သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Odesa ဆိပ္ကမ္း တိုက္ခိုက္မႈ ႐ုရွားျငင္းဆို


Firefighters work at a site of a Russian missile strike in a sea port of Odesa, as Russia's attack on Ukraine continues, Ukraine, July 23, 2022.

စေနေန႔က ယူကရိန္းဆိပ္ကမ္းၿမိဳ႕ Odesa ကိုမစ္ဇိုင္းနဲ႔ တိုက္ခိုက္ခဲ့ျခင္းမရွိလို႔႐ုရွား ဘက္ျငင္းဆိုေၾကာင္းတူရကီႏိုင္ငံကေျပာဆိုပါတယ္။

Zawgyi/Unicode

Odesa ဆိပ္ကမ္းတိုက္ခိုက္မႈ ႐ုရွားျငင္းဆို

စေနေန႔က ယူကရိန္းဆိပ္ကမ္းၿမိဳ႕ Odesa ကိုမစ္ဇိုင္းနဲ႔ တိုက္ခိုက္ခဲ့ျခင္းမရွိလို႔႐ုရွား ဘက္ျငင္းဆိုေၾကာင္းတူရကီႏိုင္ငံကေျပာဆိုပါတယ္။

တူရကီကေျပာဆိုရာမွာေတာ့ သူတို႔႐ုရွားကိုဆက္သြယ္ခဲ့ရာမွာ ႐ုရွားအေနနဲ႔တိုက္ ခိုက္ခဲ့ျခင္းမရွိဘဲ၊ ဒီကိစၥကိုအနီးကပ္ေစာင့္ၾကည့္ေလ့လာေနတယ္လို႔ေျပာဆိုေၾကာင္း တူရကီကာကြယ္ေရးဝန္ႀကီး Hulusai Akar ကေၾကျငာခ်က္ထုတ္ျပန္ေျပာဆိုပါတယ္။

ပင္လယ္နက္ကိုျဖတ္ၿပီး ႏွံစားသီးႏွံေတြ ျပန္လည္ တင္ပို႔ဖို႔ ႐ုရွားယူကရိန္းနဲ႔ ကုလသမဂၢတို႔သေဘာတူခဲ့ၿပီး ေနာက္တေန႔ျဖစ္တဲ့ စေနေန႔မွာပဲ ႐ုရွားက Odesa ၿမိဳ႕ကို Kaliber ပဲ့ထိန္းမစ္ဇိုင္းဒုံးနဲ႔ပစ္ခတ္ တိုက္ ခိုက္ခဲ့တယ္လို႔ ယူကရိန္းဘက္က ေျပာဆိုပါတယ္။ မစ္ဇိုင္ဒုံး ၂ လုံးကိုေတာ့ ယူကရိန္းေလေၾကာင္းရန္ ကာ ကြယ္ေရးပစ္ခ်ႏိုင္ခဲ့ၿပီး၊ ၂ လုံးကေတာ့ ဆိပ္ကမ္းကိုထိမွန္ပ်က္စီးခဲ့တယ္လို႔ယူကရိန္း ေတာင္ပိုင္းစစ္ဆင္ေရးကြက္ကြဲမႈဌာနက Telegram မွာေဖၚျပပါတယ္။

ဒီတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ကုလသမဂၢ၊ အေမရိကန္နဲ႔ ယူကရိန္းတို႔က ပစ္တင္ရႈံခ်ခဲ့ ပါတယ္။

စေနေန႔ကထုတ္ျပန္တဲ့ ႐ုရွားကာကြယ္ေရးဝန္ႀကီးကထုတ္ျပန္တဲ့ ယူကရိန္းစစ္ပြဲနဲ႔ ပတ္သက္တဲ့ထုတ္ျပန္ခ်က္ထဲမွာ Odesa ကိုတိုက္ခိုက္ခဲ့တယ္လို႔ေဖၚျပထားျခင္းမရွိ ပါဘူး။

စေနေန႔အေစာပိုင္း ၿဗိတိသွ်ကာကြယ္ေရးဝန္ႀကီးရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတာ့ Dinpro ျမစ္ရဲ႕အေနာက္ဘက္ Kherson Oblast ေဒသမွာ လြန္ခဲ့တဲ့ ၄၈ နာရီအတြင္း ယူကရိန္း တပ္ေတြက ထိုးစစ္ဆင္ တိုက္ခိုက္ေနၿပီး တိုက္ပြဲေတြ အျပင္းအထန္ဆက္လက္ျဖစ္ပြား ေနတယ္လို႔ ေဖၚျပထားပါတယ္။

##

Odesa ဆိပ်ကမ်း တိုက်ခိုက်မှု ရုရှားငြင်းဆို

စနေနေ့က ယူကရိန်းဆိပ်ကမ်းမြို့ Odesa ကိုမစ်ဇိုင်းနဲ့ တိုက်ခိုက်ခဲ့ခြင်းမရှိလို့ရုရှား ဘက်ငြင်းဆိုကြောင်းတူရကီနိုင်ငံကပြောဆိုပါတယ်။

တူရကီကပြောဆိုရာမှာတော့ သူတို့ရုရှားကိုဆက်သွယ်ခဲ့ရာမှာ ရုရှားအနေနဲ့တိုက် ခိုက်ခဲ့ခြင်းမရှိဘဲ၊ ဒီကိစ္စကိုအနီးကပ်စောင့်ကြည့်လေ့လာနေတယ်လို့ပြောဆိုကြောင်း တူရကီကာကွယ်ရေးဝန်ကြီး Hulusai Akar ကကြေငြာချက်ထုတ်ပြန်ပြောဆိုပါတယ်။

ပင်လယ်နက်ကိုဖြတ်ပြီး နှံစားသီးနှံတွေ ပြန်လည် တင်ပို့ဖို့ ရုရှားယူကရိန်းနဲ့ ကုလသမဂ္ဂတို့သဘောတူခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာပဲ ရုရှားက Odesa မြို့ကို Kaliber ပဲ့ထိန်းမစ်ဇိုင်းဒုံးနဲ့ပစ်ခတ် တိုက် ခိုက်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောဆိုပါတယ်။ မစ်ဇိုင်ဒုံး ၂ လုံးကိုတော့ ယူကရိန်းလေကြောင်းရန် ကာ ကွယ်ရေးပစ်ချနိုင်ခဲ့ပြီး၊ ၂ လုံးကတော့ ဆိပ်ကမ်းကိုထိမှန်ပျက်စီးခဲ့တယ်လို့ယူကရိန်း တောင်ပိုင်းစစ်ဆင်ရေးကွက်ကွဲမှုဌာနက Telegram မှာဖေါ်ပြပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ယူကရိန်းတို့က ပစ်တင်ရှုံချခဲ့ ပါတယ်။

စနေနေ့ကထုတ်ပြန်တဲ့ ရုရှားကာကွယ်ရေးဝန်ကြီးကထုတ်ပြန်တဲ့ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ထုတ်ပြန်ချက်ထဲမှာ Odesa ကိုတိုက်ခိုက်ခဲ့တယ်လို့ဖေါ်ပြထားခြင်းမရှိ ပါဘူး။

စနေနေ့အစောပိုင်း ဗြိတိသျှကာကွယ်ရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ Dinpro မြစ်ရဲ့အနောက်ဘက် Kherson Oblast ဒေသမှာ လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ယူကရိန်း တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ အပြင်းအထန်ဆက်လက်ဖြစ်ပွား နေတယ်လို့ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG