သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းရဲ႕ ပင္လယ္နက္ ဆိပ္ကမ္းေဒသ ႐ုရွားဒံုးက်ည္ ထိမွန္ (ယူကရိန္းစစ္ဘက္)


Nastavljeni napadi Rusije na region Odese, 26. jul 2022.

ယူကရိန္းရဲ႕ ပင္လယ္နက္ ဆိပ္ကမ္း ေဒသေတြမွာ အဂၤါေန႔က ႐ုရွားရဲ႕ မစ္ဇိုင္း ဒံုးက်ည္ေတြ ထိမွန္ခဲ႔ေၾကာင္း ယူကရိန္း စစ္တပ္က ေျပာဆိုပါတယ္။ Mykolaiv ၿမိဳ႕တြင္းက ဆိပ္ကမ္း အေဆာက္အအံုနဲ႔ Odesa ေဒသတြင္း အပါအ၀င္ ေဒသ အေတာ္မ်ားမ်ား တိုက္ခိုက္ခံခဲ႔ရပါတယ္။

ယူကရိန္းရဲ႕ ပင္လယ္နက္ ဆိပ္ကမ္းေဒသ ႐ုရွားဒံုးက်ည္ ထိမွန္ (ယူကရိန္းစစ္ဘက္)

{{Zawgyi/Unicode}}
ယူကရိန္းရဲ႕ ပင္လယ္နက္ ဆိပ္ကမ္း ေဒသေတြမွာ အဂၤါေန႔က ႐ုရွားရဲ႕ မစ္ဇိုင္း ဒံုးက်ည္ေတြ ထိမွန္ခဲ႔ေၾကာင္း ယူကရိန္း စစ္တပ္က ေျပာဆိုပါတယ္။ Mykolaiv ၿမိဳ႕တြင္းက ဆိပ္ကမ္း အေဆာက္အအံုနဲ႔ Odesa ေဒသတြင္း အပါအ၀င္ ေဒသ အေတာ္မ်ားမ်ား တိုက္ခိုက္ခံခဲ႔ရပါတယ္။ Odesa ကို ႐ုရွားက မစ္ဇိုင္း ဒံုးနဲ႔ တိုက္ခိုက္ၿပီးေနာက္ ရက္ပိုင္း အၾကာမွာ ထပ္မံ တိုက္ခိုက္မႈေတြေၾကာင့္ Odesa နဲ႔ တျခားေသာ ယူကရိန္း ဆိပ္ကမ္း ၂ ခုကေန ယူကရိန္းရဲ႕ ျပည္ပ တင္ပို႔မႈ ျပန္လည္ စတင္ေရး သေဘာတူညီခ်က္နဲ႔ ပတ္သက္ၿပီး ေမးခြန္းေတြ ထြက္ေပၚလာပါတယ္။

႐ုရွားတပ္ဖြဲ႔ေတြ အေနနဲ႔ သူ႔ရဲ႕ ပင္လယ္နက္ ေရတပ္ကို သံုးၿပီး Odesa ကို သိမ္းယူေရး ႀကိဳးပမ္းမႈမွာ အတားအဆီး ျဖစ္ေနတဲ႔ သေဘာၤဖ်က္ မစ္ဇိုင္းေတြကို အဓိက ၿခိမ္းေျခာက္မႈ တခု အျဖစ္ ရႈျမင္ပံု ရေၾကာင္း ၿဗိတိန္ ကာကြယ္ေရး ၀န္ႀကီးဌာနက အဂၤါေန႔မွာ ေျပာပါတယ္။ ယူကရိန္းရဲ႕ သေဘာၤဖ်က္ စြမ္းရည္ကို ဖ်က္စီးၿပီး စြမ္းရည္ ေလွ်ာ့ခ်ေရးကို ႐ုရွားဘက္က ဦးစားေပး ေဆာင္ရြက္သြားလိမ့္မယ္။ ဒါေပမဲ႔လည္း ႐ုရွားရဲ႕ အထက္ရဲ႕ အမိန္႔ကို နာခံရတဲ႔ စစ္ေရး ခ်ဥ္းကပ္မႈ၊ စီမံခန္႔ခြဲမႈ ညံ႔ဖ်င္းမႈနဲ႔ ေခတ္မမီတဲ႔ ေထာက္လွမ္းေရးေၾကာင့္ ႐ုရွားရဲ႕ ပစ္မွတ္ထား ေဆာင္ရြက္မႈေတြဟာ ပံုမွန္ အတိုင္းဘဲ ထိေရာက္မႈ နည္းမယ့္ အလားအလာ ပိုမ်ားေၾကာင္း ၿဗိတိန္ ၀န္ႀကီးဌာနက ေျပာပါတယ္။

