ယူကရိန္းႏိုင္ငံအတြက္ ေျမျပင္ကေန ေဝဟင္ပစ္ဒုံးက်ည္စနစ္ေတြနဲ႔ တန္ျပန္ပစ္ေရဒါေတြအပါအဝင္ ေနာက္ထပ္စစ္ေရးအကူအညီ ေဒၚလာ ၈၂၀ သန္းကို ေထာက္ပံ့မွာ ျဖစ္တယ္လို႔ အေမရိကန္အစိုးရက ေသာၾကာေန႔က ေၾကညာပါတယ္။ အခုလိုေနာက္ဆုံး ယူကရိန္းကိုေပးတဲ့ စစ္ေရးအကူအညီဟာ ႐ုရွားရဲ႕ တာေဝးပစ္ဒုံးက်ည္ အသုံးျပဳမႈကို တန္ျပန္ဖို႔ျဖစ္သလို ႐ုရွားစစ္လက္နက္ေတြထက္ ပိုမိုသာလြန္တဲ့ အဆင့္ျမင့္လက္နက္နည္းပညာစနစ္ေတြကို ကူညီဖို႔ ယူကရိန္းအရာရွိေတြက အေနာက္ႏိုင္ငံေတြကို ေတာင္းဆိုခဲ့တဲ့အတိုင္း အေမရိကန္က ပံ့ပိုးတာ ျဖစ္ပါတယ္။
ေဖေဖၚဝါရီလကုန္မွာ ႐ုရွားက ယူကရိန္းကို စၿပီးက်ဴးေက်ာ္ခ်ိန္ကတည္းက ဘိုင္ဒန္အစိုးရအေနနဲ႔ ေဒၚလာ (၇) ဘီလီယံနီးပါး အပါအဝင္ ယူကရိန္းကို လုံၿခဳံေရးအကူအညီ ေပးခဲ့တဲ့ ပမာဏေပါင္း အခုဆိုရင္ ေဒၚလာ (၇.၆) ဘီလီယံထိ ရွိသြားၿပီျဖစ္ေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္က ေသာၾကာေန႔က ေျပာပါတယ္။
ဒါအျပင္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ယူကရိန္းႏိုင္ငံက လိုအပ္ေနသမွ်ကာလပတ္လုံး ပံ့ပိုးေပးသြားမွာ ျဖစ္တယ္လို႔ စပိန္ႏိုင္ငံ မက္ဒရစ္ၿမိဳ႕မွာ ဒီသီတင္းပတ္က ျပဳလုပ္တဲ့ ေနတိုးမဟာမိတ္ ထိပ္သီးအစည္းအေဝး သတင္းစာရွင္းလင္းပြဲမွာ သမၼတဘိုင္ဒန္က ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းကို အေမရိကန္က စစ္ေရးအကူအညီေတြကို အသုတ္လိုက္ေပးေနရာမွာ အခု (၁၄) ႀကိမ္ေျမာက္မွာေတာ့ ယူကရိန္းတပ္ဖြဲ႔ဝင္ေတြအတြက္ ခ႐ုဇ္ဒုံးက်ည္ေတြနဲ႔ ေလယာဥ္ေတြကို ခုခံကာကြယ္ေပးႏိုင္တဲ့ NASAMS လို႔ လူသိမ်ားတဲ့ ေလေၾကာင္းရန္ ကကြယ္ေရးစနစ္ႏွစ္ခု ပါဝင္ပါတယ္။
===Unicode ====
ယူကရိန်းနိုင်ငံအတွက် မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်စနစ်တွေနဲ့ တန်ပြန်ပစ်ရေဒါတွေအပါအဝင် နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာ ၈၂၀ သန်းကို ထောက်ပံ့မှာ ဖြစ်တယ်လို့ အမေရိကန်အစိုးရက သောကြာနေ့က ကြေညာပါတယ်။ အခုလိုနောက်ဆုံး ယူကရိန်းကိုပေးတဲ့ စစ်ရေးအကူအညီဟာ ရုရှားရဲ့ တာဝေးပစ်ဒုံးကျည် အသုံးပြုမှုကို တန်ပြန်ဖို့ဖြစ်သလို ရုရှားစစ်လက်နက်တွေထက် ပိုမိုသာလွန်တဲ့ အဆင့်မြင့်လက်နက်နည်းပညာစနစ်တွေကို ကူညီဖို့ ယူကရိန်းအရာရှိတွေက အနောက်နိုင်ငံတွေကို တောင်းဆိုခဲ့တဲ့အတိုင်း အမေရိကန်က ပံ့ပိုးတာ ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီလကုန်မှာ ရုရှားက ယူကရိန်းကို စပြီးကျူးကျော်ချိန်ကတည်းက ဘိုင်ဒန်အစိုးရအနေနဲ့ ဒေါ်လာ (၇) ဘီလီယံနီးပါး အပါအဝင် ယူကရိန်းကို လုံခြုံရေးအကူအညီ ပေးခဲ့တဲ့ ပမာဏပေါင်း အခုဆိုရင် ဒေါ်လာ (၇.၆) ဘီလီယံထိ ရှိသွားပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့က ပြောပါတယ်။
ဒါအပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းနိုင်ငံက လိုအပ်နေသမျှကာလပတ်လုံး ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဒီသီတင်းပတ်က ပြုလုပ်တဲ့ နေတိုးမဟာမိတ် ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ သမ္မတဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို အမေရိကန်က စစ်ရေးအကူအညီတွေကို အသုတ်လိုက်ပေးနေရာမှာ အခု (၁၄) ကြိမ်မြောက်မှာတော့ ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် ခရုဇ်ဒုံးကျည်တွေနဲ့ လေယာဉ်တွေကို ခုခံကာကွယ်ပေးနိုင်တဲ့ NASAMS လို့ လူသိများတဲ့ လေကြောင်းရန် ကကွယ်ရေးစနစ်နှစ်ခု ပါဝင်ပါတယ်။