သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



FILE PHOTO: Zaporizhzhia Nuclear Power Plant near Enerhodar



{{Zawgyi/Unicode}}





တိုက်ရိုက် လင့်ခ်

...........................................

ရုရှားထိန်းချုပ် နယ်ထဲက ယူကရိန်းနျူကလီးယားစက်ရုံ ဗုံးကြဲတိုက်ခိုက်ခံရ

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံမှာရှိတဲ့ ဥရောပရဲ့ အကြီးဆုံး နျူကလီးယား ဓါတ်အားပေးစက်ရုံကြီး ကို ရုရှားက တနင်္ဂနွေနေ့က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒါဟာ နျူကလီးယား အကြမ်းဖက်မှု လုပ်ရပ်ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

ရုရှားတပ်ဖွဲ့တွေ စနေနေ့ညက တိုက်ခိုက်မှုကြောင့်လည်း နျူကလီးယား ဓါတ်ရောင်ခြည် အာရုံခံ ကရိယာ Sensors ၃ ခု ပျက်စီးသွားပြီး ဝန်ထမ်းတဦးလည်း ဒဏ်ရာရရှိသွားကြောင်း ယူကရိန်း အစိုးရပိုင် နျူကလီးယား စွမ်းအင် ကုမ္ပဏီ က ပြောပါတယ်။

အဲဒီလို ရုရှားက နျူကလီးယား အကြမ်းဖက်မှု လုပ်လာတာကို ပြင်းပြင်းထန်ထန် တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ရုရှား နျူကလီးယား စက်မှု နဲ့ နျူကလီးယား လောင်စာတွေကို ပိတ်ဆို့ဒဏ်ခတ်ဖို့ လိုအပ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က Twitter တွင် ရေးသားခဲ့သည်။

ရုရှားတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာရှိတဲ့ အဲဒီ နျူကလီးယားစက်ရုံကို ပြီးခဲ့တဲ သောကြာနေ့ကလည်း တိုက်ခိုက်တာခံခဲ့ရပါတယ်။

ရုရှားကတော့ အဲဒီတိုက်ခိုက်မှုဟာ ယူကရိန်းတပ်ဖွဲ့တွေရဲ့လက်ချက်ဖြစ်တယ်လို့ အပြစ်တင်ထားပါတယ်။ Zaporizhzhia အမည်ရှိတဲ့ အဲဒီ နျူကလီးယားစက်ရုံကို ရုရှားတပ်ဖွဲ့တွေ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ အစောပိုင်းကာလ မတ်လဆန်းကတည်းကတိုင် ရုရှားက သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီစက်ရုံကို ယူကရိန်း ပညာရှင် ဝန်ထမ်းတွေနဲ့ပဲ ဆက်လက်လည်ပတ်နေပါတယ်။

XS
SM
MD
LG