သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္သုံ႔ပန္းေတြ ေသဆုံးတဲ့ တိုက္ခိုက္မႈ စုံစမ္းေဖာ္ထုတ္ဖို႔ ယူကရိန္းေတာင္းဆို 


Investigators examine bodies of Ukrainian military prisoners at a prison in Olenivka, in an area controlled by Russian-backed separatist forces, eastern Ukraine, July 29, 2022.

ယူကရိန္းအေရွ႔ဖက္ ဒုန္ညက္ေဒသ  Olenivka ၿမိဳ႔ မွာရွိတဲ့ အက်ဥ္းေထာင္ကုိ တုိက္ခုိက္ခဲ့မႈနဲ႔ ပတ္သက္ၿပီး ရုရွားကုိ အေရးယူဖုိ႔ ယူကရိန္းက စေနေန႔မွာ ေတာင္းဆုိလုိက္ပါတယ္။  

စစ္သုံ႔ပန္းေတြ ေသဆုံးတဲ့ တိုက္ခိုက္မႈ စုံစမ္းေဖာ္ထုတ္ဖို႔ ယူကရိန္းေတာင္းဆို

{{Zawgyi/Unicode}}
ယူကရိန္းအေရွ႔ဖက္ ဒုန္ညက္ေဒသ Olenivka ၿမိဳ႔ မွာရွိတဲ့ အက်ဥ္းေထာင္ကုိ တုိက္ခုိက္ခဲ့မႈနဲ႔ ပတ္သက္ၿပီး ရုရွားကုိ အေရးယူဖုိ႔ ယူကရိန္းက စေနေန႔မွာ ေတာင္းဆုိလုိက္ပါတယ္။

ေသာၾကာေန႔တုံးက အတုိက္ခုိက္ခံခဲ့ရၿပီး ဒါဇင္နဲ႔ခ်ီတဲ႔ ယူကရိန္း စစ္သုံးပန္းေတြေသဆုံးခဲ့ရတဲ့ ဒီအက်ဥ္းေထာင္ကုိ ကုလသမဂၢနဲ႔ ႏုိင္ငံတကာ ၾကက္ေျခနီအဖဲြ႕ေတြ ခ်က္ျခင္းသြားေရာက္စုံစမ္းၾကဖုိ႔ ယူကရိန္းက ေတာင္းဆုိပါတယ္။

“ဒီကိစၥကုိစစ္ေဆးဖုိ႔အတြက္ ကၽြမ္းက်င္သူအဖဲြ႔ကုိ ေစလႊတ္ဖုိ႔ အသင့္ရွိေနၿပီး ႏွစ္ဘက္စလုံးက သေဘာတူ လက္ခံဖုိ႔လုိတယ္”လုိ႔ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ ရဲ႔ ေျပာေရးဆုိခြင့္ရွိသူ Farhan Haq စေနေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေျပာပါတယ္။

ရုရွားေတြ ထိန္းခ်ဳပ္ထားတဲ့ ဒီအက်ဥ္းေထာင္ကုိ မစ္ဇုိင္းဒုန္း ထိမွန္ခဲ့တဲ့အတြက္ အနည္းဆုံး ယူကရိန္းစစ္သုံးပန္း ၄၀ ေက်ာ္ေသဆုံးၿပီး၊ ၇၅ ဦးဒဏ္ရာ ရရွိခဲ့တယ္လုိ႔ ရုရွား ကာကြယ္ေရး၀န္ႀကီးဌာနကေျပာပါတယ္။

ဒီတုိက္ခုိက္မႈနဲ႔ ပတ္သက္ၿပီး တက္ဘက္နဲ႔ တဘက္ အျပန္အလွန္စြပ္စဲြေနၿပီး၊ ရုရွားကေတာ့ ယူကရိန္းစစ္သားေတြ လက္ႏွက္ခ်တာကုိ ဟန္႔တားလုိတဲ့အတြက္ ယူကရိန္းက အခုလုိတုိက္ခုိက္ခဲ့တာျဖစ္ၿပီး၊ အေမရိကန္ေတြ ေထာက္ပ့ံေပးထားတဲ့ HIMARS ဒုန္းက်ည္ေတြနဲ႔ အက်ဥ္းေထာင္ကုိ ပစ္ခတ္ခဲ့တာလုိ႔ စြပ္စဲြေျပာဆုိပါတယ္။

