သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းစစ္သုံ႔ပန္းေတြ ေသဆုံးတဲ့ တိုက္ခိုက္မႈအတြက္ အျပန္အလွန္စြပ္စဲြ 


This frame from a video shows a destroyed barracks at a prison in Olenivka, in an area controlled by Russian-backed separatist forces, eastern Ukraine, July 29, 2022. Russia and Ukraine accused each other Friday of shelling the prison.

ယူကရိန္းအေရွ႔ဖက္ ဒြန္ညက္ ေဒသတြင္းက Olenivka ၿမိဳ႔မွာရွိတဲ့ အက်ဥ္းေထာင္တခု ကုိေသာၾကာေန႔က မစ္ဇုိင္းဒုံး ထိမွန္ခဲ့တဲ့အတြက္ ဒါဇင္နဲ႔ခ်ီတဲ့ ယူကရိန္းစစ္သုံးပန္းေတြ ေသဆုံးခဲ့ရၿပီး၊ ပစ္ခတ္မႈအတြက္ ယူကရိန္းနဲ႔ ရုရွားတုိ႔ အျပန္အလွန္ စြပ္စဲြၾကပါတယ္။

ယူကရိန္းစစ္သုံ႔ပန္းေတြ ေသဆုံးတဲ့ တိုက္ခိုက္မႈအတြက္ အျပန္အလွန္စြပ္စဲြ

{{Zawgyi/Unicode}}
ယူကရိန္းအေရွ႔ဖက္ ဒြန္ညက္ ေဒသတြင္းက Olenivka ၿမိဳ႔မွာရွိတဲ့ အက်ဥ္းေထာင္တခု ကုိေသာၾကာေန႔က မစ္ဇုိင္းဒုံး ထိမွန္ခဲ့တဲ့အတြက္ ဒါဇင္နဲ႔ခ်ီတဲ့ ယူကရိန္းစစ္သုံးပန္းေတြ ေသဆုံးခဲ့ရၿပီး၊ ပစ္ခတ္မႈအတြက္ ယူကရိန္းနဲ႔ ရုရွားတုိ႔ အျပန္အလွန္ စြပ္စဲြၾကပါတယ္။

ရုရွားကာကြယ္ေရး၀န္ႀကီးဌာနက အက်ဥ္းသား ၄၀ ေသဆုံးၿပီး၊ ၇၅ ဦးဒဏ္ရာရခဲ့တယ္ လုိ႔ေျပာဆုိပါတယ္။ ယူကရိန္းအေရွ႔ဖက္က ႐ုရွားလိုလားတဲ့ ခဲြထြက္ေရးအဖဲြ႔ကေတာ့ ေသဆုံးသူ ၅၃ ဦး အထိရွိၿပီး၊ ယူကရိန္းတပ္ေတြက အေမရိကန္ေတြေပးထားတဲ့ အဆင့္ျမင့္ HIMARS ေရာ႔ကတ္ နဲ႔ပစ္ခတ္ခဲ့တာလုိ႔ ေျပာပါတယ္။

စြပ္စဲြခ်က္ကို ယူကရိန္းတပ္ဖဲြ႔ေတြကျငင္းဆုိၿပီး၊ အက်ဥ္းသားေတြကုိ မတရားျပဳမူတဲ့ လုပ္ရပ္ေတြကို ဖုံးကြယ္ခ်င္တာေၾကာင့္ လက္စေဖ်ာက္ဖို႔ အက်ဥ္းေထာင္ကုိ လက္နက္ႀကီးနဲ႔ တမင္ပစ္ခတ္ခဲ့တာလုိ႔ ေျပာပါတယ္။

ရုရွားကာကြယ္ေရး၀န္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူကေတာ့ ယူကရိန္းစစ္သားေတြ လက္နက္ခ်တာကုိ အားမေပးခ်င္တာေၾကာင့္ ယူကရိန္းကအခုလုိပစ္ခတ္ခဲ့တာ လုိ႔ စြပ္စဲြပါတယ္။