ယူကရိန္းရဲ႕ သီးႏွံ ျပည္ပ တင္ပို႔မႈေတြကိုေတာ့ ရက္ပိုင္း အတြင္းမွာဘဲ ျပန္လည္ စတင္မယ္လို႔ ကုလသမဂၢက တနလာၤေန႔မွာ ေျပာပါတယ္။ ၿပီးခဲ႔တဲ႔ ေသာၾကာေန႔က ယူကရိန္းနဲ႔ ႐ုရွားၾကား လက္မွတ္ထိုးထားတဲ႔ သေဘာတူညီခ်က္နဲ႔ အညီ သီးႏွံ ျပည္ပ တင္ပို႔ႏိုင္ေရး ေဆာင္ရြက္ေနေၾကာင္း ယူကရိန္း တာ၀န္ရွိသူေတြက ေျပာဆိုထားပါတယ္။ သီႏွံ တင္ပို႔မႈကို ဗုဒၶဟူးေန႔မွာ စတင္မယ့္ အေၾကာင္း ယူကရိန္း အေျခခံ အေဆာက္အအံုဆိုင္ရာ ၀န္ႀကီး Oleksandr Kubrakov က ေျပာဆိုေၾကာင္း Kyiv Independent က ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

............................

ယူကရိန်းရဲ့ ပင်လယ်နက် ဆိပ်ကမ်းဒေသ ရုရှားဒုံးကျည် ထိမှန် (ယူကရိန်းစစ်ဘက်)

{{Zawgyi/Unicode}}
ယူကရိန်းရဲ့ ပင်လယ်နက် ဆိပ်ကမ်း ဒေသတွေမှာ အင်္ဂါနေ့က ရုရှားရဲ့ မစ်ဇိုင်း ဒုံးကျည်တွေ ထိမှန်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ပြောဆိုပါတယ်။ Mykolaiv မြို့တွင်းက ဆိပ်ကမ်း အဆောက်အအုံနဲ့ Odesa ဒေသတွင်း အပါအဝင် ဒေသ အတော်များများ တိုက်ခိုက်ခံခဲ့ရပါတယ်။ Odesa ကို ရုရှားက မစ်ဇိုင်း ဒုံးနဲ့ တိုက်ခိုက်ပြီးနောက် ရက်ပိုင်း အကြာမှာ ထပ်မံ တိုက်ခိုက်မှုတွေကြောင့် Odesa နဲ့ တခြားသော ယူကရိန်း ဆိပ်ကမ်း ၂ ခုကနေ ယူကရိန်းရဲ့ ပြည်ပ တင်ပို့မှု ပြန်လည် စတင်ရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

ရုရှားတပ်ဖွဲ့တွေ အနေနဲ့ သူ့ရဲ့ ပင်လယ်နက် ရေတပ်ကို သုံးပြီး Odesa ကို သိမ်းယူရေး ကြိုးပမ်းမှုမှာ အတားအဆီး ဖြစ်နေတဲ့ သဘောၤဖျက် မစ်ဇိုင်းတွေကို အဓိက ခြိမ်းခြောက်မှု တခု အဖြစ် ရှုမြင်ပုံ ရကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။ ယူကရိန်းရဲ့ သဘောၤဖျက် စွမ်းရည်ကို ဖျက်စီးပြီး စွမ်းရည် လျှော့ချရေးကို ရုရှားဘက်က ဦးစားပေး ဆောင်ရွက်သွားလိမ့်မယ်။ ဒါပေမဲ့လည်း ရုရှားရဲ့ အထက်ရဲ့ အမိန့်ကို နာခံရတဲ့ စစ်ရေး ချဉ်းကပ်မှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနဲ့ ခေတ်မမီတဲ့ ထောက်လှမ်းရေးကြောင့် ရုရှားရဲ့ ပစ်မှတ်ထား ဆောင်ရွက်မှုတွေဟာ ပုံမှန် အတိုင်းဘဲ ထိရောက်မှု နည်းမယ့် အလားအလာ ပိုများကြောင်း ဗြိတိန် ဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းရဲ့ သီးနှံ ပြည်ပ တင်ပို့မှုတွေကိုတော့ ရက်ပိုင်း အတွင်းမှာဘဲ ပြန်လည် စတင်မယ်လို့ ကုလသမဂ္ဂက တနလာၤနေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ယူကရိန်းနဲ့ ရုရှားကြား လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်နဲ့ အညီ သီးနှံ ပြည်ပ တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း ယူကရိန်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ သီနှံ တင်ပို့မှုကို ဗုဒ္ဓဟူးနေ့မှာ စတင်မယ့် အကြောင်း ယူကရိန်း အခြေခံ အဆောက်အအုံဆိုင်ရာ ဝန်ကြီး Oleksandr Kubrakov က ပြောဆိုကြောင်း Kyiv Independent က ဖော်ပြထားပါတယ်။

XS
SM
MD
LG