သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း ေတာင္ပိုင္းနဲ႔ အေရွ႕ပိုင္းမွာ ႐ုရွား တိုက္ခိုက္မႈ အရွိန္ျမႇင့္


Rescuers clear the scene after a building was partialy destroyed as a result of Russian missile hit on a four-storey residential building in Chasiv Yar, Bakhmut District, eastern Ukraine, on July 10, 2022.

ယူကရိန္းႏိုင္ငံအေရွ႕ပိုင္း Chasiv Yar ၿမိဳ႕ (၅) ထပ္ အေဆာက္အအုံတခုကို တနဂၤေႏြေန႔မွာ ႐ုရွားက ဒုံးက်ည္နဲ႔ ပစ္ခတ္တိုက္ခိုက္တာေၾကာင့္ အနည္းဆုံး လူ (၆) ဦးေသဆုံးခဲ့တယ္လို႔ ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉး တစ္ဦးက ေျပာပါတယ္။

အပ်က္အစီးေတြေအာက္ လူ (၃၀) ေက်ာ္ ပိတ္မိေနႏိုင္တယ္လို႔လည္း Donetsk ေဒသ အုပ္ခ်ဳပ္ေရးမႉး Pavlo Kyrylenko က ေျပာပါတယ္။ ယူကရိန္းအေရွ႕ပိုင္း နဲ႔ ေတာင္ပိုင္းေဒသေတြမွာ ႐ုရွားက ဒုံးက်ည္ေတြနဲ႔ ျပင္းျပင္းထန္ထန္ တိုက္ခိုက္ခဲ့တယ္လို႔ စေနေန႔က ယူကရိန္းဘက္က သတင္းထုတ္ျပန္ပါတယ္။ ႐ုရွားက Donbas ၿမိဳ႕ အေရွ႕ပိုင္း စက္မႈဇုန္ကို အဓိကတိုက္ခိုက္ေနတာပါ။

ဒါေပမဲ့ အေရွ႕ေျမာက္ပိုင္း Kharkiv ၿမိဳ႕ကို ႐ုရွားဒုံးက်ည္နဲ႔ ပစ္ခတ္တာေၾကာင့္ အရပ္သား (၃) ဦး ဒဏ္ရာရခဲ့တယ္လို႔လည္း Donbas ေဒအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ Luhansk နဲ႔ Donetsk ေဒသ ႏွစ္ခုလုံးကို ႐ုရွားက ဆက္တိုက္တိုက္ခိုက္မႈေတြ လုပ္ေနတာပါ။ ႐ုရွားက ႏိုင္ငံတဝန္းလုံးက အရန္တပ္ဖြဲ႔ေတြကို ေခၚေဆာင္ၿပီး ယူကရိန္းဘက္ အနီးတဝိုက္မွာ ျဖန႔္ခ်ထားတယ္လို႔လည္း ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ၿပီးခဲတဲ့ ရက္ပိုင္းတုန္းက ႐ုရွားက ထိုးစစ္ခဏရပ္ထားမယ္ေျပာေပမဲ့ လက္ေတြ႔မွာ အေကာင္အထည္ေဖာ္တဲ့ပုံ မရွိေသးဘူးလို႔လည္း ယူကရိန္းဘက္က အရာရွိေတြက ေျပာပါတယ္။

Luhansk ျပည္နယ္အားလုံးကို ထိန္းခ်ဳပ္ထားႏိုင္ၿပီလို႔ ႐ုရွားက ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္က ႐ုရွားေၾကညာထားၿပီး အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခိုက္ေနတယ္ဆိုတာကိုေတာ့ ျငင္းဆိုပါတယ္။ ယူကရိန္းထြက္ စပါးေတြကို Odesa ၿမိဳ႕ကေန တင္ပို႔တာကို ႐ုရွားေတြက ဆက္ၿပီးတားျမစ္ေနတာပါ။ အဓိကပို႔ကုန္အခ်က္အခ်ာျဖစ္တဲ့ Odesa ၿမိဳ႕ အဓိကလမ္းေၾကာင္းေပၚမွာရွိတဲ့ မဟာဗ်ဴဟာက် ဆိပ္ကမ္းၿမိဳ႕ Mykolaiv ကို ယူကရိန္းတပ္ဖြဲ႔ေတြ အျပင္းအထန္ ခုခံကာကြယ္ေနရတယ္လို႔လည္း BBC သတင္းမွာ ေဖာ္ျပပါတယ္။

====Unicode ===

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Chasiv Yar မြို့ (၅) ထပ် အဆောက်အအုံတခုကို တနင်္ဂနွေနေ့မှာ ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အနည်းဆုံး လူ (၆) ဦးသေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

အပျက်အစီးတွေအောက် လူ (၃၀) ကျော် ပိတ်မိနေနိုင်တယ်လို့လည်း Donetsk ဒေသ အုပ်ချုပ်ရေးမှူး Pavlo Kyrylenko က ပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်း နဲ့ တောင်ပိုင်းဒေသတွေမှာ ရုရှားက ဒုံးကျည်တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ စနေနေ့က ယူကရိန်းဘက်က သတင်းထုတ်ပြန်ပါတယ်။ ရုရှားက Donbas မြို့ အရှေ့ပိုင်း စက်မှုဇုန်ကို အဓိကတိုက်ခိုက်နေတာပါ။

ဒါပေမဲ့ အရှေ့မြောက်ပိုင်း Kharkiv မြို့ကို ရုရှားဒုံးကျည်နဲ့ ပစ်ခတ်တာကြောင့် အရပ်သား (၃) ဦး ဒဏ်ရာရခဲ့တယ်လို့လည်း Donbas ဒေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ Luhansk နဲ့ Donetsk ဒေသ နှစ်ခုလုံးကို ရုရှားက ဆက်တိုက်တိုက်ခိုက်မှုတွေ လုပ်နေတာပါ။ ရုရှားက နိုင်ငံတဝန်းလုံးက အရန်တပ်ဖွဲ့တွေကို ခေါ်ဆောင်ပြီး ယူကရိန်းဘက် အနီးတဝိုက်မှာ ဖြန့်ချထားတယ်လို့လည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ပြီးခဲတဲ့ ရက်ပိုင်းတုန်းက ရုရှားက ထိုးစစ်ခဏရပ်ထားမယ်ပြောပေမဲ့ လက်တွေ့မှာ အကောင်အထည်ဖော်တဲ့ပုံ မရှိသေးဘူးလို့လည်း ယူကရိန်းဘက်က အရာရှိတွေက ပြောပါတယ်။

Luhansk ပြည်နယ်အားလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ ရုရှားက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားကြေညာထားပြီး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတာကိုတော့ ငြင်းဆိုပါတယ်။ ယူကရိန်းထွက် စပါးတွေကို Odesa မြို့ကနေ တင်ပို့တာကို ရုရှားတွေက ဆက်ပြီးတားမြစ်နေတာပါ။ အဓိကပို့ကုန်အချက်အချာဖြစ်တဲ့ Odesa မြို့ အဓိကလမ်းကြောင်းပေါ်မှာရှိတဲ့ မဟာဗျူဟာကျ ဆိပ်ကမ်းမြို့ Mykolaiv ကို ယူကရိန်းတပ်ဖွဲ့တွေ အပြင်းအထန် ခုခံကာကွယ်နေရတယ်လို့လည်း BBC သတင်းမှာ ဖော်ပြပါတယ်။

XS
SM
MD
LG