ယူကရိန္းကေတာ့ ျငင္းဆုိထားၿပီး ရုရွားေတြဟာ စစ္သုံးပန္းေတြကုိ မေတာ္မတရားျပဳမူ ဆက္ဆံထားတာကုိ လက္စေဖ်ာက္ခ်င္တဲ့အတြက္ အခုလုိတုိက္ခုိက္ခဲ့တာလုိ႔ စြပ္စဲြေျပာဆုိပါတယ္။ ဒီစြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္ၿပီး သီးျခားစုံစမ္းႏုိင္ျခင္း မရွိေသးပါဘူး။

အက်ဥ္းေထာင္ တုိက္ခုိက္ခံရတဲ့ၿမိဳ႔ကုိ လူသားျခင္းစာမႈ အကူအညီေပးမယ့္ ႏုိင္ငံတကာ အဖဲြ႔ေတြသြားခြင့္မရပါဘူး။ ဒဏ္ရာရသူေတြကုိ ကူညီဖုိ႔ ႏုိင္ငံတကာၾကက္ေျခနီအဖဲြ႔ ကလည္းသြားခြင့္ေတာင္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

............................................

စစ်သုံ့ပန်းတွေ သေဆုံးတဲ့ တိုက်ခိုက်မှု စုံစမ်းဖော်ထုတ်ဖို့ ယူကရိန်းတောင်းဆို

{{Zawgyi/Unicode}}
ယူကရိန်းအရှေ့ဖက် ဒုန်ညက်ဒေသ Olenivka မြို့ မှာရှိတဲ့ အကျဉ်းထောင်ကို တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး ရုရှားကို အရေးယူဖို့ ယူကရိန်းက စနေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

သောကြာနေ့တုံးက အတိုက်ခိုက်ခံခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ ယူကရိန်း စစ်သုံးပန်းတွေသေဆုံးခဲ့ရတဲ့ ဒီအကျဉ်းထောင်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တွေ ချက်ခြင်းသွားရောက်စုံစမ်းကြဖို့ ယူကရိန်းက တောင်းဆိုပါတယ်။

“ဒီကိစ္စကိုစစ်ဆေးဖို့အတွက် ကျွမ်းကျင်သူအဖွဲ့ကို စေလွှတ်ဖို့ အသင့်ရှိနေပြီး နှစ်ဘက်စလုံးက သဘောတူ လက်ခံဖို့လိုတယ်”လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ Farhan Haq စနေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ်။

ရုရှားတွေ ထိန်းချုပ်ထားတဲ့ ဒီအကျဉ်းထောင်ကို မစ်ဇိုင်းဒုန်း ထိမှန်ခဲ့တဲ့အတွက် အနည်းဆုံး ယူကရိန်းစစ်သုံးပန်း ၄၀ ကျော်သေဆုံးပြီး၊ ၇၅ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တက်ဘက်နဲ့ တဘက် အပြန်အလှန်စွပ်စွဲနေပြီး၊ ရုရှားကတော့ ယူကရိန်းစစ်သားတွေ လက်နှက်ချတာကို ဟန့်တားလိုတဲ့အတွက် ယူကရိန်းက အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အမေရိကန်တွေ ထောက်ပံ့ပေးထားတဲ့ HIMARS ဒုန်းကျည်တွေနဲ့ အကျဉ်းထောင်ကို ပစ်ခတ်ခဲ့တာလို့ စွပ်စွဲပြောဆိုပါတယ်။

ယူကရိန်းကတော့ ငြင်းဆိုထားပြီး ရုရှားတွေဟာ စစ်သုံးပန်းတွေကို မတော်မတရားပြုမူ ဆက်ဆံထားတာကို လက်စဖျောက်ချင်တဲ့အတွက် အခုလိုတိုက်ခိုက်ခဲ့တာလို့ စွပ်စွဲပြောဆိုပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သီးခြားစုံစမ်းနိုင်ခြင်း မရှိသေးပါဘူး။

အကျဉ်းထောင် တိုက်ခိုက်ခံရတဲ့မြို့ကို လူသားခြင်းစာမှု အကူအညီပေးမယ့် နိုင်ငံတကာ အဖွဲ့တွေသွားခွင့်မရပါဘူး။ ဒဏ်ရာရသူတွေကို ကူညီဖို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ကလည်းသွားခွင့်တောင်းထားပါတယ်။

XS
SM
MD
LG