ယူကရိန္းႏိုင္ငံ အေရွ႕ပိုင္းက အက်ဥ္းေထာင္တခုကို ေသာၾကာေန႔က ဒုံးက်ည္နဲ႔ တိုက္ခိုက္မႈေၾကာင့္ ဖမ္းဆီးခံထားရတဲ့ ယူကရိန္းစစ္သုံ႔ပန္း ဒါဇင္ေပါင္းမ်ားစြာ ေသဆုံးခဲ့ပါတယ္။ ဒီတိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ ႐ုရွားနဲ႔ ယူကရိန္းႏွစ္ဘက္လုံးက အျပန္အလွန္စြပ္စြဲေနၾကၿပီး ဘယ္သူ႔လက္ခ်က္လည္းဆိုတာကိုေတာ့ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။
႐ုရွားလိုလားတဲ့ ခြဲထြက္ေရးသမားေတြ ထိန္းခ်ဳပ္ထားတဲ့ Donetsk ျပည္နယ္ တစိတ္တပိုင္းျဖစ္တဲ့ Olenivka က အက်ဥ္းေထာင္ကို တိုက္ခိုက္မႈေၾကာင့္ အက်ဥ္းသား ၄၀ ေသဆုံးၿပီး ၇၅ ဦး ဒဏ္ရာရခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ႐ုရွားလိုလားတဲ့ ခြဲထက္ေရးအဖြဲ႔ရဲ႕ေျပာခြင့္ရကလည္း ေသဆုံးသူ ၅၃ ဦးထိရွိၿပီး Kyiv အက်ဥ္းေထာင္ကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တဲ့ ဒုံးက်ဥ္ဟာ အေမရိကန္လုပ္ HIMARS ျဖစ္တယ္လို႔ စြပ္စြဲထားပါတယ္။
ယူကရိန္းဘက္ကလည္း ျပန္လည္ျငင္းဆိုထားၿပီး အက်ဥ္းသားေတြအေပၚ ညႇဥ္းပန္းႏွိပ္စက္တာေတြကို ဖုံးကြယ္ဖို႔ ႐ုရွားအေျမာက္တပ္က အက်ဥ္းေထာင္ကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။
ေသာၾကာေန႔ေႏွာင္းပိုင္းက ႏိုင္ငံကို ေန႔စဥ္မိန႔္ခြန္းအျဖစ္ ယူကရိန္းသမၼတ Volodymyr Zelenskyy ကေျပာၾကားရာမွာ အက်ဥ္းေထာင္တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ ႐ုရွားကို အျပစ္ပုံခ်ခဲ့ပါတယ္။ ဒါအျပင္ ယူကရိန္းစစ္သုံ႔ပန္းေတြကို အစုလိုက္အၿပဳံလိုက္ တမင္တကာသတ္ျဖတ္တဲ့ ႐ုရွားရဲ႕စစ္ရာဇဝတ္က်ဴးလြန္မႈအျဖစ္ စြပ္စြဲခဲ့ပါတယ္။ ႏိုင္ငံတကာအေနနဲ႔ ႐ုရွားကို အၾကမ္းဖက္ဝါဒ ေထာက္ခံကူညီသူအျဖစ္ သတ္မွတ္ဖို႔ ယူကရိန္းသမၼတက ေတာင္းဆိုခဲ့သလို တိုက္ခိုက္မႈေတြမွာ ဒဏ္ရာရတဲ့ ယူကရိန္းေတြကို ကူညီဖို႔ ကုလသမဂၢနဲ႔ ႏိုင္ငံတကာၾကက္ေျခနီ အသင္းႀကီးကို တိုက္တြန္းခဲ့ပါတယ္။
===Unicode ===
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက အကျဉ်းထောင်တခုကို သောကြာနေ့က ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ယူကရိန်းစစ်သုံ့ပန်း ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရုရှားနဲ့ ယူကရိန်းနှစ်ဘက်လုံးက အပြန်အလှန်စွပ်စွဲနေကြပြီး ဘယ်သူ့လက်ချက်လည်းဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ Donetsk ပြည်နယ် တစိတ်တပိုင်းဖြစ်တဲ့ Olenivka က အကျဉ်းထောင်ကို တိုက်ခိုက်မှုကြောင့် အကျဉ်းသား ၄၀ သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ရုရှားလိုလားတဲ့ ခွဲထက်ရေးအဖွဲ့ရဲ့ပြောခွင့်ရကလည်း သေဆုံးသူ ၅၃ ဦးထိရှိပြီး Kyiv အကျဉ်းထောင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဒုံးကျဉ်ဟာ အမေရိကန်လုပ် HIMARS ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ယူကရိန်းဘက်ကလည်း ပြန်လည်ငြင်းဆိုထားပြီး အကျဉ်းသားတွေအပေါ် ညှဉ်းပန်းနှိပ်စက်တာတွေကို ဖုံးကွယ်ဖို့ ရုရှားအမြောက်တပ်က အကျဉ်းထောင်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
သောကြာနေ့နှောင်းပိုင်းက နိုင်ငံကို နေ့စဉ်မိန့်ခွန်းအဖြစ် ယူကရိန်းသမ္မတ Volodymyr Zelenskyy ကပြောကြားရာမှာ အကျဉ်းထောင်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရုရှားကို အပြစ်ပုံချခဲ့ပါတယ်။ ဒါအပြင် ယူကရိန်းစစ်သုံ့ပန်းတွေကို အစုလိုက်အပြုံလိုက် တမင်တကာသတ်ဖြတ်တဲ့ ရုရှားရဲ့စစ်ရာဇဝတ်ကျူးလွန်မှုအဖြစ် စွပ်စွဲခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ ရုရှားကို အကြမ်းဖက်ဝါဒ ထောက်ခံကူညီသူအဖြစ် သတ်မှတ်ဖို့ ယူကရိန်းသမ္မတက တောင်းဆိုခဲ့သလို တိုက်ခိုက်မှုတွေမှာ ဒဏ်ရာရတဲ့ ယူကရိန်းတွေကို ကူညီဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကြက်ခြေနီ အသင်းကြီးကို တိုက်တွန်းခဲ့ပါတယ်။