သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် ယူရို သန်း ၅၀၀ ထပ်ကူညီဖို့ EU ကတိပြု


EU အကြီးအကဲ Joseph Borrell နဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba
EU အကြီးအကဲ Joseph Borrell နဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba

ဥရောပသမဂ္ဂ EU က ယူကရိန်းနိုင်ငံအတွက် လက်နက်ကိရိယာတွေထောက်ပံ့ကူညီနိုင်ရေး ဥရောပငွေကြေး ယူရိုသန်း ၅၀၀ ထပ်ပြီးသုံးစွဲသွားဖို့ ဥရောပသမဂ္ဂEU နိုင်ငံခြားရေးဝန်ကြီးတွေ တနင်္လာနေ့က သဘောတူညီခဲ့ကြပါတယ်။

“ ယူကရိန်းကို ထောက်ပံ့မယ့် ဒီအဆိုပြုချက်ကို နိုင်ငံရေးအရ သဘောတူခဲ့ကြပါတယ်။ လာမယ့် ရက်ပိုင်းထဲမှာပဲ ဆုံးဖြတ်ချက်ချကြမှာဖြစ်ပါတယ်” လို့ EU ဥရောပကော်မရှင်အကြီးအကဲ Joseph Borrell က အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောဆိုသွားတာပါ။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက ရုရှားတို့ ကျူးကျော်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးအတွက် ဥရောပသမဂ္ဂကပေးအပ်ခဲ့တဲ့ကူညီထောက်ပံ့မှုက ယူရို ၂.၅ ဘီလီယံရှိပါတယ်။ ခုပေးအပ်မယ့်အကူအညီဘဏ္ဍာငွေတွေကို ကာကွယ်ရေးစစ်လက်နက်ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ သုံးစွဲသွားမယ်လို့လည်း EU ကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ယူကရိန်းနိုင်ငံအရှေ့ပိုင်း Toretsk မြို့က ပြည်သူတွေပုန်းခိုနေတဲ့ အထပ်၂ ခုပါ အဆောက်အအုံတခုအပေါ် ရုရှားတို့လက်နက်ကြီးတွေ တနင်္လာနေ့က ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ယူကရိန်းပြည်သူ ၆ ဦးသေဆုံးခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေကပြောပါတယ်။ အပျက်အစီးပုံတွေအောက်မှာ လူသေအလောင်း ၅ လောင်းတွေ့ခဲ့ပြီး ၃ ဦးကိုအသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပေမယ့် ဆေးရုံအရောက်မှာတဦးသေဆုံးသွားတယ်လို့ ပြည်နယ်အရေးပေါ်ဝန်ဆောင်မှုဌာနက ဖေ့ဘုတ်လူမှုစာမျက်နှာမှာ ရေးသားထားပါတယ်။ ရုရှားတို့ကတော့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မရှိဘူးလို့ ငြင်းဆိုထားတာပါ။ ဒါပေမယ့်လည်း ရုရှားတို့ ကျူးကျော်တိုက်ခိုက်မှု ၅ လနီးပါးရှိလာချိန်မှာ စစ်ဖက်မဟုတ်တဲ့ နေရာအတော်များများ ဗုံးကြဲတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ရတဲ့ပြည်သူက ရာနဲ့ချီရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode






XS
SM
MD
LG