ယူကရိန္းႏုိင္ငံျခားေရး၀န္ႀကီး Dmytro Kuleba ကေတာ့ ႐ုရွားရဲ႔ စစ္ရာဇ၀တ္မႈ က်ဳးလြန္မႈအျဖစ္ ႏိုင္ငံတကာက ျပစ္တင္႐ႈတ္ခ်ၾကဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ႏုိင္ငံတကာၾကက္ေျခနီအဖဲြ႔ကေတာ့ ဒီပစ္ခတ္မႈအတြင္း ထိခုိက္ဒဏ္ရာရသူေတြကုိ ကယ္ဆယ္ဖုိ႔ သြားေရာက္ခြင့္ေတာင္းခံခဲ့ပါတယ္။

တခ်ိန္ထဲမွာပဲ ယူကရိန္းေတာင္ပုိင္းၿမိဳ႔ႀကီးျဖစ္တဲ့ Mykolaiv ကုိ ရုရွားတပ္ေတြက မစ္ဇုိင္းဒုံးေတြနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ အနည္းဆုံးလူ ၅ ဦးေသဆုံးခဲ့တယ္လုိ႔ ယူကရိန္းတာ၀န္ရွိ သူေတြကေျပာဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................

ယူကရိန်းစစ်သုံ့ပန်းတွေ သေဆုံးတဲ့ တိုက်ခိုက်မှုအတွက် အပြန်အလှန်စွပ်စွဲ

{{Zawgyi/Unicode}}
ယူကရိန်းအရှေ့ဖက် ဒွန်ညက် ဒေသတွင်းက Olenivka မြို့မှာရှိတဲ့ အကျဉ်းထောင်တခု ကိုသောကြာနေ့က မစ်ဇိုင်းဒုံး ထိမှန်ခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့ ယူကရိန်းစစ်သုံးပန်းတွေ သေဆုံးခဲ့ရပြီး၊ ပစ်ခတ်မှုအတွက် ယူကရိန်းနဲ့ ရုရှားတို့ အပြန်အလှန် စွပ်စွဲကြပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အကျဉ်းသား ၄၀ သေဆုံးပြီး၊ ၇၅ ဦးဒဏ်ရာရခဲ့တယ် လို့ပြောဆိုပါတယ်။ ယူကရိန်းအရှေ့ဖက်က ရုရှားလိုလားတဲ့ ခွဲထွက်ရေးအဖွဲ့ကတော့ သေဆုံးသူ ၅၃ ဦး အထိရှိပြီး၊ ယူကရိန်းတပ်တွေက အမေရိကန်တွေပေးထားတဲ့ အဆင့်မြင့် HIMARS ရော့ကတ် နဲ့ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

စွပ်စွဲချက်ကို ယူကရိန်းတပ်ဖွဲ့တွေကငြင်းဆိုပြီး၊ အကျဉ်းသားတွေကို မတရားပြုမူတဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ချင်တာကြောင့် လက်စဖျောက်ဖို့ အကျဉ်းထောင်ကို လက်နက်ကြီးနဲ့ တမင်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ယူကရိန်းစစ်သားတွေ လက်နက်ချတာကို အားမပေးချင်တာကြောင့် ယူကရိန်းကအခုလိုပစ်ခတ်ခဲ့တာ လို့ စွပ်စွဲပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ကတော့ ရုရှားရဲ့ စစ်ရာဇဝတ်မှု ကျုးလွန်မှုအဖြစ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချကြဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာကြက်ခြေနီအဖွဲ့ကတော့ ဒီပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့ သွားရောက်ခွင့်တောင်းခံခဲ့ပါတယ်။

တချိန်ထဲမှာပဲ ယူကရိန်းတောင်ပိုင်းမြို့ကြီးဖြစ်တဲ့ Mykolaiv ကို ရုရှားတပ်တွေက မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံးလူ ၅ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိ သူတွေကပြောဆိုပါတယ်။

XS
SM
MD
LG