သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားသိမ္းပိုက္ခံ ခ႐ိုင္းမီးယားေဒသ စစ္စခန္းမွာ ေပါက္ကဲြမႈျဖစ္ 


Crimea Explosion

ရုရွားသိမ္းပိုက္ထားတဲ့ ခ႐ိုင္းမီးယားကၽြန္းဆြယ္က လက္နက္တိုက္တခုမွာ အဂၤါေန႔က ႀကီးမားတဲ့ ေပါက္ကြဲမႈေတြ ျဖစ္ပြားခဲ့တဲ့အတြက္ေၾကာင့္ မီးေလာင္မႈ ျဖစ္ပြားၿပီး၊ လူေပါင္း ၃ ေထာင္ေက်ာ္ကို ေဘးလြတ္ရာကို ေရႊ႕ေျပာင္းခဲ့ရပါတယ္။

႐ုရွားသိမ္းပိုက္ခံ ခ႐ိုင္းမီးယားေဒသ စစ္စခန္းမွာ ေပါက္ကဲြမႈျဖစ္

{{Zawgyi/Unicode}}
ရုရွားသိမ္းပိုက္ထားတဲ့ ခ႐ိုင္းမီးယားကၽြန္းဆြယ္က လက္နက္တိုက္တခုမွာ အဂၤါေန႔က ႀကီးမားတဲ့ ေပါက္ကြဲမႈေတြ ျဖစ္ပြားခဲ့တဲ့အတြက္ေၾကာင့္ မီးေလာင္မႈ ျဖစ္ပြားၿပီး၊ လူေပါင္း ၃ ေထာင္ေက်ာ္ကို ေဘးလြတ္ရာကို ေရႊ႕ေျပာင္းခဲ့ရပါတယ္။

၂၀၁၄ ခုႏွစ္က ႐ုရွားသိမ္းပိုက္ခဲ့တဲ့ ခ႐ိုင္းမီးယားေဒသ Mayskoye မွာရွိတဲ့ ရုရွားစစ္စခန္းက လက္နက္ခဲယမ္းေတြ သိုေလွာင္ရာ အေဆာက္အဦတခုမွာ အဲဒီလို ေပါက္ကြဲမႈဟာ ဒီသီတင္းပတ္ထဲအတြင္း ဒုတိယ အႀကိမ္ေျမာက္ ျဖစ္ပါတယ္။

ေပါက္ကဲြမွာ ဘယ္သူလက္ခ်က္ဆိုတာ ႐ုရွားက အတိအက် ေဖာ္ျပျခင္းမရွိေပမဲ့ အဖ်က္အေမွာင့္လုပ္ရပ္အျဖစ္ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ တုန္းကလည္း ခ႐ိုင္းမီးယားေဒသက Saki ေလတပ္စခန္းမွာ ေပါက္ကဲြမႈ ျဖစ္ပြားၿပီး ႐ုရွားစစ္ေလယာဥ္ ၉ စင္း ပ်က္စီးခဲ့ပါတယ္။ Saki ေလတပ္စခန္း ေပါက္ကဲြမႈဟာ မေတာ္တဆမႈ ျဖစ္ေၾကာင္း ႐ုရွားက ေျပာဆိုခဲ့ၿပီး၊ ယူကရိန္းဖက္ကလည္း သူတို႔လက္ခ်က္အျဖစ္ ထုတ္ေဖာ္ေျပာဆိုတာ မရွိခဲ့ပါဘူး။

အခုေနာက္ဆုံး ေပါက္ကဲြမႈနဲ႔ ပတ္သက္လို႔လည္း ယူကရိန္းဖက္က သူတို႔လက္ခ်က္ျဖစ္တယ္လို႔ ေျပာဆိုျခင္းမရွိေပမဲ့ ယူကရိန္း သမၼတ ရဲ႕ အႀကံေပး Mykhaylo Podolyak ကေတာ့ ခ႐ိုင္းမီးယားကို သိမ္းပိုက္ထားတဲ့ ႐ုရွားေတြ အသက္အႏၲရာယ္နဲ႔ ရင္ဆိုင္ရမယ့္ အႏၲရာယ္ ရွိေနတယ္ဆိုၿပီး Twitter လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................................................

ရုရှားသိမ်းပိုက်ခံ ခရိုင်းမီးယားဒေသ စစ်စခန်းမှာ ပေါက်ကွဲမှုဖြစ်

{{Zawgyi/Unicode}}
ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်က လက်နက်တိုက်တခုမှာ အင်္ဂါနေ့က ကြီးမားတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် မီးလောင်မှု ဖြစ်ပွားပြီး၊ လူပေါင်း ၃ ထောင်ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

၂၀၁၄ ခုနှစ်က ရုရှားသိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားဒေသ Mayskoye မှာရှိတဲ့ ရုရှားစစ်စခန်းက လက်နက်ခဲယမ်းတွေ သိုလှောင်ရာ အဆောက်အဦတခုမှာ အဲဒီလို ပေါက်ကွဲမှုဟာ ဒီသီတင်းပတ်ထဲအတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ပါတယ်။

ပေါက်ကွဲမှာ ဘယ်သူလက်ချက်ဆိုတာ ရုရှားက အတိအကျ ဖော်ပြခြင်းမရှိပေမဲ့ အဖျက်အမှောင့်လုပ်ရပ်အဖြစ် ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ တုန်းကလည်း ခရိုင်းမီးယားဒေသက Saki လေတပ်စခန်းမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ရုရှားစစ်လေယာဉ် ၉ စင်း ပျက်စီးခဲ့ပါတယ်။ Saki လေတပ်စခန်း ပေါက်ကွဲမှုဟာ မတော်တဆမှု ဖြစ်ကြောင်း ရုရှားက ပြောဆိုခဲ့ပြီး၊ ယူကရိန်းဖက်ကလည်း သူတို့လက်ချက်အဖြစ် ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။

အခုနောက်ဆုံး ပေါက်ကွဲမှုနဲ့ ပတ်သက်လို့လည်း ယူကရိန်းဖက်က သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုခြင်းမရှိပေမဲ့ ယူကရိန်း သမ္မတ ရဲ့ အကြံပေး Mykhaylo Podolyak ကတော့ ခရိုင်းမီးယားကို သိမ်းပိုက်ထားတဲ့ ရုရှားတွေ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရမယ့် အန္တရာယ် ရှိနေတယ်ဆိုပြီး Twitter လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

XS
SM
MD
LG