္းအေပၚ ရုရွား က်ဴးေက်ာ္စစ္နဲ႔ ပတ္သက္ၿပီး ကုလသမဂၢမွာ မဲခြဲ ဆုံးျဖတ္ခဲ့တဲ့အခါမွာလည္း အာဖရိကတိုက္ ႏိုင္ငံေတြဟာ ရုရွားအေပၚမွာ ရႈတ္ခ်ျပစ္တင္ဖို႔ ေရွာင္ရွားခဲ့ေၾကာင္း ႏိုင္ငံပိုင္ ႐ုပ္သံက ထုတ္လႊင့္တဲ့ အစီအစဥ္မွာ ေျပာဆိုခဲ့ပါတယ္။
ရုရွား သမၼတ Putin ကေတာ့ စားနပ္ရိကၡာ အက်ပ္အတည္းနဲ႔ ပတ္သက္ၿပီး ရည္ညႊန္းေျပာဆိုျခင္းမရွိေပမယ့္ သူတို႔ ရုရွားႏိုင္ငံအေနနဲ႔ အာဖရိကႏိုင္ငံေတြနဲ႔ ခိုင္မာတဲ့ ဆက္ဆံေရး ဖြံၿဖိဳးတုိးတက္မႈရွိဖို႔ ဆႏၵရွိပါတယ္လို႔ ေယ်ဘူယ် သေဘာမ်ဳိး ေျပာခဲ့ပါတယ္။
႐ုရွားတပ္ေတြဟာ ယူကရိန္း ေတာင္ဖက္ ကမ္း႐ိုးတန္းနဲ႔ ပင္လယ္နက္ ဆိပ္ကမ္းေတြကို ထိန္းခ်ဳပ္ထားတဲ့အတြက္ သီးႏွံျပည္ပတင္ပို႔ေရး အခက္အခဲ ၾကံဳေနရတာပါ။ ဒါေပမဲ့လည္း ႐ုရွားအစိုးရ ေျပာခြင့္ရပုဂၢိဳလ္ကေတာ့ ယူကရိန္းက သီးႏွံေတြ ျပည္ပတင္ပို႔မႈ အခက္ၾကံဳေနရတဲ့အေပၚ အေနာက္ႏိုင္ငံေတြကို အျပစ္ဖို႔ခဲ့ပါတယ္။
..................................................
ယူကရိန်းစစ်ကြောင့် အာဖရိကမှာ စားနပ်ရိက္ခာပြဿနာနဲ့ကြုံ
{{Zawgyi/Unicode}}
ယူကရိန်း စစ်ပွဲကြောင့် အာဖရိကတိုက်မှာ အစားအစာ အကျပ်အတည်း ကြုံနေရကြောင်း ရုရှား သမ္မတ Vladimir Putin နဲ့ တွေ့ဆုံရာမှာ အာဖရိက သမဂ္ဂ AU ခေါင်းဆောင်တွေက ပြောဆိုခဲ့ကြပေမဲ့၊ ကမ္ဘာတဝှမ်း စားနပ်ရိက္ခာ ပြဿနာအတွက် တာဝန်မရှိကြောင်း ရုရှားက ပြောလိုက်ပါတယ်။
ရုရှား နဲ့ ယူကရိန်း နိုင်ငံက ထွက်ရှိတဲ့ သီးနှံတွေအပေါ်မှာ အကြီးအကျယ် မှီခိုနေကြရတဲ့ အာဖရိကတိုက်ဟာ ရုရှားက ယူကရိန်းကို ကျုးကျော်တိုက်ခိုက်နေတာ ရက်ပေါင်း ၁၀၀ ပြည့်ချိန်မှာ စားနပ်ရိက္ခာ အခက်အခဲတွေ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရပါတယ်။
စစ်မြေပြင်နဲ့ အဝေးကြီးမှာ ရှိနေတဲ့ အာဖရိကတိုက် နိုင်ငံတွေမှာတော့ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကို ရုရှားသမ္မတ သိစေချင်တာကြောင့် လာရောက်တွေ့ဆုံရတာ ဖြစ်ကြောင်းလည်း AU ဥက္ကဌ Senegal သမ္မတ Macky Sall ရုရှားနိုင်ငံ တောင်ပိုင်း ပင်လယ်နက်ကမ်းခြေ အပန်းဖြေ Sochi မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်းမှာ သမ္မတ ပူတင်ကို ပြောဆိုခဲ့တာပါ။
ဒါအပြင် ယူကရိန်းအပေါ် ရုရှား ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ မဲခွဲ ဆုံးဖြတ်ခဲ့တဲ့အခါမှာလည်း အာဖရိကတိုက် နိုင်ငံတွေဟာ ရုရှားအပေါ်မှာ ရှုတ်ချပြစ်တင်ဖို့ ရှောင်ရှားခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်တဲ့ အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ရုရှား သမ္မတ Putin ကတော့ စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ရည်ညွှန်းပြောဆိုခြင်းမရှိပေမယ့် သူတို့ ရုရှားနိုင်ငံအနေနဲ့ အာဖရိကနိုင်ငံတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ဖွံဖြိုးတိုးတက်မှုရှိဖို့ ဆန္ဒရှိပါတယ်လို့ ယျေဘူယျ သဘောမျိုး ပြောခဲ့ပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်း တောင်ဖက် ကမ်းရိုးတန်းနဲ့ ပင်လယ်နက် ဆိပ်ကမ်းတွေကို ထိန်းချုပ်ထားတဲ့အတွက် သီးနှံပြည်ပတင်ပို့ရေး အခက်အခဲ ကြုံနေရတာပါ။ ဒါပေမဲ့လည်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ယူကရိန်းက သီးနှံတွေ ပြည်ပတင်ပို့မှု အခက်ကြုံနေရတဲ့အပေါ် အနောက်နိုင်ငံတွေကို အပြစ်ဖို့ခဲ့ပါတယ်။