သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တင့္ကားဖ်က္လက္နက္မ်ား ၿဗိတိန္ ယူကရိန္းကိုကူညီမည္


HIMARS ေရာ့ကတ္ဒုံးစနစ္ (Reuters)

[[ZAWGYI]]

ယူကရိန္းကို လက္နက္ႀကီးနဲ႔ တင့္ကားဖ်က္လက္နက္ေထာင္ခ်ီ ေပးပို႔ကူညီသြားမယ္လို႔ ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီးက ေျပာလိုက္ပါတယ္။

အေမရိကန္ကာကြယ္ေရးဆိုင္ရာေခါင္းေဆာင္ေတြကလည္း ယူကရိန္းကို အဆင့္ျမင့္ HIMARS ေရာ့ကက္ဒုံးစနစ္အပါအဝင္ လက္နက္ႀကီးေတြ ထပ္ေပးမယ္လို႔ မေန႔က ေျပာအၿပီးမွာ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး Ben Wallace ကလည္း ဒီေန႔ ခုလို ကတိေပးလိုက္တာပါ။

႐ုရွားက်ဳးေက်ာ္စစ္ ၅ လေက်ာ္လာခ်ိန္၊ ေရရွည္စစ္ပြဲနည္းနဲ႔ ႐ုရွား တျဖည္းျဖည္း အသာစီးရဖို႔ႀကိဳးပမ္းလာတာအေပၚ၊ ယူကရိန္း ေရရွည္ ဆက္ႀကံႀကံခံ ခုခံႏိုင္ေရး၊ အခုလို အေနာက္ႏိုင္ငံ မဟာမိတ္ေတြက ေနာက္ဆုံးေပၚလက္နက္ႀကီးေတြ ပိုကူညီေပးလာတာပါ။

အဆင့္ျမင့္ HIMARS ေရာ့ကတ္ဒုံးစနစ္ ၄ ခုနဲ႔ ေရာ့ကတ္ဒုံးေတြ အပါအဝင္ လက္နက္ႀကီးေတြ အေမရိကန္က ထပ္ေပးဖို႔ရွိခ်ိန္မွာ၊ ၿဗိတိန္ဘက္ကလည္း လက္နက္ႀကီးမ်ားစြာနဲ႔ တင့္ကားဖ်က္လက္နက္ ၁၆၀၀ ေက်ာ္ ပို႔သြားဖို႔ ဆက္ျဖစ္လာတာပါ။

မၾကာခင္ ရာထူးကဆင္းရေတာ့မဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson အေနနဲ ၿပီးခဲ့တဲ့လကပဲ ယူကရိန္းကို စစ္ေရးအကူအညီ ေနာက္ထပ္ အေမရိကန္ ေဒၚလာ ၁.၂ ဘီလ်ံတန္ဖိုးရွိတဲ့ ေပါင္စတာလင္ ၁ ဘီလီယ်ံ ကူညီေပးမယ္လို႔ ကတိေပးအၿပီး အခုလို လက္နက္ႀကီးေတြပို႔ဖို႔ ျဖစ္လာတာပါ။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergey Lavrov ကေတာ့ ယူကရိန္းႏိုင္ငံ အေရွ႕ပိုင္း Donbas ေဒသကိုေက်ာ္လြန္ၿပီး ႏိုင္ငံေတာင္ပိုင္းထိပါ သိမ္းယူဖို႔ ဆႏၵရွိေၾကာင္း မေန႔ကပဲ ေၾကညာခဲ့ပါတယ္။

လတ္တေလာမွာလည္း ယူကရိန္းေအေရွ႕ပိုင္း Donbas ေဒသထဲက Luhansk ေဒသကို ႐ုရွားတို႔ ထိန္းခ်ဳပ္လိုက္သလို ေဘးကပ္လ်က္ Donetsk ကိုပါ သိမ္းယူဖို႔ ထိုးစစ္ဆင္တိုက္ခိုက္ေနပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္


[UNICODE]]

ယူကရိန်းကို လက်နက်ကြီးနဲ့ တင့်ကားဖျက်လက်နက်ထောင်ချီ ပေးပို့ကူညီသွားမယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

အမေရိကန်ကာကွယ်ရေးဆိုင်ရာခေါင်းဆောင်တွေကလည်း ယူကရိန်းကို အဆင့်မြင့် HIMARS ရော့ကက်ဒုံးစနစ်အပါအဝင် လက်နက်ကြီးတွေ ထပ်ပေးမယ်လို့ မနေ့က ပြောအပြီးမှာ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Ben Wallace ကလည်း ဒီနေ့ ခုလို ကတိပေးလိုက်တာပါ။

ရုရှားကျုးကျော်စစ် ၅ လကျော်လာချိန်၊ ရေရှည်စစ်ပွဲနည်းနဲ့ ရုရှား တဖြည်းဖြည်း အသာစီးရဖို့ကြိုးပမ်းလာတာအပေါ်၊ ယူကရိန်း ရေရှည် ဆက်ကြံကြံခံ ခုခံနိုင်ရေး၊ အခုလို အနောက်နိုင်ငံ မဟာမိတ်တွေက နောက်ဆုံးပေါ်လက်နက်ကြီးတွေ ပိုကူညီပေးလာတာပါ။

အဆင့်မြင့် HIMARS ရော့ကတ်ဒုံးစနစ် ၄ ခုနဲ့ ရော့ကတ်ဒုံးတွေ အပါအဝင် လက်နက်ကြီးတွေ အမေရိကန်က ထပ်ပေးဖို့ရှိချိန်မှာ၊ ဗြိတိန်ဘက်ကလည်း လက်နက်ကြီးများစွာနဲ့ တင့်ကားဖျက်လက်နက် ၁၆၀၀ ကျော် ပို့သွားဖို့ ဆက်ဖြစ်လာတာပါ။

မကြာခင် ရာထူးကဆင်းရတော့မဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson အနေနဲ ပြီးခဲ့တဲ့လကပဲ ယူကရိန်းကို စစ်ရေးအကူအညီ နောက်ထပ် အမေရိကန် ဒေါ်လာ ၁.၂ ဘီလျံတန်ဖိုးရှိတဲ့ ပေါင်စတာလင် ၁ ဘီလီယျံ ကူညီပေးမယ်လို့ ကတိပေးအပြီး အခုလို လက်နက်ကြီးတွေပို့ဖို့ ဖြစ်လာတာပါ။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကတော့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donbas ဒေသကိုကျော်လွန်ပြီး နိုင်ငံတောင်ပိုင်းထိပါ သိမ်းယူဖို့ ဆန္ဒရှိကြောင်း မနေ့ကပဲ ကြေညာခဲ့ပါတယ်။

လတ်တလောမှာလည်း ယူကရိန်းအေရှေ့ပိုင်း Donbas ဒေသထဲက Luhansk ဒေသကို ရုရှားတို့ ထိန်းချုပ်လိုက်သလို ဘေးကပ်လျက် Donetsk ကိုပါ သိမ်းယူဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ် ခင်ဗျာ။

#ၿဗိတိန္ #ယူကရိန္း #႐ုရွား #တင့္ကား #HIMARS #Ben_Wallace #Sergey_Lavrov #Boris_Johnson

XS
SM
MD
LG